တရုတ်စကားပုံလေးတစ်ခု

အကြင်သူသည် မသိ၊ မိမိ မသိကြောင်းကိုလည်း မသိ။
ထိုသူသည် လူမိုက်တည်း၊ ရှောင်ပါ။

အကြင်သူသည် မသိ၊ မိမိ မသိကြောင်းကိုတော့ သိ၏။
ထိုသူကား လူရိုး၊ ကူညီလိုက်ပါ။

အကြင်သူသည် သိ၏၊ မိမိသိကြောင်းကိုတော့ မသိ။
ထိုသူသည် အိပ်ပျော်နေသူ၊ နှိုးလိုက်ပါ။

အကြင်သူသည် သိ၏၊ မိမိသိကြောင်းကိုလည်း သိ၏။
ထိုသူကား ပညာရှိ၊ ဆည်းကပ်ပါ။

ဆရာအောင်သင်း ဘာသာပြန်သည်။

ဥာဏ်ပဋိဘာန် နှင့် လိမ္မာပါးနပ်ခြင်း

Wisdom and Cleverness
လိမ္မာပါးနပ်ခြင်းသည် ဥာဏ်ကစားခြင်း ဖြစ်သည်။
ပါးနပ်ခြင်းဖြင့် ငြင်းခုန်ခြင်းကို အောင်နိုင်သည်။
ဥာဏ်ပဋိဘာန်ကမူ လောကကို ကြည့်တတ်ခြင်းနှင့် ထိုမိမိ၏ အကြည့်ကို
မိမိက ပြန်ကြည့်တတ်ခြင်း ဖြစ်သည်။
ဥာဏ်ပဋိဘာန်သည် ငြင်းခုန်ခြင်းများကို အောင်နိုင်ခြင်းမဟုတ်။

မိုက်မဲသူ...

လေးညှို့ရှင်..
မင်းကတော့ မရည်ရွယ်ခဲ့ပါဘူး
ဒါပေမယ့် မြားတစ်စင်းကတော့
ငါ့ရင်ဘတ်ထဲ စူးစူးနစ်နစ်ပါပဲ..

မရည်ရွယ်ခဲ့သူ မင်းအတွက်
ဒီအချစ်ပွဲမှာ ငါကသူရဲကောင်းပေါ့..။

ငါ့ရင်ဘတ်ထဲ စူးနစ်ဝင်နေတဲ့
ဒီသံယောဇဉ်.....
ငါကိုယ်တိုင်ပဲ ပြန်လည်ဆွဲနှုတ်ခဲ့တယ်။

မင်းဘုရင်မလက်ထဲ ပြန်လည်အပ်နှင်းလိုက်တဲ့ မြားတစ်စင်းမှာ
ငါ့နှလုံးသား အစိမ်းလိုက်ပါသွားခဲ့ပေမယ့်
ငါပြုံးလျှက်ပါပဲ...။

ရင်ဘတ်ထဲက ဟောဒီဒဏ်ရာ
ယနေ့ထက်တိုင် သွေးစိမ့်နေသေးပေမယ့်လည်း.....
....... ငါက သူရဲကောင်းတစ်ဦးပေါ့ .... ။

သင်ဘယ်လောက်အောင်မြင်ချင်သလဲ ?

ခင်မောင်ချို (ဘောဂဗေဒ) ရဲ့ သင်ဘယ်လောက်အောင်မြင်ချင်သလဲ သင်ဘယ်လောက်အောင်မြင်နိုင်မလဲ စာအုပ်ထဲကပါ..။

မြင့်မြတ်လေလေ နှိမ့်ချလေလေဖြစ်သည်။
( ဂျိုးဇပ် ပရက်စလေ )

အောင်မြင်သူတစ်ယောက်ဖြစ်ရန်မဟုတ်ဘဲ တန်ဖိုးရှိသူတစ်ယောက်ဖြစ်ရန်ကြိုးစားပါ။
( အိုင်းစတိုင်း )

ကိုယ့်ရဲ့အောင်မြင်မှုကို အဲဒီအောင်မြင်မှုရဖို့အတွက်
စွန့်လွှတ်လိုက်ရတာနဲ့ တိုင်းပါ။

ကိုယ့်စိတ်သဘောထားကို ကိုယ်ပြန်ပြီးဆန်းစစ်ကြည့်၊
မင်းအကြောင်းနဲ့ ပတ်သက်လို့ လူတွေ ပထမဆုံး သတိထားမိမှာက
မင်းရဲ့ စိတ်သဘောထားပဲ။

“တကယ်လို့သာ”ဆိုတဲ့စကား အစား
“နောက်တစ်ခါကျရင်”လို့ ပြောင်းသုံးပါ။

တခြားလူတွေကိုအပြစ်မတင်ပါနဲ့။
ကိုယ့်တာဝန် ကိုယ်ယူပါ။

ဖြည်းဖြည်းပြောပါ..
မြန်မြန်စဉ်းစားပါ..။

လုပ်ဖော်ကိုင်ဖက်တွေနဲ့
ကိုယ်ရေးကိုယ်တာ ကိစ္စတွေ
မဆွေးနွေးပါနဲ့ ။

လုပ်ငန်းခွင်ရောက်ရောက်ခြင်း
ကိုယ်ပထမဆုံး ပြောလိုက်တဲ့စကားက
တစ်နေ့လုံးလူတွေ တက်ကြွလန်းဆန်းနေမယ့်
စကားမျိုးဖြစ်ပါစေ ။

ကျန်းမာသလား၊
ငြိမ်းငြိမ်းချမ်းချမ်းရှိရဲ့လား၊
ကိုယ့်ကို ချစ်ခင်သူများလာသလား
ဆိုတဲ့အပေါ်မူတည်ပြီး
ကိုယ့်ရဲ့အောင်မြင်မှုကို တိုင်းကြည့်ပါ။

“လူယဉ်ကျေး” ဆိုတာဘာပါလိမ့်

လူထုစိန်ဝင်း ရေးသားတဲ့ “ရှက်စိတ်” ဆိုတဲ့ စာအုပ်ထဲကပါ..။

ဆရာ ။ ။ အလို ဘယ်ကနေပေါက်ချလာပါလဲ။ မပေါ်လာတာကြာပါပေါ့လား။
ကျောင်းသား ။ ။ တမင်ဝင်လာတာပါဆရာ။ ဆရာ နေထိုင်မှကောင်းရဲ့လားဆိုတာ သိချင်လို့ပါ။ ဆရာ စာသင်တာများ အနှောင့်အယှက်ဖြစ်နေသလားခင်ဗျာ။
ဆရာ ။ ။ မဖြစ်ပါဘူး။ ဆရာစာသင်လို့ပြီးပါပြီ။ သူတို့ဟာ သူတို့ စကားပြောနေကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုမေးဖို့ သတိရတာကတော့သိပ်ကောင်းပါတယ်။ ယဉ်ကျေးရာ ရောက်တာပေါ့။ ခုခေတ်မှာ “လူယဉ်ကျေး” ကလေးတွေ တော်တော်နည်းနေပြီ။ လူယဉ်ကျေးကြီး”တွေလည်းနည်းနေပြီ။
ကျောင်းသား ။ ။ စကားစပ်မိတုန်း မေးချင်တာလေးမေးခွင့်ပြုပါဆရာ။
ဆရာ ။ ။ မေးပါ။ ဘာမေးချင်တာလဲ။
ကျောင်းသား ။ ။ ဆရာပြောတဲ့ ယဉ်ကျေးတယ် ဆိုတဲ့ စကားကိုပဲ မေးချင်တာပါ။ အဲဒီစကားကို ကျွန်တော်တို့လည်း အကြောင်းတိုက်ဆိုင်တိုင်း သုံးနေတာပဲ။ ဒါပေမယ့် သေသေချာချာ စဉ်းစားကြည့်တော့ ယဉ်ကျေးတယ်ဆိုတဲ့ စကားရဲ့အဓိပ္ပာယ် ကိုသေသေချာချာမသိဘူး ခင်ဗျ ။
ဆရာ ။ ။ အင်း တော်တော်ကောင်းတဲ့ မေးခွန်းလေးပဲ။ အားလုံးလည်းနားထောင်ရအောင် အားလုံးရှေ့မှာ ဆွေးနွေးကြရအောင်။ ကဲ လာ။
ကျောင်းသား ။ ။ စာသင်ပြီးလို့ ဆရာနားနေတာကို ကျွန်တော်က မနားရအောင် လုပ်သလိုဖြစ်နေပြီ။
ဆရာ ။ ။ မဖြစ်ပါဘူး။ များများမေးလေ ဆရာဆိုတာ သဘောကျလေပါ။ လေးလေးနက်နက် စဉ်းစားတတ်သူတွေမှ မေးစရာ၊ ဆွေးနွေးစရာ၊ ငြင်းခုံစရာ ဆိုတာ ရှိပါတယ်။ ခပ်ပေါ့ပေါ့ နေတတ်သူတွေမှာတော့ ဘာမှ မေးစရာ မရှိတတ်ပါဘူး။ ခုခေတ်မှာ လူတွေက သိပ်လေးလေးနက်နက် မစဉ်းစားကြတော့ဘူး။“ရေလိုပ်ငါးလိုက်”ဆိုတဲ့စကားကို လက်သုံးထားပြီး ရေစီးကြောင်းမှာ အသာလေး မှေးလိုက်နေကြတာများတယ်။
ကျောင်းသူ ။ ။ ဒါကတော့ အခြေအနေ အရ ကိုးဆရာရဲ့။
ဆရာ ။ ။ အဲဒီ“အခြေအနေအရ” ဆိုတဲ့စကားနဲ့ “ရေလိုက်ငါးလိုက်”ဆိုတဲ့ စကားနှစ်လုံးကြောင့် ဆရာတို့ ညံ့ကုန်ကြတာပေါ့။
ကျောင်းသား ။ ။“အများ မိုးခါးရေသောက်နေတာ ကိုယ်လိုက်မသောက်ရင် မိုက်ရာ ကျမှာပေါ့”ဆိုတဲ့စကား ရှိသေးတယ်ဆရာ။
ဆရာ ။ ။ ဟုတ်တယ် ဟုတ်တယ် အဲဒီ စကားလည်းပါတယ်။ အဲဒီ စကားလုံး ၃ လုံးကို ဆင်ခြေအဖြစ်ပေးပြီး ရေစုန်မျှောလိုက်နေကြတာ။ကြာတော့ ဆရာတို့ လူရည်လူသွေး တွေညံ့ကုန်ကြတာပေါ့။ ညံ့ပါများတော့ ဖျင်း သွားတယ်။ ဖျင်း ပါများတော့ အ သွားတယ်။ အ ပါများတော့ နောက်ဆုံးမှာ တုံးသွားတော့တာပဲ။
ကျောင်းသား ။ ။ ကျွန်တော်တို့ကို ဘယ်အဆင့်မှာ ဆရာထားမလဲ။
ဆရာ ။ ။ ဒါတော့ ဆရာမပြောနိုင်ဘူး။ ကိုယ့်ဟာကိုယ် ပြန်သုံးသပ် ဝေဖန်ကြည့်ရမယ့်ကိစ္စပဲ။ သုံးသပ်ကြည့်ကြပါ။ အစဉ်အလာနဲ့ မျိုးရိုးဗီဇအရ မြန်မာတွေရဲ့ လူရည်လူသွေး ဟာ မညံ့ခဲ့ပါဘူး။ အဲဒါကြောင့် ကိုယ့်ဟာကိုယ် ပြန်ပြီး ဝေဖန်ပိုင်းခြား ကြည့်ကြပါ။ အခုတော့ စောစောကပြောခဲ့ကြတဲ့ ယဉ်ကျေးတယ် ဆိုတဲ့ စကားကို ဆွေးနွေးကြည့်ရအောင်။
ကျောင်းသူ ။ ။“ယဉ်ကျေးတယ်”ဆိုတဲ့စကားနဲ့ အင်္ဂလိပ် စကားက“လူကြီးလူကောင်းစိတ်ဓာတ်”ဆိုတဲ့စကား သဘောချင်း အတူ တူပဲလားဆရာ။
ဆရာ ။ ။ ဆရာတို့ ဆွေးနွေးရင်းနဲ့ အဖြေရလာမှာပေါ့။ သူများတွေထုတ်ပေးထားတဲ့အဖြေထက် ကိုယ့်အချင်းချင်း ငြင်းခုံဆွေးနွေးရာကရလာတဲ့အဖြေက ပိုမှန်နိုင်တာပေါ့။
ကျောင်းသား ။ ။ ကျွန်တော်တို့ ငြင်းခုံဆွေးနွေးကြပေမယ့် အဖြေထွက်မလာတဲ့ ကိစ္စတွေလည်း ရှိတတ်တယ်နော် ဆရာ။
ဆရာ ။ ။ ရှိတာပေါ့ ဒါပေမယ့် ဆရာတို့ သင်တန်းသားတွေအတွက်ကတော့ အင်္ဂလိပ် စကားပြော လေ့ကျင့်ပြီးသားဖြစ်တာမို့ အမြတ်ထွက်ပါတယ်။ ဟုတ်တယ် မှုတ်လား။
ကျောင်းသား ။ ။ ဟုတ်တယ် ဆရာ။
ဆရာ ။ ။ စောစော ကပြောတဲ့ ယဉ်ကျေးတယ် ဆိုတဲ့ စကားကို မြန်မာအဘိဓာန်မှာ ဒီလို အဓိပ္ပာယ် ဖွင့်ထားတယ် ။
( ယဉ် ) နူညံ့သိမ်မွေ့ နှစ်သက်ဖွယ်ဖြစ်သော၊ ရုတ်ကြမ်း ရိုင်းစိုင်းခြင်း မရှိသော၊
( ယဉ်ကျေး ) “သိမ်မွေ့နူးညံ့ ၊ ညင်သာပြေပြစ်သည့် အမူအယာရှိသော၊ ရိုင်းပျခြင်းမရှိသော၊ တီထွင်ဆောင်ရွက် လုပ်ကိုင်တတ်၍ တိုး တက်သည့် အသိဥာဏ်ရှိသော”တဲ့။
အင်္ဂလိပ် အဘိဓာန်တွေမှာလည်း ...
“ညစ်ညမ်းရိုင်းစိုင်းခြင်းမရှိသော၊ သိမ်မွေ့နူးညံ့သော အမူအကျင့်”စသဖြင့် အဓိပ္ပာယ် ဖွင့်ဆိုကြပါတယ်။
ကျောင်းသူ ။ ။ ဒီလိုဆို ချိုသာပျော့ပျောင်းစွာ စကားပြောတာ၊ ကိုယ်ဟန်အမူအယာ နူညံ့သိမ်မွေ့တာ၊ ထီးဟန် နန်းဟန်လေးနဲ့ “မန်းဆန်”တာတွေကို ယဉ်ကျေးတယ် လို့ သတ်မှတ်ရမှာပေါ့။ လူယဉ်ကျေး ဆိုတာ ဒီလောက်နဲ့ မခေါ်နိုင်ဘူးထင်ပါ တယ် ဆရာ။
ဆရာ ။ ။ ဟုတ်တယ် မင်းပြောတာမှန်တယ်။ ယဉ်ကျေးတယ် ဆိုတာ နှုတ်ချိုရုံကလေး ဟန်အမူအယာ နူးညံ့သိမ် မွေ့ရုံလေးလောက်မကပါဘူး။ ဒီထက် ပိုပြီးကျယ်ဝန်း နက်ရှိုင်းပါတယ်။
ကျောင်းသား ။ ။ အကျယ်ချဲ့ပေးပါဦး ဆရာ။
ဆရာ ။ ။ ဥပမာလေးတစ်ခု ပြောကြည့်မယ်နော်။ လူတစ်ယောက်ဆိုပါတော့ ပညာတွေ အများကြီးတတ်ထားပြီး ရာထူးရာခံကြီးလည်းရထားတယ်။ ဥပတိရုပ်လည်း ကောင်းတယ်။ အပြောအဆိုလည်း ချိုသာနူးညံ့ပြီး ဟန်အမူအယာလည်း သိပ်ပြီး ညက်ညောပါတယ်။ ဒါပေမယ့် သူ့အကျင့်ကတော့ လူတကာပေါ် ဖြတ်စားလပ်စားလုပ်ပြီး “လူညွတ်ခူးတတ်တယ်”။ ရသာရရင်
“ဘနဖူးသိုက်တူမယ်”ဆိုတဲ့ စိတ်ဓာတ်မျိုးရှိတယ်။ တခြားလူတစ်ယောက်ကတော့ ပညာမတတ်တဲ့ ဆင်းရဲသား အလုပ်ကြမ်း သမား ဖြစ်တယ်။ လူကြမ်းစိတ်ကြမ်းကြီးပဲ ဒါပေမယ့် ရိုးသားဖြောင့်မတ်ပြီး သဘောဖြူတယ်။ မတော်မတရား ဘယ်တော့မှ မလုပ်ဘူး။ ကိုယ် တိုင် က ဆင်းရဲပြီး ကြက်ယက်သလိုယက်ပြီး ပိုက်ဆံရှာရတာဆိုတော့ ဘယ်သူ့အပေါ်မဆို စာနာတတ်တယ်။ ကဲ၊ အဲဒီ လူနှစ်ယောက်မှာ ဘယ်သူ့ကို “လူယဉ်ကျေး”လို့ခေါ်မလဲ။
ကျောင်းသား ။ ။ ဒါကတော့ ရှင်းပါတယ်ဆရာ။ နောက်လူကိုသာ လူယဉ်ကျေး လို့ခေါ်မှာပေါ့။
ဆရာ ။ ။ အဲလိုဆိုရင် နောက်ဥပမာလေးတစ်ခု ပြောကြည့်မယ်။ အငြင်းသန်ပြီး အင်မတန် ကတ်သီးကတ်ဖဲ့ ပြောတတ်တဲ့ လူတစ်ယောက်နဲ့ မင်း လူပုံအလယ်မှာ အကြောက်အကန် အငြင်းအခုံ ဖြစ်ကြတယ်။ အဲဒီလူဟာ မင်းလိုပညာတတ် တစ် ယောက်မဟုတ်ဘူး။ ဒါကိုလူတိုင်းသိကြတယ်။ အဲဒီလူက သူ့ဥာဏ်လေး တစ်မိုက်တစ်ထွာ လောက်နဲ့ ဇွတ်အတင်း မျက်စိမှိတ်ပြီး ငြင်း နေတာ လူတိုင်း အမြင်ကတ်နေကြတယ်။ အဲဒီလူကို လူပုံအလယ်မှာ အရှက်တကွဲ ဖြစ်သွားပြီး ငြိမ်သွားအောင် မင်းတတ်ထားတဲ့ ပ ညာတွေနဲ့ လုပ်နိုင်စွမ်း မင်းမှာရှိတယ်။ အဲဒါ မင်း သူအရှက်ရအောင် လုပ်ပစ်မလား ။ သူ့ကို သင်ခန်းစာပေးလိုက်တဲ့ သဘောပေါ့။
ကျောင်းသား ။ ။ အသေအချာကို လုပ်ပစ်မှာပေါ့ဆရာ။ ဒါမှ အခြားသူတွေ နားမချမ်းမသာ ဖြစ်နေရတဲ့ အဖြစ်က လွတ်သွားမှာ။
ဆရာ ။ ။ အဲလိုဆိုရင် မင်းဟာ လူယဉ်ကျေး မဟုတ်ဘူး။
ကျောင်းသား ။ ။ ဟင်.. ဘာကြောင့်လဲ ဆရာ၊ ဟိုလူက လူတိုင်း“အော်ကြောလန်”တစ်ယောက်ပဲ။
ဆရာ ။ ။ အောကြောလန် တော့ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် သူဟာ ပညာ အဆင့်အတန်းအရ ကိုယ်နဲ့ ဘယ်လိုမှ မယှဉ်သာအောင်း နိမ့်ကျနေတဲ့ သူတစ်ယောက်ပဲ။ အဲဒီလို ကိုယ့်ထက် သိပ်နိပ်ကျပြီး ကိုယ်က လွယ်လွယ်နဲ့ နိုင်မှန်းသိတဲ့ လူတစ်
ယောက်ကိုအရှက်ခွဲ ပြီးအနိုင်ယူလိုက်တာဟာ လူယဉ်ကျေး တစ်ယောက်ရဲ့ လုပ်ရပ်မဟုတ်ဘူး ။
ကျောင်းသား ။ ။ အဲဒီလိုဆိုရင် အဲဒီလူကို ဘာလုပ်ရမှာလဲ ဆရာ။
ဆရာ ။ ။ ဆရာ တစ်ခုမေးမယ်။ မင်း အင်မတန်လေးစားတဲ့ မင်းရဲ့ ပါမောက္ခ တစ်ယောက်က မှာတယ်လို့ မင်းအ ခိုင်အမာ ယုံကြည်တဲ့ ကိစ္စတစ်ခုကို လူပုံအလယ်မှာ မှန်တယ်လို့ပြောနေတယ်။ အဲဒီ ကိစ္စ မမှန်ဘူးဆိုတာ အထောက်အထား ခိုင်ခိုင်လုံလုံ ပြစရာ မင်းမှာ ရှိနေတယ်။ အဲဒါမင်းဘာလုပ်မလဲ။ မင်း ပါမောက္ခ ကို ထ ငြင်းမလား။
ကျောင်းသား ။ ။ ဟာ ဆရာကလည်း ကျွန်တော် ဒီလောက်တော့ ဘယ်ရိုင်းပါ့မလဲ။
ဆရာ ။ ။ ဒီလိုဆို မင်း ဘာလုပ်မလဲ။
ကျောင်းသား ။ ။ အသာလေး ပါးစပ်ပိတ်ပြီး ငြိမ်နေမှာပေါ့ ဆရာ။
ဆရာ ။ ။ ဒါဆိုလည်း မင်း ဟာ လူယဉ်ကျေး တစ်ယောက် မဟုတ်ဘူး။ မင်းပါးစပ်ပိတ်ထားတာက မင်းအနေနဲ့ ဘယ်လိုမှ အနိုင်မရနိုင်ဘူးဆိုတာ သေချာတဲ့ ပါမောက္ခ မို့်လို့ ငြိမ်နေတာဖြစ်တယ်။
ကျောင်းသူ ။ ။ အဲလိုဆိုရင် လူယဉ်ကျေး ဆိုတာ ဘယ်လိုဟာမျိုးလည်း ဆရာ။
ဆရာ ။ ။ နောက်ဥပမာတစ်ခုကို စဉ်းစားကြည့်ပါဦး။လူနှစ်ယောက်ဟာ ဓားလွယ်တွေ ဆွဲကိုင်ပြီး အသေကျေ တိုက်ခိုင်နေကြတယ်။ တစ်ယောက်က လူဆိုး လူမိုက် လူယုတ်မာဖြစ်ပြီး၊ ကျန်တစ်ယောက်က စိတ်သဘောထား မြင့်မြတ်တဲ့ လူကြီး လူကောင်းဖြစ်တယ်။ သူသေငါသေ တိုက်ခိုက်နေကြရင်းနဲ့ လူယုတ်မာရဲ့ လက်ထဲက ဓားဟာ ထက်ပိုင်းကျိုးသွားတယ်။ အဲဒီအခါ လူ ယုတ်မာဟာ ဘာမှမတတ်နိုင်တော့ဘဲ မျက်စိစုံမှိတ်ပြီး တစ်ဖက်က ဓားချက် သူ့ဝမ်းဗိုက်ထဲ ဝင်လာမှာကိုသာ စောင့်နေရတယ်။ ဒါပေမယ့် သူစောင့်စားနေတဲ့ ဓားချက်ကရောက်မလာခဲ့ဘူး။ သူမျက်စိဖွင့်ကြည့်လိုက်တော့ တစ်ဖက်လူက နေရာမှာတင် မားမားကြီးရပ်နေပြီး သူ့ ကို ဓားသစ်တစ်ချောင်း ထပ်ယူခိုင်းလိုက်တယ်။ အဲဒီလူဟာ လူယဉ်ကျေး ဖြစ်တယ်။
ကျောင်းသူ ။ ။ လူယဉ်ကျေး ဖြစ်အောင် ဘယ်အရာတွေက ဖန်တီးပေးတာလည်း ဆရာ။ ပညာ ကလား အဆင့် အ တန်း ကလား။
ဆရာ ။ ။ ပညာတတ်တိုင်းလည်း လူယဉ်ကျေး ဖြစ်မလာနိုင်ဘူး။
ကျောင်းသူ ။ ။ အဲဒီလိုဆိုရင် ဘာက လူယဉ်ကျေး ဖြစ်စေတာလဲ။
ဆရာ ။ ။ လူ့ရဲ့“လိပ်ပြာ”ဆိုတာ ကလေးကပေါ့။ လူတွေမသိရအောင် တစ်ခုခုကို တစ်သက်လုံး ဖုံးထားလို့၊ လိမ်ထားလို့ ရနိုင်တယ်။ကိုယ့် လိပ်ပြာ ကိုတော့ ကိုယ်လိမ်လို့ မရဘူး။ ဘယ်သူမှ မသိဘူးဆိုပြီး လူလိမ်လူကောက်တွေဟာ ပျော်ရွှင် နေ နိုင်ကြလိမ့်မယ်လို့ မထင်နဲ့။ သူတို့ လိပ်ပြာ ကသူတို့ကို အမြဲပြန်ခြောက်နေတာ ခံနေရလို့ ဒီလူစားမျိုးတွေဟာ အမြဲတမ်း ကျိတ်ပြီး စိတ် သောကတွေ ခံစားနေရတာချည်းပဲ။ လူရှေ့သူရှေ့မှာ ပြုံးရွှင်ရယ်မောနေပေမယ့် သူတို့ အပြုံးအရယ်တွေမှာ အသက်ဝင်မနေပါဘူး။ အပြုံးသေ၊ အရယ်သေ၊ မျက်နှာသေတွေချည်းပါပဲ။
ကျောင်းသား ။ ။ ဥပမာလေး ပေးပါဦး ဆရာ ။
ဆရာ ။ ။ ရှိတ်စပီးယား ရဲ့ မက္ကဘက်ပြဇာတ်ထဲက မက္ကဘတ်မောင်နှံ ရဲ့အဖြစ်ဟာ အထင်ရှားဆုံး ဥပမာပေါ့။ မက္ကဘတ် မောင်နှံဟာ ဘုရင် နဲ့ ဘုရင်မ ဖြစ်ချင်လွန်းလို့ မတော်မတရားနည်းတွေ သုံးပြီး ဘုရင့်နေရာကို ရအောင်ယူခဲ့ကြတယ်။ သူ တို့ရဲ့သခင် ဒန်ကင် ဘုရင်ကြီးကို ညအိပ်ချိန်မှာ တိတ်တိတ်ကလေး သတ်ပစ်ခဲ့ကြတယ်။ သူတို့သတ်တာကို မြင်တဲ့သူ တစ်ယောက်မှ မ ရှိခဲ့ဘူး။ အဲဒါကြောင့် သူတို့ မက်မောလှတဲ့ ရာဇပလ္လင် ကိုရခဲ့တယ်။ ဒါပေမယ့် ရာဇပလ္လင်ကို တက်ထိုင်မိတဲ့ နေ့ကစပြီး စိတ်ချမ်းသာမှု့ ဆိုတာကို သူတို့ပျောက်ဆုံးသွားခဲ့ရတယ်။ ညညတွေမှာလည်း အိပ်လို့မပျော်ဘူး။ သူတို့သတ်ခဲ့တဲ့ လူတွေရဲ့ ဝိညာဉ်တွေက လာလာပြီး ခြောက်လှန့်နေတယ်လို့ပဲ ထင်နေကြတယ်။ သူတို့လက်မှာ စွန်းပေနေတဲ့ သွေးစက်တွေဟာလည်း ဘယ်လိုမှ စင်အောင်ဆေးလို့ မရဘူး လို့ စိတ်ထဲမှာ ထင်နေကြတယ်။ လင်မယားနှစ်ယောက်လုံးဟာ သူတို့ လိပ်ပြာ ကသူတို့ကိုပြန်ခြောက်တာ ခံရပြီး စိတ္တဇဝေဒနာသည်တွေ ဖြစ်သွားကြတာ သေတဲ့အထိပဲလေ။
ကျောင်းသူ ။ ။ အဲဒီလို ကိုယ့်လိပ်ပြာ ကိုယ်ပြန်လန့်တဲ့ အဖြစ်မျိုးမရာက်ဖို့ ဘာလိုပါသလဲ ဆရာ။
ဆရာ ။ ။“အသိဥာဏ်”လိုတာပေါ့။ အသိဥာဏ်ရှိတဲ့သူမှ ဘယ်ဟာကတော့ဖြင့် လုပ်သင့်တယ်၊ ဘယ်ဟာ ကတော့ဖြင့် မလုပ်သင့်ဘူးဆိုတာကို ဝေဖန်ပိုင်းခြားနိုင်မှာပေါ့။ အဲဒီလို သင့်မသင့် တော်မတော် ဝေဖန်ပိုင်းခြားတတ် သူမှ
“လူယဉ်ကျေး”ဖြစ်လာနိုင်တာပါ။ လောကကြီးမှာ သူတစ်ပါးက ကိုယ့်ကို“ရိုသေ”အောင်းလုပ်ဖို့က လွယ်တယ်။“ကိုယ့်ကိုကိုယ် ရိုသေအောင်”လုပ်ဖို့ကတော့ မလွယ်ဘူး။ အဲဒီလို“ကိုယ့်လိပ်ပြာကိုယ် ရိုသေနိုင်တဲ့လူ”ဟာ “စိတ်ချမ်းသာတဲ့လူ” ဖြစ်တယ်။“လူယဉ်ကျေး”လည်းဖြစ်တယ်။
ကျောင်းသူ ။ ။ အဲဒီလို လူယဉ်ကျေး ဖြစ်ဖို့ တယ်တော့ မလွယ်ဘူးနော်။
ဆရာ ။ ။ အဖိုးတန်တဲ့ အရာ မှန်သမျှ ခပ်လွယ်လွယ် ခပ်ပေါ့ပေါ့နဲ့ မရနိုင်ဘူးလေ။ သင့်တင့်လျောက်ပတ်တဲ့ တန်ဖိုးတော့ ပေးရမှာလေ။

အခြားသူများ၏သဘောထားကိုလေးစားပါ


အခြားသူများ သူတို့ကိုယ်ပိုင်သဘောထားရှိခြင်းကို သင်ခွင့်ပြုပါ။
သင့်အတွက် သူတို့၏ သဘောထားကို ပြောင်းလဲရန် မကြိုးစားပါနှင့်။

သူ့သဘောထားနှင့်သူ....
လူတစ်ယောက်သည် သင်နှင့် သဘောထား ကွဲပြားလျှင် သူမှန်သည်ဟု နားလည်ပေးပါ။
အကြောင်းမူ သူ၏သဘောထားသည် သူ့အတွက် မှန်သောကြောင့်ဖြစ်သည်။

သူ့ဆုံးဖြတ်ခွင့်ကိုလေးစားပါ....
လူတိုင်းတွင် မည်သည့်အရာက မှန်သည်၊ မည်သည့်အရာက မှားသည်ဟု သူတို့ကိုယ်ပိုင် ဆုံးဖြတ်ခွင့် သူတို့မှာရှိကြပါသည်။

ထိန်းချုပ်ခြင်း၏သဘော......
အခြားသူများအား ထိန်းချုပ်ရန် ကြိုးစားခြင်းသည် မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်း မရှိသောကြောင့်ဖြစ်သည်။

သင့်ကိုငြင်းပယ်ခြင်းမဟုတ်...
လူများကသင့်ကိုငြင်းပယ်ခြင်းမဟုတ်ပါ။ သင်၏ကမ်းလှမ်းချက်ကိုသာ သူတို့ ငြင်းပယ်ခြင်းဖြစ်သည်။

တောင့်တမှု့


အလွမ်းတွေ တိုက်စားလွန်းလို့
ငါ့နေ့ရက်တွေလည်း လုံးပါးပါး ကုန်ပါပြီ
အလွမ်း....
" ငါ " ဆိုတဲ့ကမ်းပါး ပျောက်ဆုံးသွားအောင်သာ တိုက်စားပစ်လိုက်ပါ

ရင်ထဲ စူးနင့်လွန်းလို့
အခုတလော လွမ်းဖို့တောင် အသက်ရူ မဝ ချင်တော့ဘူး
မွန်းကျပ်နာကျဉ်မှု့တွေလည်း ငါ့မျက်ဝန်းမှာ တွဲခို...
အော်....ငါ ငိုသတဲ့လား...

ဒီလို မျက်ရည်စိုမယ့် မနက်ဖြန်မျိုး
ငါ တကယ်ကိုမလိုချင်တော့လို့
အလွမ်း.....
" ငါ "ဆိုတဲ့ကမ်းပါး ပျောင်ဆုံးသွားအောင်သာ တိုက်စားပစ်လိုက်ပါ....။

သဉ္ဇာ

ဒဏ်ရာ

ဝေးသွားပြီဆိုတဲ့
အဖြစ်မှန်ကို လက်ခံဖို့
ငါရင်ဘတ် တစ်ခု
ခံနိုင်ရည် မရှိခဲ့ပါဘူး

တွေးမိလိုက်တိုင်း
ဒီမျက်ဝန်းထဲ
ပြည့်တက်လာတဲ့ မျက်ရည်တွေကြား
ငါဟာ အရောင်ရောင်အမှားမှားနဲ့
မင်းနာမည်လေး ရွတ်ဆိုမိတုန်းပဲ


တကယ်ပါ
ငါ ပြေးထွက်သွားချင်တယ်
ငါ့ခံစားချက်တွေနဲ့ ဝေးရာဆီကို

ဒီဒဏ်ရာဟာ
ဒီလောက်နာကျင်မယ်လို့
အစကတည်းက နင်ပြောပြထားသင့်တယ်
ငါ ပြင်ဆင်ခွင့် ရှိအောင်လေ

နင်နဲ့ဝေးပြီးတဲ့နောက်
ကောင်းကင်ကို မော့ကြည့်တတ်တဲ့ အကျင့်လေးတစ်ခု
ငါ ပိုပြီးတက်မြောက်ခဲ့ပြီပဲ
ဒီမျက်ဝန်းထဲက မျက်ရည်တွေ
ကျမလာအောင် ထိန်းရင်းနဲ့ပေါ့

မှုတ်ထုတ်လိုက်တဲ့ ရှိုက်သက်တိုင်းမှာ
သတိရခြင်းတွေ ပါသွားနိုင်မယ်ဆိုရင်
ငါ့အတွက် တော်တော်သက်သာရာရမှာပဲ
သက်ပြင်းချတိုင်းသာ အသက်တိုတတ်တယ်ဆိုရင်
မနေ့ကတည်းက ငါသေသွားလောက်ပြီ

မပြာပါနဲ့
ဒါဟာ ငါ့အတွက်
အိပ်မက်တစ်ခု မဟုတ်ခဲ့ဘူး
တကယ်ပဲ
ငါတို့နှစ်ယောက်
ဆောင်းအိပ်မက်တစ်ခုကို
မက်ခဲ့တာဆိုရင်
အဲဒီအိပ်မက်ကနေ ငါ့ကိုမနှိုးခင်
မင်း ငါ့ကိုအရင်သတ်ခဲ့သင့်တယ်
မင်းမရှိရင် ငါဘယ်လိုမှမဖြစ်နိုင်တာ
မင်းမှမသိခဲ့တာ

ငါ့ ရင်ဘတ်ထဲက
ငါကိုယ်တိုင်တည်ဆောက်ထားခဲ့တဲ့ အချစ်တစ်ခု
ဘယ်လောက်ထိ ခမ်းနားနေတယ်ဆိုတာ
ငါ ပြသခွင့်မရှိတော့ဘူးတဲ့လား


စွန့်လွှတ်တယ်ဆိုတာ
လူတွေအမြင်မှာလွယ်ပေမယ့်
ဒီရင်ဘတ်ထဲမှာတော့
သေရာပါ ဒဏ်ရာတစ်ခုပါ

ငါ့ ဘက်ကစွန့်လွှတ်ဖို့
မင်းကိုယ်တိုင်က မျှော်လင့်နေမှတော့
ဒီဒဏ်ရာ နောင်ဘဝထိပါသွားမယ်ဆိုရင်တောင်
ငါ ခံယူပါ့မယ်

မင်း ငါ့ကိုတကယ်မချစ်နိုင်ရင်
ငါ့ဒဏ်ရာတွေ အတွက်
ငါ့ကိုမသနားပါနဲ့
သနားတဲ့အကြည့်နဲ့လည်း
ငါ့မာနတွေကျရှုံးသွားအောင် မကြည့်လိုက်ပါနဲ့
အရာရာအားလုံး စွန့်လွှတ်ခဲ့ပြီးပြီမို့
ငါ့ကို ဒီမာနလေးတော့ ထားခွင့်ပေးပါ။

သဉ္ဇာ

အောင်မြင်သူဆိုသည်မှာ

ကျွန်တော်နဲ့ ကျွန်တော့်ဇနီး ဆီလ်ဗီယာတို့ဟာ သာမန် စင်ကာပူ လူမျိုးမိဘတွေ ဖြစ်ကြပါတယ်။ ကျွန်တော်တို့နှစ်ယောက်ဟာ ဂျွန်နဲ့ ပက်ဆိုတဲ့ သားနှစ်ယောက်နဲ့ အလုပ်ရှုပ်နေကြပါတယ်။ တစ်နှစ်မှာ အကြိုပြိုင်ပွဲတွေ အဆင့်ဆင့်တက်ပြီးနောက် သူတို့ရဲ့ ဘင်ခရာတီးဝိုင်း(စိန့်ဂျိုးဇက် ကျောင်းတပ်ဖွဲ့ တီးဝိုင်း) ဟာ ကျောင်းပေါင်းစုံ ဘင်ခရာတီးဝိုင်းပြိုင်ပွဲ ဝင်ရတဲ့အဆင့်အထိ ရောက်သွားတယ်။
ကျွန်တော်တို့လည်း သားနှစ်ယောက်ရယ်၊ သူတို့ရဲ့တူရိယာတွေရယ်နဲ့ လိုက်သွားကြတာပေါ့။တခြားတီးဝိုင်းတွေအားလုံးလည်း အမျိုး
သားအားကစားကွင်းကြီးထဲမှာ စုဝေးကြတယ်။ ချီတက်တီးမှုတ်ပြဖို့ တန်းစီနေကြချိန်မှာ တခြားမိဘတွေနဲ့ ဆရာ။ ဆရာမတွေလည်း စိတ် လှုပ်ရှားစွာနဲ့ စောင့်ကြည့်နေကြတယ်။
သားတို့ရဲ့ တီးဝိုင်းကွင်းအလယ်မှာ ရပ်နေတော့ တခြားကျောင်းတီးဝိုင်းတွေရဲ့ ရောင်စုံဝတ်စုံတွေကြားထဲမှာ အဖြူနဲ့အစိမ်း ပြောက် ကလေးလောက်ပဲ မြင်ရတယ်။ တခြားကျောင်းတစ်ကျောင်းက တီးဝိုင်းက ကျကျနန။ ဂုဏ်တယူယူနဲ့ ချီတက်လာတယ်။ ခေါင်းဆောင် လာ တဲ့ ဒရမ်တီးတဲ့သူကိုကြည့်ရတာ သူ့လှုပ်ရှားမှုနဲ့ သူ့တီးချက်နဲ့ ကိုက်နေလိုက်တာ။ သူ့ရဲ့တီးဝိုင်းကလည်း သူခေါင်းဆောင်တဲ့
နောက် ကိုခြေတစ်လှမ်းမမှားဘဲ အချိန်ကိုက် ချီတက်လိုက်ပါလာကြတယ်။
နောက်တစ်ကျောင်းကလည်း ရှေ့ကျောင်းကတီးဝိုင်းထက်မသာရင်တောင် မညံ့ဘူး။ ကျောင်းရဲ့ဆိုင်းဘုတ်ကိုလည်း သယ်လာကြ တယ်။ လှုပ်ရှားမှု့ကလည်းလှ၊ ဂီတသံကလည်း သွက်၊ ထုံးစံအတိုင်း ဒရမ်တီးတဲ့သူရဲ့ လှည့်လိုက်၊ ရမ်းလိုက်၊ ကွေ့လိုက်၊ ပစ်လိုက် နဲ့ လုပ်နေတဲ့ လှုပ်ရှားမှု့တွေဟာ လူတွေရှုမဝစရာတွေပါ။
သားတို့အသင်း ထွက်လာတော့လဲ ပရိသတ်က ဝမ်းပန်းတသာ အားပေးကြပါတယ်။ အခုအထိတော့ ဟုတ်နေတာပဲ။ တီးကွက်က လည်း တစ်ချက်မမှားဘူး။ အခုထိတော့ ဟုတ်နေတာပဲ။ တီးကွက်ကလည်း တစ်ချက်မမှားဘူး။ ခြေလဲတစ်လှမ်း မမှားဘူး။ လှုပ်ရှားမှု့ တိုင်းဟာ ကွက်တိပဲ။ တီးဝိုင်းခေါင်းဆောင်ကလည်း ကျွမ်းကျွမ်းကျင်ကျင်၊ နိုင်နိုင်နင်းနင်းနဲ့ ဦးဆောင်လာတယ်။ ကျက်သရေရှိပါ့။
ကျွန်တော်တို့စိတ်ထဲမှာတော့ သားတို့တီးဝိုင်းကို အားပေးတဲ့ လက်ခုပ်သံတွေဟာ အကျယ်ဆုံးနဲ့ အကြာဆုံးလို့ ထင်မိတယ်။ ဝမ်း သာလွန်းလို့ “ငါတို့တော့နိုင်ပြီကွ” ဆိုပြီး ထခုန်မိသေးတယ်။ အမေလုပ်သူကလည်း မျှော်လင့်ချက်တခွဲသားနဲ့ ခေါင်းညိတ်တယ်။
ဒါပေမယ့် သားတို့အသင်းက ဆုမရပါဘူး။
ဆုရတဲ့သူကို ကြေညာတော့ ကျွန်တော် ဘယ်သူဆုရတယ် ဆိုတာတောင် မမှတ်မိပါဘူး။ အဲဒီအသင်းက တန်းစီ နေရာက ရှေ့ကို ထွက်လာတယ်။ ဝမ်းသာကြ၊ ပျော်ကြလွန်းလို့ တန်းစီထားတာကိုဖျက်ပြီး အော်ကြဟစ်ကြ၊ ပွေ့ကြဖက်ကြနဲ့၊ သူတို့ရဲ့ ဦးထုပ်တွေကို လည်း လေထဲလွှင့်ပစ်ကြတယ်။ ခပ်ကဲကဲကောင်လေးတွေကတော့ သူတို့ရဲ့တူရိယာတွေကိုတောင် လွှင့်ပစ်ကြတယ်။
ရှုံးတဲ့သူတွေ၊ ဆုမရတဲ့သူတွေကတော့ ငိုကြယိုကြ၊ စိတ်ပျက်လက်ပျက် ထိုင်ချကြနဲ့ပေါ့။
သားတို့နှစ်ယောက် ငိုသလား၊ မငိုသလားဆိုတာကိုတော့ သိပ်ဝေးလွန်းလို့ မမြင်ရပါဘူး။ဒါပေမယ့် သူတို့က တန်းစီမပျက်ဘူး။ သူတ ကာတွေ ရုတ်ရုတ်သဲသဲ ဖြစ်နေချိန်မှာ ဣနြေ္ဒရရပဲ။ သူတို့ရဲ့ခေါင်းဆောင် ဒရမ်ဆရာပြောတဲ့ စကားကို ငြိမ်ငြိမ်လေး နားထောင်နေကြ တယ်။
ပြီးတော့ သူကခေါင်းဆောင်ပြီး ကျွန်တော်တို့ ကြားနေကျ ကျောင်းသီချင်းကို တီးမှုတ်လိုက်ကြတယ်။ ပရိတ်သတ်တွေက ချက်ချင်းငြိမ်
ကျသွားတယ်။ လူတစ်စူလောက်ကပဲ တိတ်ပြီးနားထောင်နေရာက အားလုံးတိတ်ဆိတ်ပြီး နားထောင်ကြတယ်။ တစ်ခုခုတော့ တစ်ခုခုပဲ။
ပြီးတော့ချက်ချင်း ခြေတစ်လှမ်းမမှား၊ တီးလုံးတစ်ချက်မလွဲ၊ သူတို့ရဲ့စိတ်ပျက်အားငယ်မှု့ကို အဖြူအစိမ်း ဝတ်စုံတွေကြားထဲမှာ ဖုံးအုပ် ပြီး ချီတက်လာကြတယ်။
ပြန်ဖို့ဟန်ပြင်နေကြတဲ့ ပရိတ်သတ်က မပြန်နိုင်သေးဘဲ ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ အရှုံးကို သတ္တိရှိရှိရင်ဆိုင်ပုံ၊ ကြည့်မဆုံး၊ ရှု့ မဆုံး၊ ချီးကျူးမဆုံး ဖြစ်နေကြတယ်။ နောက်တော့ ဘယ်သူမှ မနေနိုင်တော့ဘဲ အားလုံးဝိုင်းပြီး လက်ခုပ်တီးကြတယ်။ ရှုံးနိပ်နေတဲ့အချိန်
မှာတောင်မှ ဂုဏ်သိက္ခာယူစရာ အခွင့်အလမ်း ရှိနေပါတယ်။
နောက်တစ်ရက်၊ နှစ်ရက်လောက်ကြာတော့ သတင်းစာထဲမှာ အရှုံးကို ရဲရဲဝံဝံ ရင်ဆိုင်ရဲတဲ့ ကျောင်းတီးဝိုင်းကို ချီးကျူးထားတဲ့ စာတစ်
စောင်ပါလာတယ်။ “ဘဝမှာ ဘယ်လိုအောင်နိုင်အောင် လုပ်ရမလဲဆိုတာ အရေးကြီးသလို ဘယ်လို အရှုံးကို ဘယ်လိုလုပ်ရမလဲဆိုတာ
လဲ ထပ်တူထပ်မျှ အရေးကြီးပါတယ်” လို့ရေးထားတယ်။ ဘယ်ဟုတ်မလဲ....အရှုံးကို ဘယ်လို ရင်ဆိုင်မလဲဆိုတာက ပိုပြီးတောင် အရေး
ကြီးပါသေးတယ်။ ဘဝမှာ ကျွန်တော်တို့တစ်တွေက အောင်မြင်မှု့တွေထက် ရှုံးနိမ့်မှု့တွေနဲ့ ပိုပြီးရင်ဆိုင် နေကြရတာမဟုတ်လား။

ခင်မောင်ချို(ဘောဂဗေဒ) ဘာသာပြန်သည်..။

ချစ်သူဆိုတာ...

နိုင်းနိုင်းစနေ ဆီကပါပဲ ...။သူငယ်ချင်းတို့ကို ဖတ်ကြည့်စေချင်လို့ပါ

မိန်းကလေးချစ်သူဆိုတာ......


၁) ငြင်းခုံရန်ဖြစ်ချိန် ခေါင်းငုံ့ အရှုံးပေးချင်ပေမယ့် တင်းခံပြီး ပြန်ငြင်းတတ်သူ
၂) ချစ်သူရဲ့ ဂတိသစ္စာတွေကို နှလုံးပေါ်မှာ ထွင်းထားပေမယ့် “ကျွန်မကို ချစ်မိတာ နောင်တ မရဘူးလား”လို့ လိုက်မေးတတ်သူ
၃) လမ်းဖြတ်ကူးတဲ့ အချိန် ချစ်သူရဲ့ခြေလှမ်းအတိုင်း လိုက်လှမ်းချင်တဲ့သူ
၎) ချစ်သူရဲ့ရှေ့မှာ မလှဆုံး၊ ချစ်စရာ မကောင်းဆုံးဖြစ်မှာကို စိုးရိမ်တတ်သူ
၅) လေပြင်းမုန်တိုင်းကျနေပါစေ ချစ်သူရဲ့လက်ကို တင်းတင်းဆုတ်ကိုင်ပြီး ကျော်ဖြတ်ရဲသူ
၆) အချက်အပြုတ် မတတ်ဘဲ မီးဖိုတစ်ခုလုံးကို မွှေနှောက် ချစ်သူကို ကိုယ်တိုင် ချက်ကျွေး ချင်တဲ့သူ
၇) ဗေဒင် လက္ခဏာတွေတွက် ယတြာတွေ လိုက်ချေပြီး ချစ်သူနဲ့ ပေါင်းဖက်ရ အောင်လုပ်သူ
၈) ချစ်သူကို တစ်နေ့ မမြင်ရရင် နံရိုးတစ်ချောင်း လျော့နေတယ်လို့ ထင်သူ
၉) ချစ်သူ မောပန်းတဲ့အချိန်၊ စိတ်ညစ်တဲ့အချိန်မှာ ရင်ခွင်ထဲ ထွေးပွေ့ပြီး နှစ်သိမ့်တတ်သူ
၁၀) ပျော်ရွှင်မှုတွေကို နွေးထွေးတဲ့ အနမ်းနဲ့ ချစ်သူကို မျှဝေပေးတတ်သလို စိတ်ညစ် ၀မ်းနည်းမှုတွေကို မျက်ရည်နဲ့အတူ ချစ်သူကို ရင်ဖွင့်တတ်သူ

ယောက်ျားလေးချစ်သူဆိုတာ.......

၁) မိုးသက်လေပြင်းကျချိန် ချစ်သူ စိုမှာစိုးလို့ အကာအကွယ်ပေးပြီး လိုက်မိုးပေးသူ
၂) သူ့လက်ကို တွဲမိချိန် ကိုယ့်စီက ကြောက်ရွံ့မှုတွေ အဝေးကို ပြေးစေသူ
၃) ချမ်းအေးတဲ့ ဆောင်းမနက်မှာ ကိုယ့်ကို နွေးထွေးတဲ့ လက်တစ်စုံပေးသူ
၎) ကိုယ့်စိတ်ပျက် အားငယ်လို့ မျက်ရည်ကျချိန် မှီစရာ ပုခုံးတစ်စုံ ငှားပေးသူ
၅) ဂျုလီယာ ရောဘတ်ကို ကြိုက်ပေမယ့် ဒီကမ္ဘာမှာ အကောင်းဆုံး အလှဆုံးဟာ ကိုယ်ပါလို့ ပြောသူ
၆) ဂျက်ကီချန်းကားတွေ ကြိုက်ပေမယ့် လွမ်းဆွေးစရာ ကိုးရီးယားကားတွေကို မပျင်းမရိဘဲ ကိုယ်နဲ့အတူ လိုက်ကြည့်တတ်သူ
၇) ကောင်းကင်က ကြယ်တွေကို ကိုယ့်နဲ့အတူ စိတ်ရှည်လက်ရှည် လိုက်ရေတတ်သူ
၈) ကိုယ့်မွေးနေ့ကို မှတ်မိပြီး လက်ဆောင်ပစ္စည်း ၀ယ်ဖို့ မေ့တတ်သူ
၉) သူ့ရင်ဘတ်ကို ထုပြီး ကိုယ်ဒေါသထွက်ချိန် အနမ်းတစ်ပွင့်နဲ့ နှစ်သိမ့်တတ်သူ
၁၀) မျိုမကျပေမယ့် ကိုယ်ချက်တာ အကောင်းဆုံးဆိုပြီး အားပါးတရ စားပြတတ်သူ

ချစ်နိုင်ကြပါစေ...း)

နိုင်းနိုင်းစနေ

ပိုက်ဆံရှင်းခြင်း

ယောက်ျားလေး ပိုက်ဆံထုတ်ရှင်းတာ ချစ်သူကြောင့်မို့၊
မိန်းကလေး ပိုက်ဆံထုတ်ရှင်းတာ လင်မယားကြောင့်မို့၊
ယောက်ျားလေးရော၊ မိန်းကလေးရော ပိုက်ဆံလုရှင်းကြတာ သူငယ်ချင်းတွေမို့လို့။

လက်ထပ်တယ်ဆိုတာ


လက်ထပ်တယ်ဆိုတာ
၁+၁=၂ မဟုတ်ဘူး
ဝ.၅+၀.၅= ၁ ပဲဖြစ်တယ်။
ကိုယ်စီမှာရှိတဲ့ ဥပဓိရုပ်တွေကို ခွာချ၊ အတ္တမာနတွေ ခွာချ၊ အပြစ်အနာအဆာတွေ ခွာချပြီး တစ်ခုတည်းဖြစ်အောင် ပေါင်းစပ်လိုက်တာဖြစ်တယ်။

အမူအယာလေးတွေကို နားလည်ကြည့်ပါ



When a boy is quite,
He has nothing to say..

When a boy is not arguing,
He not on the mood of arguing..

When a boy looks at you with eyes full of questions
He is really comfused..

When a boy answers "I am fine." after a few seconds
He is actually fine..

When a boy stares at you,
He is either amazed or angry..

When a boy lays on your lap,
He is wishing for you to be his forever..

When a boy call you everyday,
He is spending a lot of talk time to get your attention..

When a boy sms's you everyday..
He is forwarding them...

When a boy says I love you ,
It's not the first time...

When a boy says that he can't live without you,
He has made up his mind that you are his for at least a week.



When a girl is quiet,
Millions of things are running in her mind.

When a girl is not arguing,
She is thinking deeply.

When a girl looks at you with eyes full of questions,
She is wondering how long you will be around.

When a girl answers "I am fine." after a few seconds,
She is not at all fine.

When a girl stares at you,
She is wondering why you are lying.

When a girl lays on your chest,
She is wishing for you to be hers forever.

When a girl call you everyday,
She is seeking for your attention.

When a girl sms's you everyday,
She wants you to reply at least once.

When a girl says "I Love You"
She means it.

When a girl says that she can't live without you,
She has made up her mind that you are hers future.

When a girl says "I miss you" ,
No one in this world can miss you more than her.....

ကိုကိုတို့အတွက် တီးတိုးစကား 10 ခွန်း

ဒါလေးကတော့ နိုင်းနိုင်းစနေ ဆီကပါ...။

မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်းမြင်ချင်ပါသလား? အောက်ကစာကို ဆက်ဖတ်ပါ...

glitter-graphics.com

၁) မနှိုင်းနဲ့
“သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက်ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာတတ်တယ်”လို့ ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တစ်ခြားမိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့်ရတာ မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူးစကားတွေထက် ပိုတန်ဖိုးပါတယ်။
၂) လျှစ်လျှူမရှူနဲ့
မိန်းကလေးတွေရဲ့ ခံစားမှုအာရုံက လှုပ်ရှားလွယ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့ ပတ်သက်လာရင် မကောင်းတဲ့ဖက် တွေးမြင်လွယ်တယ်။ သဝန်တို၊ အူတိုလွယ်တယ်။ ကိုယ်အခက်အခဲ ကြုံတဲ့အခါ သူ့ကို ဖွင့်ပြောတိုင်ပင်ပြီး မျှဝေခံစားမယ်။ သူဝမ်းနည်းအားငယ်တဲ့အခါ လက်ကို တင်းတင်းဆုပ်ကိုင်ပြီး အကြင်နာငွေ့တွေနဲ့ ကူညီအားပေးမယ်။ အလုပ်မသွားခင် ပုစဉ်းရေနား အနမ်းလေးနဲ့ နှုတ်ဆက်မယ်၊ အိမ်ရောက်ရင်လည်း ပြန်ရောက်ကြောင်း ပွေ့ဖက်နှုတ်ဆက်မယ်။ အဲဒီလိုကိုယ့်အတွက် အပန်းမကြီးတဲ့ နှုတ်ဆက်ခြင်းတွေ၊ အပြုအမှုတွေက မိန်းကလေးတွေအတွက် တစ်သက်လုံး တွေးတိုင်း ကြည်နူးစေနိုင်ပါတယ်။
၃) မျက်နှာထား မပြနဲ့
မိန်းကလေးတစ်ယောက်ကို ဒေါသမျက်နှာနဲ့ တင်းပြတတ်တဲ့ ယောက်ျားလောက် ကြည့်ရဆိုးတာ မရှိဘူး။ ကိုယ်က အပြင်မှာ မအားမလပ် စီးပွါးရှာနေသလို သူလည်း အိမ်မှုကိစ္စ၊ ကလေးတွေနဲ့ အလုပ်ရှုပ်နေတယ်ဆို သတိရပေးပါ။ နောက်ကနေ လိုအပ်သမျှ ဖြည့်ဆည်းပေးတဲ့ သူရှိလို့ အပြင်မှာ ကိုယ်စိတ်ချလက်ချ အလုပ်လုပ်နိုင်တယ်ဆိုတာ သတိရပေးပါ။ ကိုယ်အလုပ်က ပြန်ရောက်ရင် “ မိန်းမရေ.. ပင်ပန်းနေပြီလား” နဲ့ “ မပင်ပန်းပါဘူး.. အပြင်ထွက် အလုပ်လုပ်တဲ့ ယောက်ျားက ပိုပင်ပန်းတာ” ဆိုတဲ့ အပြန်အလှန် စကားပုံရိပ်တွေက လှပတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ လူကို ကြည်နူးစေပါတယ်။
၎) ပြိုင်ကြတယ်
ယောက်ျားတွေက အလုပ်ပြိုင်၊ ရာထူးပြိုင်သလို မိန်းကလေးတွေလည်း ကိုယ့်ယောက်ျား၊ ကိုယ့်ကလေးအကြောင်း ပြိုင်တတ်ကြတယ်။ ဒါကြောင့် လူတွေရှေ့မှာ မိန်းကလေးတွေကို မဟောက်၊ မအော်ဘဲ အကြင်နာတွေ၊ ဂရုစိုက်မှုတွေ ပေးပါ။ တစ်ခြားမိန်းကလေးတွေ မနာလိုဝန်တို ဖြစ်စေလောက်တဲ့ အချစ်ကို ရထားတဲ့ မင်းသမီးလို့ သူ့ကိုယ်သူ ထင်မြင်အောင် ကြင်နာပြပါ။ သူဟာထက်မြက်တဲ့ မိန်းကလေးဖြစ်ခဲ့ရင် ကိုယ့်အပေါင်းသင်းရှေ့မှာလည်း ကိုယ့်ဟာ မိန်းမကိုဂရုစိုက် ကြင်နာသူအဖြင့် သူမျက်နှာသာ ပြန်ပေးပါလိမ့်မယ်။
၅) ကြည့်တတ်တယ်
မိန်းမလှလေးတွေ မြင်ရင် ယောက်ျားလေးတွေ ကြည့်တတ်ကြသလို ယောက်ျားလေး ချောချောတွေကို မြင်ရင်လည်း မိန်းကလေးတွေ ကြည့်တတ်ပါတယ်။ ဒါကို သဝန်တို၊ စိတ်တိုနိုင်ပေမယ့် ချောတဲ့ ယောက်ျားကိုကြည့်တဲ့ မိန်းကလေးရဲ့အကြည့်က ချောတဲ့မိန်းကလေးကို ကြည့်တဲ့ ကိုယ့်အကြည့်ထက် ရိုးသားပါတယ်။ မိန်းကလေးတွေ ကြည့်တဲ့အကြည့်က လှတဲ့ပစ္စည်းတစ်ခု၊ ပန်းချီကားတစ်ချပ်ကို ကြည့်ရှုခံစား သလိုပဲ ယောက်ျားလေးတွေလို ကြည့်ပြီး စိတ်ကူးယဉ်တာတွေ မပါပါဘူး။
၆) မရိုက်နဲ့
မိန်းကလေးတစ်ယောက်ကို ရိုက်တတ်တဲ့ ယောက်ျားလောက် အောက်တန်းကျတာ မရှိဘူး။ သူ့ကိုတကယ်ချစ်ရင် အပြန်အလှန် လေးစားမှုဆိုတာ ရှိသင့်တယ်။ လက်မပါသင့်ဘူး။ သူ့ကို မချစ်တော့ရင် ကိုယ့်နှလုံးသားကို ပြန်မေးကြည့်ပါ။ သူ့ကိုပျော်အောင် ဆက်ထားနိုင်မလား? တကယ်လို့ မထားနိုင်ခဲ့ရင် ဆုပ်ကိုင်မထားပါနဲ့။ လက်လွတ်လိုက်ပါ၊ သူ လွတ်လပ်ပါစေ။
၇) နူးညံ့ပါ
မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ထက်မြက်နေပါစေ ယောက်ျားတစ်ဦးရဲ့ ဦးဆောင်ဆုံးဖြတ်မှုကို ပိုအလေးထားကြတယ်။ ဒါမှ ကိုယ့်အတွက် ဘေးကင်းလုံခြုံတယ်လို့ ထင်တတ်ကြတယ်။ မိန်းမတွေဟာ ယောက်ျားတွေရဲ့ နူးညံ့ သိမ်မွေ့တာကို မလွန်ဆန်နိုင်ဘူး။ တကယ်လို့ မိန်းမတစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့မှုက ယောက်ျားတစ်ယောက်ကို ရင်ဆိုင်ဖို့ လက်နက်ဖြစ်ခဲ့တယ်ဆိုရင် ယောက်ျားတစ်ယောက်ရဲ့ နူးညံ့မှုက မိန်းကလေးအတွက် အဏှမြူပဲဖြစ်တယ်။ ဒါပေမယ့် မိန်းကလေးတွေမှာ မွေးရာပါ မိခင်စိတ်ရှိတာကြောင့် တစ်ခါတလေ ကိုယ့်ကို ကလေးလေးတစ်ယောက်လို အစစအရာရာ စိုးရိမ်စိတ်တွေပိုပြီး ဗျစ်တောက်ဗျစ်တောက် လိုက်ပြောမယ်။ အလိုလိုက်တတ်သလို၊ ဟိုဟာမလုပ်နဲ့ ဒီလိုလုပ်လို့ လိုက်စွက်ဖက်မယ်။ ဒါတွေကို အပြစ်မမြင် ဗွေမယူ၊ ဒေါသမထွက်ဘဲ နူးညံ့ပေးပါ။ သူဟာ မိခင်စိတ်ရှိတဲ့ မိန်းမသားဖြစ်နေလို့ပါပဲ။
၈) မိသားစုဟာ ပထမ
ယောက်ျားတွေဟာ အလုပ်ကို တာဝန်ယူရတယ်။ အလုပ်အတွက် စာရိတ္တ ကောင်းရတယ်။ အလုပ်ထဲမှာ ပျော်ရွှင်အောင် နေတတ်ဖို့နဲ့ အလုပ်ရဲ့ ကျေးကျွန်မဖြစ်ဖို့ သိတတ်ရတယ်။ အလုပ်လုပ်တာဟာ မိသားစု ပျော်ရွှင်ဖို့အတွက်၊ မိသားစု စားဝတ်နေရေးအတွက်ဆိုရင် ကိုယ်ချစ်တဲ့သူနဲ့ ကိုယ့်သားသမီးတွေ ပျော်ရွှင်ဖို့ ကိုယ်နဲ့အတူနေခွင့် အချိန်ကို မကြာခဏပေးပါ။
၉) ယောက္ခမဆိုတာလည်း မိဘပဲ
မိန်းမကို တကယ်ချစ်ရင် သူ့မိဘတွေကိုလည်း ချစ်ပါ။ စိတ်ထဲမှာ ဒါကိုယ့်မိဘတွေပဲလို့ ထည့်ထားပါ။ ယောက္ခမတွေကို ကိုယ့်မိဘအရင်းလို သဘောထားနိုင်ရင် သူတို့ကလည်း ကိုယ့်ကို သားအရင်းလို သဘောထားကြပါလိမ့်မယ်။ လူတွေက အသက်ကြီး အိုမင်းလာရင် ကလေးလေးနဲ့ တူသွားတတ်သတဲ့။ ဒါကြောင့် တစ်နေ့တစ်ခြား အိုမင်းလာတဲ့ ယောက္ခမ၊ မိဘတွေကို ကလေးတစ်ယောက် သဘောထားပြီး ဂရုစိုက်ပါ၊ ပြုစုပါ။ သူတို့ပျော်ရွှင်အောင် ချော့မြူပါ။ ကိုယ်လဲ တစ်နေ့နေ့မှာ အိုမင်းလာနိုင်တဲ့အတွက် ကြည့်မှန်တစ်ချပ်ကို ပြုလုပ်နေသလိုပဲ ကိုယ့်သားသမီးတွေ အတုယူနိုင်ဖို့ လူအိုတွေကို ဘယ်လိုဂရုစိုက် လေးစားရမယ်ဆိုတာကို သူတို့ သိမြင်ပါစေ။ ဒါမှ နောင်တစ်ချိန်မှာ ကိုယ့်ကို သူတို့ပြန်လေးစားပါလိမ့်မယ်။
၁ဝ) သစ္စာ၊ ယုံကြည်ခြင်း၊ ခွင့်လွတ်ခြင်း၊ နားလည်ခြင်း
လူနှစ်ယောက် ပေါင်းစပ်ဖို့ ဒါတွေ လိုအပ်ပါတယ်။ ကိစ္စတိုင်းကို ဖွင့်ပြော တိုင်ပင်သင့်တယ်ဆိုပေမယ့် တစ်ခါတလေ မတတ်သာတဲ့အချိန်မှာ ချိုသာတဲ့ မုသားကိုလည်း သုံးနိုင်ပါတယ်။ ပြဿနာတစ်ခုခု ရင်ဆိုင်ရပြီဆိုရင် မိန်းကလေးကို အပြစ်မတင်ခင် ကိစ္စတစ်ခုရဲ့ အတိမ်၊ အနက်ကို ဝေဖန်ပိုင်းခြားတတ်ဖို့ လိုပြီး ရှုထောင့် အဖက်ဖက်ကနေ အရင်ကြည့်ရှုခံစားပေးပါ။ မိန်းကလေးဖက်ကနေ ဝင်ရောက်ခံစားတတ်ဖို့လည်း လိုပါလိမ့်မယ်။ ကိုယ်ဟာ သူ့ရဲ့အချစ်ရဆုံးဖြစ်တဲ့အတွက် သူ့ကိုနားလည်ပေးပါ။ အားပေးပါ။ ခွင့်လွတ်ပေးပါ။

အင်တာနက်မှာ ဖတ်မိတာကို ဆီလျှော်အောင် ဘာသာပြန်ပါတယ်။
နိုင်းနိုင်းစနေ

ချစ်သူတို့အတွက် နည်းလမ်း ၅၀

ဒါလေးက စုဗူး မှာ တွေ့လို့ အားလုံးအတွက် ပြန်ပြီး ဖြန့်ဝေပေးတာပါ..။
အကျိုးရှိရှိ အသုံးချကြပါနော်...။ ..ဟဲဟဲ...။

50 Romantic things to do with your Boy/Girlfriend
glitter-graphics.com


1. Watch the sunset together.
2. Whisper to each other.
3. Cook for each other.
4. Walk in the rain.
5. Hold hands
6. Buy gifts for each other.
7. Roses.
8. Find out their favorite cologne/perfume and wear it every time
you're together.
9. Go for a long walk down the beach at midnight.
10. Write poetry for each other.
11. Hugs are the universal medicine.
12. Say I love you, only when you mean it and make sure they know you mean it.
13. Give random gifts of flowers/candy/poetry etc.
14. Tell her that she's the only girl you ever want. Don't lie!
15. Spend every second possible together.
16. Look into each other's eyes.
17. Very lightly push up her chin, look into her eyes, tell her you
love her, and kiss her lightly.
18. When in public, only flirt with each other.
19. Put love notes in their pockets when they aren't looking.
20. Buy her a ring.
21. Sing to each other.
22. Always hold her around her hips/sides.
23. Take her to dinner and do the dinner for two deal.
24. Spaghetti? (Ever see Lady and the Tramp?)
25. Hold her hand, stare into her eyes, kiss her hand and then put it
over your heart.
26. Dance together.
27. I love the way a girl looks right after she's fallen asleep with
her head in my lap.
28. Do cute things like write I love you in a note so that they have
to look in a mirror to read it.
29. Make excuses to call them every 5 minutes
30. Even if you are really busy doing something, go out of your way to
call and say I love you.
31. Call from your vacation spot to tell them you were thinking about them.
32. Remember your dreams and tell her about them.
34. Tell each other your most sacred secrets/fears.
35. Be Prince Charming to her parents.
36. Brush her hair out of her face for her.
37. Hang out with his/her friends.
38. Go to church/pray/worship together.
39. Take her to see a romantic movie and remember the parts she liked.
40. Learn from each other and don't make the same mistake twice.
41. Describe the joy you feel just to be with him/her.

42. Make sacrifices for each other.
43. Really love each other, or don't stay together.
44. Let there never be a second during any given day that you aren't
thinking about them, and make sure they know it.
45. Love yourself before you love anyone else.
46. Learn to say sweet things in foreign languages.
47. Dedicate songs to them on the radio.
48. Fall asleep on the phone with each other.
49. Stand up for them when someone talks trash.
50. Never forget the kiss goodnight and always remember to say, "Sweet dreams."


glitter-graphics.com

Can I Borrow $25?

A man came home from work late, tired and irritated, to
find his 5-year old son waiting for him at the door.

SON: 'Daddy, may I ask you a question?'

DAD: 'Yeah sure, what it is?' replied the man.

SON: 'Daddy, how much do you make an hour?'

DAD: 'That's none of your business. Why do you ask such a

thing?' the man said angrily.

SON: 'I just want to know. Please tell me, how much do you
make An hour?'

DAD: 'If you must know, I make $50 an hour.'

SON: 'Oh,' the little boy replied, with his head down.

SON: 'Daddy, may I please borrow $25?'

The father was furious, 'If the only reason you asked that
is so you can borrow some money to buy a silly toy or some other
nonsense,

Then you march yourself straight to your room and go to bed. Think

about why you are being so selfish. I don't work hard everyday for such

Childish frivolities. ' The little boy quietly went to his room and
shut The door. The man sat down and started to get even angrier
about the Little boy's questions. How dare he ask such questions only to
get some

money? After about an hour or so, the man had calmed down , and started

To think: Maybe there was something he really neede d to buy with

That $25.00 and he really didn't ask for money very often. The man

went to the door of the little boy's room and opened the door. 'Are you

asleep, son?' He asked. 'No daddy, I'm awake,' replied the boy.
'I've been thinking, maybe I was too hard on you earlier' said the man
'It's been
a Long day and I took out my aggravation on you. Here's the $25 you
asked for.'

The little boy sat straight up, smiling. 'Oh, thank you daddy!'

He yelled. Then, reaching under his pillow he pulled out some

crumpled up bills. The man saw that the boy already had money,
started to Get angry again. The little boy slowly counted out his
money, and

Then looked up at his father. 'Why do you want more money if you

already have some?' the father grumbled. Because I didn't have enough,
but now I do,'the little boy repl ied. 'Daddy, I have $50 now. Can I
buy an

hour of your time? Please come home early tomorrow. I would like

To have dinner with you.'

The father was crushed. He put his arms around his little
son, and he begged for his forgiveness. It's just a short reminder to
all of

You working so hard in life. We should not let time s lip through

Our fingers without having spent some time with those who really

matter to us, those close to our hearts. Do remember to share that $50

worth of your time with someone you love.

If we die tomorrow, the company that we are working for
could Easily replace us in a matter of hours. But the family & friends
we

leave behind will feel the loss for the rest of their lives.

REAL FRIEND TEST!

This is GOOD...I expect it back too!
I especially like the last sentence!!!!!!

A simple friend, when visiting, acts like a guest.
A real friend opens your refrigerator and helps himself and doesn't
feel even the least bit weird shutting your 'Pepsi drawer' with her foot!

A simple friend has never seen you cry.
A real friend shoulder is
soggy from your tears ...


A simple friend doesn't know your parents' first names.
A real friend has their phone numbers in his address book.


A simple friend brings a bottle of wine to your party.
A real friend comes early to help you cook and stays late to help you clean.


A simple friend hates it when you call after they've gone to bed.
A real friend asks you why you took so long to call.


A simple friend seeks to talk with you about your problems.
A real friend seeks to help you with your problems.


A simple friend wonders about your romantic history.
A real friend could blackmail you with it!


A simple friend thinks the friendship is over when you have an argument.
A real friend calls you after you had a fight.


A simple friend expects you to always be there for them.
A real friend expects to always be there for you!

ချစ်သူကို ဘယ်အချိန်မှာ ဖုန်းဆက်တတ်သလဲ ???

ဖတ်ဖူးတာလေးပါ ။ ပျာ်ပျော်ပါးပါးပေါ့စမ်းကြည့်ကြတာပေါ့ ။ ကိုယ်ဘယ်လိုလူမျိုးလဲ ?

၁ ။ အိပ်ယာနိုးနိုးချင်း
၂ ။ လမ်းမပေါ်
၃ ။ အလုပ်ချိန်
၎ ။ အိပ်ယာမဝင်ခင်
၅ ။ ဆက်ချင်တဲ့အချိန်ဆက်တယ်

၁ . အိပ်ယာနိုးနိုးချင်းဆက်တက်သူ
အချစ်နဲ့ပတ်သက်လာရင် သင်ဟာ အရင်လှုပ်ရှားတတ်သူဖြစ်တယ်။ သင်ဟာအခွင့်အရေးကောင်းနဲ့ ကြုံရင် လက်မလွတ် တတ်သူဖြစ်တယ်။ အချစ်စစ်သူရဲကောင်း အမျိုးအစားဖြစ်တယ်။အချစ်အတွက် ပျော်ပျော်ကြီးစွန့်လွှတ် အနစ်နာခံရဲသူဖြစ်တယ်။ ချစ်သူဆီက ဘာမှမမျှော်ကိုးဘဲ ပေးဆပ်သူ၊ ချစ်သူကျေနပ်အောင် ကြင်နာသူ၊ ချစ်သူဆီက ဘာမှ တုန့်ပြန်မှု့မရလည်း အပြစ်မတင် တတ်သူဖြစ်တယ်။ အချစ်မှာ သင်ဟာပျော်နေတတ်ပေမယ့် အကြံတစ်ခုတော့ ပေးချင်ပါတယ်။ချစ်သူအပေါ် ထားတဲ့သင့်ရဲ့ကြင်နာ ယုယမှု့ တွေဟာ ချစ်သူအတွက် အကျင့်မဖြစ်သွားစေပါနဲ့။ ချစ်သူဆိုတာ နှစ်ဦး နှစ်ဖက် အပေးအယူမျှ ဖို့လိုပါတယ်။ သင့်အတွက် အလိုက်ဖက်ဆုံး သူဟာလည်း သင့်ကို ချစ်ခင်ကြင်နာတဲ့သူ။ သင့်ကိုတန်ဖိုးထားသူပဲ ဖြစ်သင့်ပါတယ်။

၂ . လမ်းမပေါ်မှာ ဆက်တတ်သူ
အချစ်ကြောင့် အရသာ မပျက်တတ်သူ ၊ ဘဝမှာ ပျော်ပျော်နေတတ်သူဖြစ်ပြီ အချစ်မရှားသူဖြစ်တယ်။ ဘဝရဲ့ ထောင့် တစ်နေရာ ရာ ကနေ ကိုယ့်အတွက်ပျော်ရွှင်မှု့ ကိုရှာတတ်သူဖြစ်ပြီး နှစ်ဦးနှစ်ဖက် ရဲ့ အပြောအဆို ကို အလွန်ဂရုစိုက်တတ်သူ ဖြစ်တယ်။ ချစ်သူ ဘာကို အလိုရှိသလဲဆိုတာ သင်သိဖို့အတွက် အကြံတစ်ခုပေးချင်ပါတယ်။ သင်ဟာ စန်းပွင့်တဲ့သူဖြစ်ပေမယ့် တစ်ယောက်တည်းကိုပဲ
သတ်သတ် မှတ်မှတ် ချစ်တဲ့ အချစ်ကမှ သင်နဲ့ အသင့်တော်ဆုံးဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ သင်ရဲ့စိတ် တစ်စိတ်တည်းနဲ့ လူအများ ကို ခွဲဝေပေးဖို့ မဖြစ်နိုင်လို့ ပါပဲ။

၃ . အလုပ်ချိန်မှာ ဆက်တတ်သူ
သင်ဟာ အချစ်လူရိုးကြီးပါ။ ရိုမတ်တစ် မဆန်သလို နားဝင်ချိုတဲ့ စကားကိုလည်း ပြောခဲသူဖြစ်တယ်။ အချစ်ဆိုတာ ဘဝရဲ့ တစ်စိတ် တစ်ဒေသလို့ ထင်သူဖြစ်တယ်။ သင်ဟာ အချစ်ကို ချစ်သော်လည်း အချစ်အတွက် ခေါင်းမစားသူဖြစ်တယ်။ သင့်အတွက် အကြံက အချစ်ကို သင်စတင်တော့မယ်ဆိုရင် သူငယ်ချင်းအဆင့်ကနေ တဖြည်းဖြည်း စတင်တာ အကောင်းဆုံးဖြစ်တယ်။ ဒါပေမယ့်
သူငယ်ချင်းအဆင့်ပဲရှိသေးတယ် သူငယ်ချင်းအဖြစ်နဲ့တော့ အရပ်ဆဲဖြစ်ဖို့လိုတယ်။

၎ . အိပ်ယာမဝင်ခင်ဆက်တတ်သူ
သင်ဟာ အချစ်ရဲ့ ကျေးကျွန်ဖြစ်တယ်။ အချစ်ကို ကိုးကွယ်သူဖြစ်တယ်။ချစ်သူက သင့်အပေါ် နည်းနည်းကောင်းပြ ကြင်နာပြတာနဲ့
သင်ဟာ သူ့အပေါ် ဆယ်ဆ ပြန်ကောင်းလိုက်တတ်တယ်။ ချစ်သူအလိုရှိတာကို ပါးစပ်က ဟ လိုက်တာနဲ့ သင်က ဘာမဆို အားလုံး အိုကေ စေရမယ် ဆိုတဲ့ အစားမျိုးဖြစ်တယ်။ သင့်ကို အကြံတစ်ခု ပေးချင်ပါတယ်။ တစ်ခါတစ်လေမှာ အချစ်ဆိုတာ တရားမမျှတ တဲ့ ကစား နည်းပါ ။ ပေးဆပ်မှု့နဲ့ ရယူမှု့ က ဘယ်တော့မှ တစ်ထပ်တည်း မကျဘူး။ ဒါကြောင့် အချစ်နွံထဲ အရမ်း နစ်ဝင်မသွားပါနဲ့။ နောက်
သင့်မှာ အချစ်အတွက် တိုင်ပင်ဖော်လေး လိုပါတယ်။ ဥပမာ သူငယ်ချင်း သို့မဟုတ် အိမ်သူအိမ်သား ။ သူတို့က သင့်အတွက် အကြံဥာဏ်
ကောင်းတွေ ပေးနိုင်ပါလိမ့်မယ်။

၅ . ဆက်ချင်တဲ့အချိန် ဆက်တတ်သူ
ချစ်သူ ကိုယ်ပေါ်ကနေ ကိုလိုချင်တဲ့အရာကို ရှာဖွေတတ်သူဖြစ်တယ်။ ချစ်သူလိုတစ်မျိုး သူငယ်ချင်းလိုတစ်မျိုး ကူညီစောင့်ရှောက်
တတ်သူလည်းဖြစ်တယ်။ တစ်ခြားသူနဲ့ ခင်မင်သွားလည်း ချစ်သူအပေါ် အချစ်မပြောင်းတတ်သူဖြစ်တယ်။ အကြံတစ်ခုပေးချင်တာက ချစ်
သက်တမ်းကြာလေလေ ချစ်သူရဲ့ အပြစ်အနာအဆာကို တွေ့မြင်နိုင်ဖို့ ခဲယဉ်းလေလေ ဖြစ်တတ်တာကြောင့် ချစ်သူအပေါ် မကျေနပ်တာ အလိုမကျတာ တွေကို စိတ်ထဲမှာ သိမ်းမထားဘဲ ချက်ချင်း ထုတ်ဖော် ပြောသင့်တယ်။ အလိုမကျတာတွေကို ရင်ထဲမှာပဲ သိမ်းဆည်း ထား ရင် နောက်ဆုံးမှာ အင်အားကြီးတဲ့ မီးတောက်အဖြစ် ပေါက်ကွဲနိုင်တယ်။

မမေ့နိုင်သော


ငါ့ခံစားချက်နဲ့ ဆန့်ကျင်ဘက်အရပ်သို့
ပြေးထွက်ခဲ့ရတဲ့ အဲဒီညနေခင်း
ငါ့ကိုငါကလွဲပြီး
ဘယ်သူကို မုန်းရမှာတဲ့လဲ

နင်မမှားခဲ့ပါဘူး
ငါ့ဘက်ကလည်း မှန်ခဲ့တာပဲလေ

ဆုံးဖြတ်ချက်ဆိုတာ
ဖြစ်ချင်တာကိုဆုံးဖြတ်ကြတာလား?
ဖြစ်သင့်တာကိုဆုံးဖြတ်ကြတာလား?

ငါဖြစ်ချင်တဲ့အခြေအနေလေး
ဖြစ်တည်ခွင့် မရခင်မှာပဲ
ဖြစ်သင့်တယ်ဆိုတဲ့ အဖြေတစ်ခုအတွက်
ငါ နာကျင်ခဲ့ပြီးပါပြီ

အဖြစ်အပြက်တွေ ဘယ်လိုပဲ
ပြီးဆုံး ပြောင်းလဲခဲ့ပါစေ
မစွန့်လွှတ်ချင်တဲ့ ဒီအတိတ်တစ်ခု
ငါ့ခရီးလမ်းတလျှောက်မှာ
ငါနဲ့ တပါတည်း သယ်ဆောင်ထားမိတုန်းပါပဲ

မှန်ပါတယ်
အတိတ်ဆိုတာ ပြီးဆုံးခဲ့ပြီးပါပြီ
သို့ပေမယ့်
ငါပျော်မွေ့စွာ နေထိုင်ဖူးလို့ပါ

ဘယ်မေ့နိုင်ပါ့မလဲ
ဒီမှတ်ဥာဏ်လေးတစ်ခု
ငါ သေသွားခဲ့ရင်တောင်
နောင်ဘဝထိ ပါသွားနိုင်တယ်။

သဉ္ဇာ

ကုန်ဆုံးခြင်း


နေ့ဘက် ဆို ငါ့ အရိပ် ကို ငါအဖော်ပြု

ညဘက် ဆို ငါ့ အဖော်က အိပ်မက်တွေပေါ့

ဒီလိုနဲ့ ငါဖြတ်သန်းလာတဲ့ နေ့ညတွေ

တစ်နှစ် တောင် ကျော်လာခဲ့ ပြီ ပဲ ။


သဉ္ဇာ