
အာရုံတွေမှာ တိတ်ဆိတ်
ကိုယ့်စဉ်းစားသံ ကိုယ်ပြန်ကြားနေရတယ်
......အတွေးထဲမှာတော့......
လေပြေအေးလေး တိုက်ခတ်နေလေရဲ့
အင်းးးး.........
ဒါ တစ်စုံတစ်ရာရဲ့ အဆုံး
(သို့)
တစ်စုံတစ်ခု ရဲ့ အစ ဖြစ်မယ်ထင်ရဲ့
ငြိမ်သက်နေတဲ့ မျက်ဝန်းတွေနဲ့
ငါ့အတွေးကို ငါလှည့်ကြည့်မိတယ်
အချစ်ဆိုတာ ချော်လဲရောထိုင်ကစားနည်း တစ်မျိုးဆိုရင်
စည်းဝိုင်းအပြင်မှာပဲ ငါနေမယ်....
အသွင်မတူခြင်းနဲ့ အမြင်မတူခြင်းကြောင့်
ငါကိုယ်တိုင် ထိလွယ်ရှလွယ် တတ်ခဲ့...
အနမ်းတွေမှာ မာယာခြယ်သထားရင်
အလွမ်းစာမျက်နှာကိုပဲ
ငါ ရွေးဖတ်ပါ့မယ်......
အချစ် နဲ့ သံယောဇဉ်
လွန်ဆွဲလေတော့
တွေဝေခြင်းမှာ ငါ ရပ်တန့်နေမိခဲ့တယ်
လောကကြီးရယ်
ငါ့ကိုယ်ငါပဲ ပစ်ပယ်လိုက်ပါရစေ.....
ခံစားချက်ဘက် ငဲ့ကြည့်မိတော့
နာကျဉ်မှုရဲ့အဆုံးမှာ
အေးစက်သွားခြင်းဆိုတာ
မင်းသိစေဖို့ ငါ့မှာ စကားလုံးမရှိဘူး...
စိတ်ခံစားမှုတွေ မာကျောတောင့်တင်းခဲ့ရတော့
ပြောဖို့စကားတွေ ဆွံ့အလို့....
ငါဆိုတာ ......မလိုအပ်တော့ဘူးလို့ သိလိုက်ချိန်
သွေးအေးစွာပဲ နှုတ်ဆိတ်ခဲ့တယ် ..
"ပြိုလဲခြင်း" ဆိုတဲ့ စကားလုံး
ဖျက်သိမ်းလိုက်ရုံနဲ့
တည်ဆောက်ထားတာတွေ
ခိုင်မြဲတိုင်း ခိုင်မြဲနေပါ့မလား
................
တို့အိမ်မက်တွေ တည်တံ့ဖို့က
တို့နဲ့ပဲ ဆိုင်ခဲ့တာလေ
မျှော်လင့်ချက် ရဲ့ အနက်ကိုတိုင်းကြည့်မိတော့
စောင့်စားခြင်းက ငါ့ကို ဆီးကြိုတယ်
......... ..... ......
ယုံကြည်ချက်တွေကတော့
အိပ်မက်တွေနဲ့အတူ ...
.... စီးမျောနေတုန်း ... ....
...........။။။။ ။။။ ။။။။ ..............
ဘာအဓိပ္ပါယ်လဲ လို့တော့မမေးနဲ့နော် ကိုယ့်ဘာသာကိုယ်လည်း ဘာရေးမှန်းကိုမသိဘူး .... ။