အကြိုက်ဆုံးကဗျာ

အကြိုက်ဆုံး ကဗျာ တဲ့ မက်မက်က တဂ်ထားတာကြာပြီ ၊ ကိုယ့်ဘာသာ အလုပ်တွေရှုပ်နေတာနဲ့ ခုမှ ရေးဖြစ်သွားတာ။ ကြိုက်တဲ့ကဗျာဆိုရင်တော့ အများကြီးပါပဲ၊ ရေးလို့တောင် ကုန်မယ်မထင်ဘူး။ ခုလောလောဆယ်မှာတော့ ဒီကဗျာကို အရမ်းကြိုက်နေပါတယ်။

ဒီကဗျာလေးကို ဘလော့ဂ်တွေစဖတ်ဖြစ်တုန်းကတည်းက အရမ်းကြိုက်ခဲ့တာ၊ မနိုင်းနိုင်းစနေဆီကပါ၊ မနိုင်းနိုင်းဆီမှာတော့ ရေးသူက နှင်းဆီရဲရဲ လို့ဖော်ပြပေးထားပါတယ်။ အဲဒီကဗျာကို ကြိုက်ပါတယ်။

ချစ်သူအတွက်
နှင်းဆီရဲရဲ


ချစ်သူ...
ငါ သေသွားတဲ့အခါ
ငါ့အုတ်ဂူမှာ ပန်းအနီတွေ မထိုးစိုက်ပါနဲ့။
ပြီးတော့... တိတ်တဆိတ်လည်း
လာ မငိုကြွေးလေနဲ့။
ငါ့စိတ်တွေ မပြတ်သားအောင်
ငါ့နာမည်လည်း ခဏခဏ မခေါ်လိုက်နဲ့။
အေးစက် တောင့်တင်းနေတဲ့
ငါ့ ပါးပြင်မှာ မျက်ရည်များစွာ ရှိမလားလို့
လာလို့ မတို့ထိပါနဲ့တော့ကွယ်...။
ငါ မသေမီ...
ဝအောင် ငိုကြွေးခဲ့ပြီးပြီ။

နှင်းဆီရဲရဲ