Showing posts with label ဘဝမှာ. Show all posts
Showing posts with label ဘဝမှာ. Show all posts

ဝမ်းတစ်ထွာ ....

ဘဝတွေ၊ ဘဝတွေ မျိုးစုံပါပဲ....။



လောကကြီးမှာ ဒါမျိုးတွေ တွေ့ရတော့လည်း ကိုယ်ကံကောင်းနေတယ်ဆိုတာ ငြင်းမရဘူးနော်..။
ကိုယ်မကြိုက်တဲ့ဟင်း ချက်တာနဲ့ ကြုံတဲ့နေ့တွေမှာ ဒီဇာတ်လမ်းတိုလေးကို ပြန်မြင်ပြီး ဆင်ခြင်ရတော့မယ်....။

ဘဝ နဲ့ အလောသုံးဆယ်

ငှက်ကလေး ပျံသန်းသွားပြီ.... ပြန်ရောက်လာချိန် ရှိအုံးမှာပါ
အပင်ငယ်လေး ညှိုးနွမ်းသွားတယ်..... ပြန်လည်စိမ်းလန်းဖို့ ရှိလာမှာပါ
ဒါပေမယ့်... ငါတို့ရဲ့နေ့ရက်တွေ ဘာလို့များ ဖြတ်သန်းပြီးတာနဲ့ တစ်ခါထပ်ပြီး ပြန်မရနိုင်တော့တာလဲ??
တစ်စုံတစ်ယောက်က ခိုးယူသွားတယ်ပဲထား.... ဘယ်သူများလဲ ?? ဘယ်မှာများဖွက်ထားခဲ့သလဲ ??
သူတို့ကိုယ်တိုင်ထွက်သွားကြတယ်ပဲထား..... ခုဘယ်တွေများရောက်နေကြသလဲ??

ငါ့အတွက် နေ့ရက် ဘယ်လောက်များများ ပေးထားတယ်ဆိုတာ မသိပါဘူး.. ဒါပေမယ့် ငါ့လက်ထဲမှာ တဖြည်းဖြည်းနဲ့ လျှော့ပါးလာနေကြတယ်။ တိတ်တဆိတ်အတွင်းမှာပဲ ငါ့လက်ထဲမှာ ရက်ပေါင်း ၈၀၀၀ ကျော် ဖြတ်သန်းသွားပြီးပါပြီ။ အပ်ထိပ်က ရေစက်ကလေး ပင်လယ်ထဲ တစ်စက်ပြီးတစ်စက် ကျနေသလိုပါပဲ၊ ငါ့နေ့ရက်တွေလည်း အချိန်ရဲ့ စီးဆင်းမှုထဲ တစ်ရက်ပြီးတစ်ရက် စီးဆင်းသွားကြတယ်။ အသံမဲ့၊ ပုံရိပ်မဲ့။ ချွေးတဒီးဒီး၊ မျက်ရည် တလိမ့်လိမ့်... ငါ တားဆီးမထားတော့ပါဘူး။

သွားသူတွေလည်း သွားကုန်ကျပါပြီ၊ ရောက်လာသူတွေလည်း လာနေကြဆဲ...။ ထွက်သွားခြင်းနဲ့ ရောက်ရှိလာခြင်းကြား ဘာလို့များ“လော” နေကြမလဲ။မနက်မိုးလင်း ငါနိုးထတဲ့အချိန် အခန်းထဲမှာ နေရောင်လေးတွေ ဟိုဟိုဒီဒီ ဖြာဆင်းနေကြတယ်။ နေရောင်ခြည်မှာလည်း ခြေထောက်ပါတာပါပဲလား !!! တိတ်တဆိတ်လေးနဲ့ မသိမသာလေးရွေ့လျားသွာနေကြတယ်။

လက်ဆေးနေတဲ့အချိန်မှာလည်း... အချိန်တွေလည်း ရေနဲ့အတူ လက်ဆေးခွက်လေးထဲမှာ ကုန်ဆုံးဖြတ်သန်းသွားကြတယ်။ ထမင်းစားချိန်လည်း ထမင်းပန်းကန်လေးထဲ အချိန်တွေကလည်း လိုက်ပါကုန်ဆုံးသွားကြတာပဲ။တိတ်တဆိတ်
ငြိမ်သက်နေချိန်တွေမှာလည်း တို့ရဲ့မျက်ဝန်းတစ်စုံရဲ့ရှေ့ကပဲ ဖြတ်သန်းသွားကြလေရဲ့။ ကျွန်ုပ်စိတ်ထဲမှာတော့ သူတို့ဖြတ်သန်း
မှုနှုန်းက သိပ်ကိုမြန်ဆန်လွန်းလှတယ် လို့ခံစားလာရတယ်....။ လက်တွေကို ဆန့်ထုတ်ပြီး ကာဆီးမှု၊ ဖမ်းယူမှုတွေပြုလုပ်နေခိုက်၊ အဲဒီ ကာဆီး၊ဖမ်းယူမှုတွေလုပ်နေတဲ့လက်နားကပဲ ဖြတ်သန်းသွားကြပြန်တယ်။ မိုးမှောင်ချိန် ငါအိပ်ယာထဲ လဲနေခိုက်၊ ငါ့ရဲ့ခန္ဓာကိုယ်ဆီကနေ
ပဲ ပိုပြီး မြန်မြန်ဆန်ဆန် ဖြတ်ကျော်ပျံသန်းသွားကြတယ်။ ငါ့မျက်ဝန်းတစ်စုံ ပြန်ဖွင့်ပြီး နေမင်းနဲ့ ပြန်တွေ့ချိန်... အော် နေ့တစ်ရက်ကကုန်
ဆုံးသွားခဲ့ပြီးပြန်ပြီပေါ့။ ငါမွန်းကျပ်မှုကို မျိုသိပ်ထားတယ်.. သို့ပေမယ့် ရောက်ရှိလာတဲ့ နေ့ရက်သစ်ရဲ့ ပုံရိပ်ကလည်း ထပ်၍ မွန်းကျပ်မှု တွေကနေပဲ စတင်ကျော်ဖြတ်ကြတယ်။

ပျံသန်းနေသလိုလျင်မြန်စွာကုန်ဆုံးနေတဲ့ နေ့တွေထဲ၊ လူတွေအမြောက်အများရှိနေတဲ့ ကမ္ဘာကြီးပေါ် ငါဘာများ လုပ်နိုင်သလဲ ?? ခေါက်တုန့်ခေါက်ပြန် လွန်းဆန်တာနဲ့ပဲ ပြီးသွားတာပါပဲ၊ ကရောသောပါး နဲ့ပဲ ပြီးသွားတာပါပဲ။ ရက်ပေါင်း ၈၀၀၀ ကျော်ရဲ့ အလောသုံးဆယ်ကြား.. ခေါက်တုန့်ခေါက်ပြန် လွန်းဆန်ခဲ့တာအပြင် ငါ့အတွက်ဘာများ ထင်ကျန်တာရှိအုံးမလဲ ?? ငါဟာ ကမ္ဘာပေါ်ကို ဗလာတီးနဲ့ ရောက်ရှိလာခဲ့တယ်၊ မျက်စိတမှိတ်အတွင်းမှာပဲ ဗလာတီးနဲ့ ပြန်သွားရအုံးမှာပဲထားပါအုံး... ဒါဟာတရားပါ့မလား ?? ငါဘာကြောင့်များ ဒီအတိုင်း အလောသုံးဆယ်နဲ့ ပြီးသွားရမှာတဲ့လဲ ........??

ကျောင်းမှာဖတ်ခဲ့ရတဲ့ စာလေးထဲကပါ... ဘာသာပြန်တာ အဆင်မချောရင် သည်းခံပြီး ဖတ်ကြပါနော်..

အောင်မြင်သူဆိုသည်မှာ

ကျွန်တော်နဲ့ ကျွန်တော့်ဇနီး ဆီလ်ဗီယာတို့ဟာ သာမန် စင်ကာပူ လူမျိုးမိဘတွေ ဖြစ်ကြပါတယ်။ ကျွန်တော်တို့နှစ်ယောက်ဟာ ဂျွန်နဲ့ ပက်ဆိုတဲ့ သားနှစ်ယောက်နဲ့ အလုပ်ရှုပ်နေကြပါတယ်။ တစ်နှစ်မှာ အကြိုပြိုင်ပွဲတွေ အဆင့်ဆင့်တက်ပြီးနောက် သူတို့ရဲ့ ဘင်ခရာတီးဝိုင်း(စိန့်ဂျိုးဇက် ကျောင်းတပ်ဖွဲ့ တီးဝိုင်း) ဟာ ကျောင်းပေါင်းစုံ ဘင်ခရာတီးဝိုင်းပြိုင်ပွဲ ဝင်ရတဲ့အဆင့်အထိ ရောက်သွားတယ်။
ကျွန်တော်တို့လည်း သားနှစ်ယောက်ရယ်၊ သူတို့ရဲ့တူရိယာတွေရယ်နဲ့ လိုက်သွားကြတာပေါ့။တခြားတီးဝိုင်းတွေအားလုံးလည်း အမျိုး
သားအားကစားကွင်းကြီးထဲမှာ စုဝေးကြတယ်။ ချီတက်တီးမှုတ်ပြဖို့ တန်းစီနေကြချိန်မှာ တခြားမိဘတွေနဲ့ ဆရာ။ ဆရာမတွေလည်း စိတ် လှုပ်ရှားစွာနဲ့ စောင့်ကြည့်နေကြတယ်။
သားတို့ရဲ့ တီးဝိုင်းကွင်းအလယ်မှာ ရပ်နေတော့ တခြားကျောင်းတီးဝိုင်းတွေရဲ့ ရောင်စုံဝတ်စုံတွေကြားထဲမှာ အဖြူနဲ့အစိမ်း ပြောက် ကလေးလောက်ပဲ မြင်ရတယ်။ တခြားကျောင်းတစ်ကျောင်းက တီးဝိုင်းက ကျကျနန။ ဂုဏ်တယူယူနဲ့ ချီတက်လာတယ်။ ခေါင်းဆောင် လာ တဲ့ ဒရမ်တီးတဲ့သူကိုကြည့်ရတာ သူ့လှုပ်ရှားမှုနဲ့ သူ့တီးချက်နဲ့ ကိုက်နေလိုက်တာ။ သူ့ရဲ့တီးဝိုင်းကလည်း သူခေါင်းဆောင်တဲ့
နောက် ကိုခြေတစ်လှမ်းမမှားဘဲ အချိန်ကိုက် ချီတက်လိုက်ပါလာကြတယ်။
နောက်တစ်ကျောင်းကလည်း ရှေ့ကျောင်းကတီးဝိုင်းထက်မသာရင်တောင် မညံ့ဘူး။ ကျောင်းရဲ့ဆိုင်းဘုတ်ကိုလည်း သယ်လာကြ တယ်။ လှုပ်ရှားမှု့ကလည်းလှ၊ ဂီတသံကလည်း သွက်၊ ထုံးစံအတိုင်း ဒရမ်တီးတဲ့သူရဲ့ လှည့်လိုက်၊ ရမ်းလိုက်၊ ကွေ့လိုက်၊ ပစ်လိုက် နဲ့ လုပ်နေတဲ့ လှုပ်ရှားမှု့တွေဟာ လူတွေရှုမဝစရာတွေပါ။
သားတို့အသင်း ထွက်လာတော့လဲ ပရိသတ်က ဝမ်းပန်းတသာ အားပေးကြပါတယ်။ အခုအထိတော့ ဟုတ်နေတာပဲ။ တီးကွက်က လည်း တစ်ချက်မမှားဘူး။ အခုထိတော့ ဟုတ်နေတာပဲ။ တီးကွက်ကလည်း တစ်ချက်မမှားဘူး။ ခြေလဲတစ်လှမ်း မမှားဘူး။ လှုပ်ရှားမှု့ တိုင်းဟာ ကွက်တိပဲ။ တီးဝိုင်းခေါင်းဆောင်ကလည်း ကျွမ်းကျွမ်းကျင်ကျင်၊ နိုင်နိုင်နင်းနင်းနဲ့ ဦးဆောင်လာတယ်။ ကျက်သရေရှိပါ့။
ကျွန်တော်တို့စိတ်ထဲမှာတော့ သားတို့တီးဝိုင်းကို အားပေးတဲ့ လက်ခုပ်သံတွေဟာ အကျယ်ဆုံးနဲ့ အကြာဆုံးလို့ ထင်မိတယ်။ ဝမ်း သာလွန်းလို့ “ငါတို့တော့နိုင်ပြီကွ” ဆိုပြီး ထခုန်မိသေးတယ်။ အမေလုပ်သူကလည်း မျှော်လင့်ချက်တခွဲသားနဲ့ ခေါင်းညိတ်တယ်။
ဒါပေမယ့် သားတို့အသင်းက ဆုမရပါဘူး။
ဆုရတဲ့သူကို ကြေညာတော့ ကျွန်တော် ဘယ်သူဆုရတယ် ဆိုတာတောင် မမှတ်မိပါဘူး။ အဲဒီအသင်းက တန်းစီ နေရာက ရှေ့ကို ထွက်လာတယ်။ ဝမ်းသာကြ၊ ပျော်ကြလွန်းလို့ တန်းစီထားတာကိုဖျက်ပြီး အော်ကြဟစ်ကြ၊ ပွေ့ကြဖက်ကြနဲ့၊ သူတို့ရဲ့ ဦးထုပ်တွေကို လည်း လေထဲလွှင့်ပစ်ကြတယ်။ ခပ်ကဲကဲကောင်လေးတွေကတော့ သူတို့ရဲ့တူရိယာတွေကိုတောင် လွှင့်ပစ်ကြတယ်။
ရှုံးတဲ့သူတွေ၊ ဆုမရတဲ့သူတွေကတော့ ငိုကြယိုကြ၊ စိတ်ပျက်လက်ပျက် ထိုင်ချကြနဲ့ပေါ့။
သားတို့နှစ်ယောက် ငိုသလား၊ မငိုသလားဆိုတာကိုတော့ သိပ်ဝေးလွန်းလို့ မမြင်ရပါဘူး။ဒါပေမယ့် သူတို့က တန်းစီမပျက်ဘူး။ သူတ ကာတွေ ရုတ်ရုတ်သဲသဲ ဖြစ်နေချိန်မှာ ဣနြေ္ဒရရပဲ။ သူတို့ရဲ့ခေါင်းဆောင် ဒရမ်ဆရာပြောတဲ့ စကားကို ငြိမ်ငြိမ်လေး နားထောင်နေကြ တယ်။
ပြီးတော့ သူကခေါင်းဆောင်ပြီး ကျွန်တော်တို့ ကြားနေကျ ကျောင်းသီချင်းကို တီးမှုတ်လိုက်ကြတယ်။ ပရိတ်သတ်တွေက ချက်ချင်းငြိမ်
ကျသွားတယ်။ လူတစ်စူလောက်ကပဲ တိတ်ပြီးနားထောင်နေရာက အားလုံးတိတ်ဆိတ်ပြီး နားထောင်ကြတယ်။ တစ်ခုခုတော့ တစ်ခုခုပဲ။
ပြီးတော့ချက်ချင်း ခြေတစ်လှမ်းမမှား၊ တီးလုံးတစ်ချက်မလွဲ၊ သူတို့ရဲ့စိတ်ပျက်အားငယ်မှု့ကို အဖြူအစိမ်း ဝတ်စုံတွေကြားထဲမှာ ဖုံးအုပ် ပြီး ချီတက်လာကြတယ်။
ပြန်ဖို့ဟန်ပြင်နေကြတဲ့ ပရိတ်သတ်က မပြန်နိုင်သေးဘဲ ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ အရှုံးကို သတ္တိရှိရှိရင်ဆိုင်ပုံ၊ ကြည့်မဆုံး၊ ရှု့ မဆုံး၊ ချီးကျူးမဆုံး ဖြစ်နေကြတယ်။ နောက်တော့ ဘယ်သူမှ မနေနိုင်တော့ဘဲ အားလုံးဝိုင်းပြီး လက်ခုပ်တီးကြတယ်။ ရှုံးနိပ်နေတဲ့အချိန်
မှာတောင်မှ ဂုဏ်သိက္ခာယူစရာ အခွင့်အလမ်း ရှိနေပါတယ်။
နောက်တစ်ရက်၊ နှစ်ရက်လောက်ကြာတော့ သတင်းစာထဲမှာ အရှုံးကို ရဲရဲဝံဝံ ရင်ဆိုင်ရဲတဲ့ ကျောင်းတီးဝိုင်းကို ချီးကျူးထားတဲ့ စာတစ်
စောင်ပါလာတယ်။ “ဘဝမှာ ဘယ်လိုအောင်နိုင်အောင် လုပ်ရမလဲဆိုတာ အရေးကြီးသလို ဘယ်လို အရှုံးကို ဘယ်လိုလုပ်ရမလဲဆိုတာ
လဲ ထပ်တူထပ်မျှ အရေးကြီးပါတယ်” လို့ရေးထားတယ်။ ဘယ်ဟုတ်မလဲ....အရှုံးကို ဘယ်လို ရင်ဆိုင်မလဲဆိုတာက ပိုပြီးတောင် အရေး
ကြီးပါသေးတယ်။ ဘဝမှာ ကျွန်တော်တို့တစ်တွေက အောင်မြင်မှု့တွေထက် ရှုံးနိမ့်မှု့တွေနဲ့ ပိုပြီးရင်ဆိုင် နေကြရတာမဟုတ်လား။

ခင်မောင်ချို(ဘောဂဗေဒ) ဘာသာပြန်သည်..။