Showing posts with label ကိုယ်တိုင် ပြန်လည် သုံးသပ်ကြည့်ကြစို့. Show all posts
Showing posts with label ကိုယ်တိုင် ပြန်လည် သုံးသပ်ကြည့်ကြစို့. Show all posts

Hope ....














အခုတစ်လော စိတ်တွေက ရှုပ်နေတာ... ဘယ်အရာကိုမှ စိတ်မဝင်စားဘူး... လေချင်တိုင်းကိုလေ နေတာ..။
ဘာကိုမှလည်း စိတ်တိုင်းမကျ ၊ ကိုယ့်ကိုယ်ကိုလည်း ကြည့်မရ နဲ့ တစ်ယောက်တည်း ဖြစ်ချင်တိုင်းဖြစ်နေတာ။
ဘလော့ဂ် ကိုလည်းပစ်ထားတာ လုံးဝကိုလှည့်မကြည့်ဖြစ်ဘူး..။ တစ်နေ့ မေးလ်ကနေ ဒီစာလေး ရောက်လာတယ်...။
စာလေးတွေဖတ်ပြီး စိတ်ထဲမှာ တစ်ခုခု ရလိုက်တယ်လို့ ခံစားရလို့ သူငယ်ချင်းတွေအတွက် မျှဝေပေးလိုက်ပါတယ်..။
မက်မက်စကားကိုငှားသုံးရမယ်ဆိုရင်တော့ ဆားချက် လိုက်တာပေါ့နော်.... :P :P
သူငယ်ချင်းတွေ နှစ်သစ်မှာ မျှော်လင့်ချက်သစ်တွေနဲ့ ပျော်ရွှင်စွာ ခရီးဆက်နိုင်ကြပါစေ...။

အပိုဖြစ်သွားတဲ့ စကားလုံးလေးတွေ

ခုတလော စကားလေးတစ်ခွန်းကို သတိထားမိနေတာ။ ဘယ်သူ့ကိုမှ ပြန်မပြောနဲ့နော် ဆိုတဲ့စကားလေးပါ။ ကြားဖူးတာလည်းများနေပါပြီ၊ ပြောလည်းပြောခဲ့ဖူးတာပါပဲ။ ခုမှသေချာစဉ်းစားမိတာ။

လူတစ်ယောက်မှာ လျှို့ဝှက်ချက်ဆိုတာ ရှိနိုင်ပါတယ်။ အထူးသဖြင့် သဉ္ဇာ့လိုလူမျိုးဆို ဘာလေးလုပ်လုပ် လျှို့ဝှက်စွာလုပ်ရမှ ပိုပြီးအသက်ပါသလို ခံစားရတာ။ ဘာမှ ထူးခြားတဲ့ကိစ္စမဟုတ်တောင်မှ အဲဒါကိုပင် လျှို့ဝှက်ပြီးလုပ်နေရတာက ပိုပြီးအာရုံ စူးစိုက်နိုင်တာ။ ဒါကတော့ လူတစ်ဦးနဲ့တစ်ဦးတူချင်မှတူမှာပါ။ ဒါပေမယ့် လူဆိုတာ လျှို့ဝှက်ချက် ရှိတတ်ကြစမြဲပါ။

လူတစ်ယောက်က ကိုယ်ကိုတိုင်ရဲ့ လျှို့ဝှက်ချက် ဒါမှမဟုတ် ကိုယ်ပဲသိထားတယ် လို့ယူဆရတဲ့ သတင်း တစ်ခုကို ကိုယ့်ရဲ့ အယုံကြည်ရဆုံး တိုင်ပင်ဖော်တစ်ယောက်ကို ပြောပြတော့မယ်ဆိုရင်“ဘယ်သူ့ကိုမှ မပြောနဲ့နော်၊ ငါက မင်းမို့ပြောပြတာ”ဟု စကားပလ္လင်ခံတတ်ကြ၏။ အမယ်.. အတိုင်ပင်ခံရသူကလည်း ရုပ်တည်ကြီးနဲ့ အေးပါ စိတ်ချ ငါဘယ်သူ့ကိုမှ မပြောဘူး ပေါ့။ အဲဒီမှာ စတာပဲ..။ ကိုယ်ပြောလိုက်တဲ့သူကလည်း သူ့ရဲ့ အယုံကြည်ရဆုံး တစ်ယောက်ကို ဘယ်သူ့ကိုမှပြန်မပြောနဲ့နော်ဆိုပြီး ကိုယ့်ရဲ့ လျှို့ဝှက်ချက်ကို ဖောက်သည်သွားချနေမှာ။ အဲဒီနောက်တစ်ယောက်ကနေ နောက်တစ်ယောက်၊ နောက်တစ်ယောက်ကနေ နောက်တစ်ယောက်နဲ့ အားလုံးသိနေကြတဲ့ လျှို့ဝှက်ချက်ကြီးအဖြစ်ကိုရောက်သွားတော့တာပါပဲ။

ကိုယ့်ရဲ့လျှို့ဝှက်ချက်ကို အားလုံးသိနေကြတယ်ဆိုတာကို ကိုယ်ကိုယ်တိုင်ကနောက်ဆုံးမှ ပြန်သိလိုက်ရတာက သဘာဝပဲမဟုတ်လား။ အဲဒီလို ပြန်သိလိုက်ရတဲ့ အချိန်မှာ ခံစားရတဲ့ ခံစားချက်ကလည်း ဘယ်လိုမှ တင်စားစရာ စကားလုံးမရှိလောက်အောင် အီလည်လည် ကြီးဖြစ်ရတတ်သေးတယ်။ အပြစ်တင်ရမယ်ဆိုရင်လည်း“ဘယ်သူ့ကိုမှ မပြောနဲ့နော်”လို့ မိုက်မိုက်မဲမဲပြောခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရတော့မှာ။

အဲဒီတော့ ကိုယ်ပြောခဲ့မိတဲ့“ဘယ်သူ့ကိုမှ မပြောနဲ့နော်”ဆိုတဲ့ စကားလုံးလေးတွေက အလကားဖြစ်မသွားပေဘူးလား။ အဲဒီလိုဖြစ်နေတာတွေကိုပဲ လောကရဲ့ ပြုံးချင်စရာ အလွဲလေးတွေအဖြစ် လက်ခံလိုက်ရမလိုဖြစ်နေတာ။

ဆိုတော့ကာ တကယ်လို့များ သူငယ်ချင်းတို့မှာ တစ်ခြားသူတွေကို မသိစေချင်ဘူးဆိုတဲ့ လျှို့ဝှက်ချက်များရှိလို့ကတော့ တစ်စုံတစ်ယောက်ကိုမှ ယုံကြည်ပြီး “ဘယ်သူ့ကိုမှ ပြန်မပြောနဲ့နော်”လို့ မပြောမိစေနဲ့။ ပြောမိလို့ကတော့ အီလည်လည်ကြီးခံစားလိုက်ရမယ်။ ဂယ်ပြောတာ.. ...။ အဲဒီတော့ ကိုယ့်ရဲ့ တကယ့်လျှို့ဝှက်ချက်ဆိုရင် ကိုယ်တစ်ယောက်တည်းပဲ သိအောင် မျိုသိပ်ထားပါ။ တကယ့်ကိုပဲ ဘယ်လိုမှ မမျိုသိပ်နိုင်တော့ပါဘူးဆိုရင်လည်း မရ ရအောင် ကြိတ်မှိတ်၊ လှိမ့်ပိတ်ပြီး မျိုသိပ်ပါ။ အဲဒီခံစားချက်က အီလည်လည်ကြီးဖြစ်တာထက်စာရင် ကောင်းသေးတယ်။

သဉ္ဇာကတော့ ခုဆို မပြောသေးဘူးဆိုရင် ဘယ်သူ့ကိုမှ မပြောပြတော့ဘူး။ ပြောပြပြီဆိုရင်လည်း ဘယ်သူသိသိ အရေးမကြီးဘူးဆိုမှ ပြောတော့တာ။ အီလည်လည်ဖြစ်ရပေါင်းများတော့ မှတ်သွာတာ ဟဲဟဲ။

“ဘယ်သူ့ကိုမှ မပြောနဲ့နော်” အဲဒီစကားကို သူငယ်ချင်းတို့ ဘယ်နှစ်ကြိမ်များပြောခဲ့ဖူးပြီလဲ ၊ ဘယ်နှစ်ကြိမ်များ ကြားဖူးခဲ့ပြီလဲ ။

သေရမှာထက် ကြောက်မိတယ်.....

သိုးဆောင်းဘာသာစကားမှ ဝေါဟာရတစ်လုံးက ခုတလော ခေါင်းထဲတွင်စိုးမိုးနေသည်။ Update ဟူသောစကားလုံး။

ယခင်ကတည်းက ထိုဝေါဟာရ ရှိခဲ့ပါသည်။ သတင်းခေတ်သို့ရောက်လာပြီး ကွန်ပျူတာများ တွင်ကျယ်လာသောအခါ ထိုဝေါဟာရကို ပိုမိုအသုံးများလာသည်။

Update သည် ရက်စွဲမီအောင် ပြုလုပ်ယူသည် ဟူသော အနက်ရင်းရှိသည်။ သူ့ဆက်ကျင်ဘက် ဝေါဟာရမှာ out dated ဖြစ်သည်။ အနက်အဓိပ္ပာယ်မှာ“ရက်လွန်၊ ခေတ်ဆွေး”ဟူသော သဘောကိုဆောင်သည်။ မြန်မာတချို့ပင် ယင်းကို
“ဒိတ်အောက်နေပြီ” ဟု ကြားညှပ်သုံးစွဲသည်အထိ ထိုစကားလုံးက တွင်ကျယ်နေပါပြီ။

ဆိုတော့ update သည် ခေတ်နှင့်ရင်ပေါင်တန်းအောင် လုပ်ယူ သည်ဟူသော အနက်ကိုရလာသည်။ မြန်မာစာအဖွဲ့က ထုတ်ဝေသော အင်္ဂလိပ်-မြန်မာ အဘိဓာန်တွင်လည်း ခေတ်နှင့်အညီ မွမ်းမံသည် ဟု အနက်ဖွင့်ပေးထားပါသည်။

ဆိုကြပါစို့ ဆရာယုဒဿန်၏ မြန်မာ-အင်္ဂလိပ် အဘိဓာန်သည် ယခုခေတ်တွင် အသုံးမဝင်လှတော့။ ၁၉ ရာစုနှောင်းပိုင်းတွင် ပြုစုခဲ့သော အဘိဓာန်ကို နှောင်းလူတို့က ခေတ်မီအောင် ဖြည်းဖြည်းချင်း မွမ်းမံ မယူခဲ့ကြသောကြောင့် လွန်ခဲ့သော နှစ် ၂၀ ခန့်ထိ ထိုအဘိဓာန်ကို မရှိသုံးအဖြစ်ဖြင့်သာ ကြိတ်မှိတ် သုံးနေခဲ့ရသည်။

ယခုအခါတွင်မူ မြန်မာစာအဖွဲ့က ထုတ်ဝေလိုက်သော မြန်မာ-အင်္ဂလိပ် အဘိဓာန်ကြီး ပေါ်လာခဲ့လေပြီ။ ထိုအဘိဓာန်ကို ၁၉၉၃ ခုနှစ်တွင် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ ယခုထက်တိုင်တော့ ခေတ်မီနေဆဲဟု ပြောနိုင်သေးသည်။ သို့ရာတွင် ထိုအဘိဓာန်ထဲသို့ ဝေါဟာရသစ်များ ဖြည့်စွက်ပေးရန် လိုလာပေပြီ။

၁၉၉၃ ခုနှစ်ထုတ်တွင် ဆင်ဆာ၊ ဆင်ဒီကိတ် အစရှိသော မြန်မာသံဖလှယ်ကာ တွင်ကျယ်စွာသုံးနေသော ဝေါဟာရများပါသည်။ သို့ရာတွင် ဆယ်လူလာဖုန်း ဆိုတာ မပါသေး။ ယခုနှစ်များမှာပင်လျှင် ဆယ်လူလာဖုန်း၊ ခြင်းဖုန်း ဟူသော ဝေါဟာရသစ်များသည် နေ့စဉ် လူမှုဘဝထဲတွင် အသစ်အသစ် ပေါ်လျက်ရှိသည်။ ထိုဝေါဟာရများကိုပါ ဖြည့်စွက်ပေးနိုင်ပါမှ ခေတ်နှင့်ရင်ပေါင်တန်းနိုင်မည်။ ယင်းကို update လုပ်သည်ဟု ပြောကြပါသည်။

အလားတူပင် စာရင်းဇယား၊ ကိန်းဂဏန်း၊ စာအုပ်စာတန်းတချို့ကိုလည်း update လုပ်ဖို့လိုသည်။ တခြားမပြောနှင့် အိမ်သုံးစရိတ်၊ ဝင်ငွေ ထွက်ငွေစာရင်းပင် မနှစ်ကနှင့် သည်နှစ် ဘယ်လိုနည်းနှင့်မှ တူစရာအကြောင်းမရှိချေ။

ရက်စွဲမီအောင် လုပ်သည်ဟု အနက်ရင်းမှ ပွားလာကာ ခေတ်မီအောင် မွမ်းမံသည် ဟူသောစကားလုံး update ကလူသားများ၏ အသိဥာဏ်၊ အစွဲနှင့် အယူအဆများကို ခြယ်လှယ်နေပုံ ကား ပြောမဆုံးပေါင် တောသုံးထောင်။

တစ်ချိန်က လူမမာကို နွားနို့်သောက်ရန် ဆရာဝန်များက တွင်တွင်ညွှန်ကြားဖူးသည်။ ယခုအခါ နွားနို့တွင် ကိုယ်ခန္ဓာအတွက် ဘေးဖြစ်စေနိုင်သော ကိုလက်စရောဓါတ်တွေ ပါဝင်နေသဖြင့် ဆရာဝန်တွေက နွားနို့သောက်ရန် မညွှန်ကြားကြတော့။ အလားတူပင် လွန်ခဲ့သော ဆယ်နှစ်လောက်ထိ ဆေးထိုးလျှင် ရောဂါမြန်မြန်ပျောက်သည်ဟု လူတိုင်း လိုလိုစွဲနေကြသည်။ ယခုခေတ်တွင် မလိုအပ်ဘဲ ဆေးမထိုးသင့်ဟူသော အသိကို ရလာကြပြီ။

တစ်ခေတ်ဆီက အမျိုးကောင်းသမီးများသည် လက်ဖက်ရည်ဆိုင်ထဲသို့ ဝန်ရန် လုံးဝ မဝံ့ရဲခဲ့ကြ။ ယခုခေတ်တွင် အမျိုးသမီးတွေ လက်ဖက်ရည်ဆိုင်ထိုင်ရမှာ ဝန်မလေးကြတော့။ ယခင်က လက်နှိပ်စက် သင်တန်းတွေ ပလူပျံနေခဲ့ဖူးသည်၊ အခုခေတ်ကျတော့ ကွန်ပျူတာ သင်လာကြသည်။ တစ်ခေတ်က မိန်းကလေးပဲ သေစာရှင်စာလောက်တက်ရင် တော်ရောပေါ့ဟု အများစုက အောက်မေ့ခဲ့ကြသည်။ အခုခေတ်မှာတော့ ဌာနအဖွဲ့အစည်းစုံမှာ ယောက်ျားလေးဝန်ထမ်းအင်အားထက် မိန်းကလေးအင်အားက ပိုများတာတွေပင် ရှိနေပြီ။

ထိုအခါ လက်ရှိအခြေအနေနှင့် ရင်ပေါင်တန်းနိုင်အောင် update လုပ်ခြင်းသည် ရှင်နေသော လူ့ဘဝ၏ လိုအပ်ချက်ဖြစ်နေသည်။

ဟုတ်သည်။ လူသည် အသက်ရှင်နေသည်။ ရှင်နေသမျှ ပြောင်းလဲနေသော ပတ်ဝန်းကျင်ထဲတွင် နေကြစမြဲဖြစ်သည်။ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင်၊ တစ်နည်းအားဖြင့် ခေတ်နှင့် လိုက်လျောညီထွေဖြစ်အောင် နေနိုင်ရေးအတွက် အရာရာကို ခေတ်နှင့် ညှိယူကြရသည်။

ထိုအရာရာဆိုသည့်အထဲတွင် လူတစ်ဦးချင်းစီ၏ အသိဥာဏ်၊ အစွဲနှင့် အယူအဆလည်း ပါသည်။ ရှင်နေသမျှ ကာလပတ်လုံး (ဝါ) မသေမချင်း အသိဥာဏ်ကို ခေတ်နှင့်အညီ မွမ်းမံနိုင်ပါမှ တန်ကာကျမည်။ သေလွန်သွားမှသာ လူတစ်ယောက်အနေဖြင့် ထိုတစ်ဘဝတာ အတွက် update လုပ်စရာမလိုတော့တာ ဖြစ်ပေမည်။

သို့ရာတွင် လူတိုင်းလူတိုင်းက ထိုသို့မိမိကိုယ်ကို ခေတ်မီအောင် မွမ်းမံလေ့မရှိကြသည်ကား အမှန်ပင်။ တချို့ကလည်း ထိုသို့ မွမ်းမံယူရကောင်းမှန်း မသိ။ တစ်ချို့နေရာတွေမှာဆို ကိုယ်ကိုတိုင်ရဲ့အယူအဆတွေက ထိပ်ဆုံးက ပါနေသေးသည်။ တစ်ခါတစ်လေ သူများတွေ ရိုးရိုးစင်းစင်းလေး တွေးသွားတဲ့နေရာမျိုးမှာ ကိုယ့်အတွက်ကျတော့ ခက်ခဲလွန်းနေတတ်တယ်။ ဒီအယူအဆကို လက်ခံလိုက်ဖို့ ကိုယ့်အတွက် တော်တော်လေးကို မလွယ်ကူတာ ကြုံလာရတယ်။ ကိုယ့်အတွေးအခေါ်တွေကပဲ update လုပ်ဖို့ လိုအပ်နေလို့များလား ၊ ကိုယ့်ရဲ့ အစွဲတွေ၊ အတ္တတွေကပဲ ခေတ်လွန်နေလေပြီလား... ။

ရှင်လျှက်နှင့် သေသည် ဆိုတာ ဘဝမှာ စဉ်းစားတွေးခေါ်မှုနဲ့ ဦးဏှောက်ရင့်ကျက်မှုနှုန်း နှေးကွေးရပ်တန့်နေသည်မျိုးလား ဟုတွေးနေမိပါသည်။ အသက်ရှင်နေပါလျက်နှင့် အသိဥာဏ်၊ အတွေးအမြင်များ သေနေခြင်းအား ရှင်လျက်သေသည်ဟုသာ ခေါ်ဆိုအပ်သည်ဟု ထင်ပါသည်။

သေခြင်းတရားကို စဉ်းစားဖူးသလို သေလိုက်ရမှာကိုလည်း သိပ်တော့ အကြောက်ကြီးမဟုတ်ပါ။ သို့သော် ရှင်လျက်နှင့် သေသွားမှာကိုတော့ လွန်စွာ ကြောက်လှပါသည်။

ကိုဗှေး ရဲ့ တစ်ဖက်သက်

ဒီတစ်ခါတော့ စာရေးဆရာ ကိုဗှေး ကိုယ်တိုင်ကြုံလိုက်ရတဲ့ အဖြစ်တစ်ခုကို ပြောပြမှာပါ။

အဖြစ်လေးကတော့ တစ်မနက် နယူးယောက်မြို့ မြေအောက်ရထားထဲတွင် ဖြစ်သည်။ လူတွေက အေးအေး ဆေးဆေး ထိုင်နေကြတယ်။
တစ်ချို့က သတင်းစာဖတ်၊ တစ်ချို့က အတွေးထဲမှာ မျောနေ၊ တစ်ချို့ကျတော့ မျက်လုံးကိုမှိတ်ပြီး နားနေကြတယ်။ ကျောင်းသင်ခန်းလေး တစ်ခုလို ငြိမ်သက်တိတ်ဆိတ်နေတဲ့ မြင်ကွင်းလေးတစ်ခုပါ။

အဲဒီ့ အချိန်မှာ ရထားထဲကို လူတစ်ယောက်နဲ့ ကလေးတွေ ဝင်ချလာတယ်။ ကလေးတွေက အော်ကြီးဟစ်ကျယ်နဲ့ တက်ကြွလှုပ်ရှားလွန်း
နေတာမို့ ရထားတွဲလေးထဲက ငြိမ်သက်တဲ့ဥတုလေးဟာ ချက်ချင်းကို ပြောင်းသွားတော့တယ်။

ဝင်လာတဲ့သူက ကျွန်တော့်ဘေးမှာ ဝင်ထိုင်လိုက်ပြီး မျက်လုံးကို စုံမှိတ်နေတယ်။ သူ့ပုံက အခြေအနေကို နည်းနည်းလေးမှ မရိပ်စားမိဘူးဆိုတာ သေချာတယ်။ ကလေးတွေက တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အော်ဟစ်ကြလို့၊ တွေ့ကရာ လျှောက်ပစ်တဲ့ သူက ပစ်၊ တစ်ယောက်ကဆို တွဲထဲက လူတွေ ဖတ်နေတဲ့ သတင်းစာတွေကိုတောင် သွားဆွဲလားဆွဲနဲ့။

တော်တော့်ကို မျက်စိနောက်စရာ ကောင်းနေတာပါ။ ဒါပေမယ့် ကျွန်တော့်ဘေးက လူကတော့ သူ့ကလေးတွေကို တစ်ခွန်းမှ ဟန့်ဖော်မရဘူး။ ကျွန်တော့်စိတ်ထဲမှာ တော်တော့်ကို ကသိကအောက်ဖြစ်လာတယ်။ မဖြစ်ဘဲကို မနေနိုင်တော့ဘူး။ ကိုယ့်ကလေးတွေ သည်လောက် သောင်းကျန်းနေတာကို နေစိမ့်ပြီး တစ်ခွန်းမှ ဟန့်ဖော်မရတဲ့ သူ့ကိုလည်း ကျွန်တော် ဘယ်လိုမှကို နားမလည်တတ်တော့ဘူး။ တော်တော် တာဝန်မဲ့တဲ့ဖအေပဲလို့ အောက်မေ့နေမိတယ်။

တစ်တွဲလုံးက လူတွေလည်း ကျွန်တော့်လိုပဲ သိသိသာသာကို စိတ်အနှောင့်အယှက် ဖြစ်နေကြပြီ။ နောက်ဆုံးတော့ ကျွန်တော်လည်း ဘယ်လိုမှ မအောင့်နိုင်တော့ဘူး။ သူ့ဘက်လှည့်ပြီး ပြောလိုက်ရတော့တယ်။

“သည်မယ်နောင်ကြီး၊ နောက်ကြီးရဲ့ ကလေးတွေကြောင့် ဘေးလူတွေ တော်တော့်ကို အနှောင့်အယှက်ဖြစ်ကုန်ကြပြီဗျာ။ နည်းနည်းလောက် ပြောပါဦးလားဗျာ”

အဲဒီလူလည်း မျက်လုံးပွင့်လာပြီး ကလေးတွေကို ငေးနေတယ်၊ သူကြည့်နေပုံက ရထားတွဲကြီတစ်တွဲလုံးကို အခုမှ မြင်ဖူးပြီး သူ့ကလေး တွေကိုလည်း အခုမှ မြင်ရသလိုမျိုးကြီးရယ်။ ပြီးတော့ ခပ်လေးလေး ပြန်ပြောတယ်။

“ဟုတ်သားပဲဗျာ။ ကျွန်တော် ကလေးတွေကို ပြောလိုက်ပါဦးမယ်။ ကျွန်တော်တို့က အခုပဲ ဆေးရုံက ပြန်လာတာဗျ။ ကလေးတွေရဲ့အမေ လွန်ခဲ့တဲ့ တစ်နာရီလောက်ကပဲ ဆုံးသွားတယ်လေ။ ကျွန်တော်လည်း ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး၊ သူတို့လေးတွေလည်း ရုတ်တရက် အမိမဲ့သွားတဲ့ အနေအထားကို ဘယ်လိုရင်ဆိုင်ရမယ်မှန်း မသိတတ်သေးတော့ ထင်ရာ လျှောက်လုပ်ရင်း ဖြစ်ကုန်တယ် ထင်ပါရဲ့ဗျာ” တဲ့။

စာဖတ်သူအနေနဲ့ အဲဒီအချိန်မှာ ကျွန်တော ဘယ်လိုခံစားလိုက်ရမယ်ဆိုတာကို မှန်းဆနိုင်မယ်ထင်ပါတယ်။ ကျွန်တော် မူလမြင်ထားတဲ့ အမြင်ကနေ ရုတ်ချည်းပြောင်းလဲသွားတယ်။ အမြင်ပြောင်းသွားတဲ့အတွက် အတွေးလည်း ပြောင်းသွားသလို၊ ခံစားချက်လည်း ပြောင်းသွားတယ်၊ အမူအရာလည်း ပြောင်းသွားပါတော့တယ်။

ကျွန်တော့်စိတ်ထဲမျာ အနှောင့်အယှက်ဖြစ်နေခဲ့တာတွေ ချက်ချင်းပျောက်သွားတယ်။ သည်လူ့ကို စာနာစိတ်နဲ့ သနားတဲ့စိတ်က ချက်ချင်း ဖြစ်လာတယ်။ သူ့ကိုအားပေးဖို့ စိုင်ပြင်လိုက်မိတယ်။ အခြေအနေက ရုန်ချည်းပြောင်းသွားတော့တာပါပဲ။

ဒါလေးက စာရေးဆရာ ကိုဗှေး ရဲ့ ကိုယ်တွေ့လေးတစ်ခုပေါ့။

“သူ့ဖက်ကကြည့်တော့ လက်ဖဝါး ၊ ကိုယ့်ဖက်ကကြည့်တော့ လက်ဖမိုး”
တစ်ခါတစ်လေ တို့တွေ တစ်စုံတစ်ယောက်ကို အပြစ်တွေ မမြင်ကြခင် ကိုယ်မသိသေးတဲ့ သူ့ဘက်အခြမ်းက ဘာတွေဖြစ်နေလို့များလဲ၊ ကိုယ်မတွေးမိလိုက်တဲ့ သူတစ်ဖက်သားရဲ့ အခြေအနေက ကိုယ်ထင်တာထက်ကို ဆိုးရွားလွန်းနေတတ်တာကို သတိလေး ထား လိုက်ကြရအောင်။

ဝင်းဦးရဲ့ တစ်ဖက်သက် ....

“တစ်ဦးတစ်ယောက်ကို သူ့အကြောင်း အတွင်းကျကျ မသိဘဲနဲ့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်ချတတ်တာဟာ လူသတ်သမားစိတ် တစ်မျိုးပဲ။ တစ်ပါးသူကို မိမိရဲ့ စွပ်စွဲမှုကြောင့် ရှင်လျက်နဲ့ သေစေသလို အချိတ်တန်လို့ အမြင်မှန်ရလာတဲ့ အခါမှာလည်း မိမိကိုယ်တိုင် နောင်တကြောင့် ရှင်လျက်နဲ့ သေကြရတယ်”

ဒီစာသားလေးကို ရေးခဲ့သူကတော့ မေမေ တို့ခေတ်တုန်းက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် ဝင်းဦး ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်က ရေးသားထားတာဖြစ်ပြီး၊ ၁၉၆၉ ခုနှစ်တွင် ပြန်လည်ဖော်ပြထားတာပါ။ သူကဒီစာသားလေးနဲ့ သူရဲ့ ဝတ္ထုကို အစ ဖွင့်ထားတာပါ။ သူ့ရဲ့ ဝတ္ထုကို အတိုချူပ် ပြောပြပါမယ်။

တပ်ကြပ်ကြီးမြင့်နိုင်ရဲ့ လက်အောက်သို့ တပ်ကြပ်ထွေးကို ဆိုသူတစ်ဦး ရောက်လာသည်။ ထိုထွေးကို မှာ လူရည်သန့်ဖြစ်သလို ရည်လည်းရည်မွန်သဖြင့် အားလုံးက ခင်မင်ကြသည်။ သန်သန်မာမာ ဖျတ်ဖျတ်လတ်လတ်လည်း ဖြစ်သဖြင့် ပထမတွင် မြင့်နိုင် ကိုယ်တိုင်က လက်ရုံးကောင်းရပြီဟု ထင်ခဲ့သည်။

ထွေးကိုကား တာဝန်ကျေပွန်သူ၊ စည်းကမ်းရှိသူ၊ စာရိတ္တကောင်းသူ၊ လူတိုင်းနဲ့ တည့်သူလည်းဖြစ်သည်။ သို့သော် ရေရှည်တွင် မြင့်နိုင်က ထွေးကိုအား နည်းနည်းမှ ကြည့်မရတော့။

မြင့်နိုင်က တကယ့်စစ်သား။ စစ်မတိုက်သော စစ်သားကို အထင်ကြီး၍မရသော လူမျိုးဖြစ်နေသည်။ ထွေးကိုက တိုက်ပွဲထွက်ရန် အချိန်ကျလာတိုင်း အလိမ္မာနှင့် ရှောင်ပြေးနေသည်ချည်းတွေ့ရသောအခါတွင် မြင့်နိုင်က ထွေးကို ကို အလွန်ရွံရှာ အထင်သေးသွားတော့သည်။

သည်လိုနှင့် အထက်အရာရှိကို ပြောပြီး ထွေးကိုအား မြင့်နိုင်ကို သူ့တပ်ထဲတွင် ဆက်မထားဖြစ်ရန် ဆောင်ရွက်လိုက်သေးသည်။ သို့ရာတွင် အဆင်မသင့်ချင်တော့ ထွေးကို ပြောင်းသွားသော တပ်မှ တပ်စု တပ်ကြပ်ကြီး အူအတက်ပေါက်ပြီး ဆေးရုံတက်နေသဖြင့် ထွေးကိုတို့ တပ်စုကိုပါ မြင့်နိုင်က ပူးတွဲ လုပ်ချုပ်ရသည်။

ဖြစ်ချင်တော့ ထိုအချိန်တွင်မှ စစ်ဆင်ရေးတာဝန်က ပေါ်လာသည်။ ထိုအခါ ထွေးကိုက နေမကောင်းသဖြင့် ဆေးရုံတက်ချင်ကြောင်း တစ်ဆင့်ပြောလာသည်။ တပ်ကြပ်ကြီးမြင့်နိုင် ထောင်းခနဲဖြစ်ပြီ။

ထို့ကြောင့် သူ့တပ်စုနှစ်စုမှ တပ်သားအားလုံးကို တန်းစီစေပြီး ဆုံးမစကားပြောတော့သည်။ စစ်သားသည် စစ်မတိုက်ဝံ့ပါက အလွန်ရှက်ဖို့ ကောင်းကြောင်း ပစ်ပစ်နှစ်နှစ်ကြီး ပြောလိုက်ခြင်းဖြစ်သည်။ သူမည်သူ့ကို ရည်ရွယ်ကြောင်း တပ်စုနှစ်စုလုံး သိသကဲ့သို့ ထွေးကို ကိုယ်တိုင်လည်း သိသည်။ မြင့်နိုင်ပြောနေချိန်တွင် ထွေးကို၏မျက်နှာကား ရဲရဲ နီလျက်။

ထိုနေ့ညနေတွင် ထွေးကိုက မြင့်နိုင်ထံသွားရောက်ပြီး ဆေးရုံမတက်လိုတော့ကြောင်း အကြောင်းကြားကာ စစ်ဆင်ရေးလိုက်ရန် ဆုံးဖြတ်လိုက်ကြောင်းကို ယတိပြတ် ပြောလေတော့သည်။

သည်လိုနှင့် ထွေးကိုသည် စစ်သားတစ်ဦး အနေနှင့် ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲဝင်ခဲ့သည်။ သို့ရာတွင် ရန်သူ့စခန်းသိမ်းမိနေစဉ်တွင်ပင် ထွေးကို သည် ရန်သူ့ကျည်သင့်ပြီး ကျဆုံးသွားလေသည်။

အသက်ထွက်ခါနီးတွင် ထွေးကိုက မြင့်နိုင်ကိုမှာသည်။ သူစုထားသည့် ငွေနှင့် တပ်မတော်ကပေးမည့် သက်စွန်းကြေးပါ နှစ်ရပ်ပေါင်းပြီး သူ့မိခင်ကြီးအား မြင့်နိုင်ကိုတိုင်သွားပေးရန် ခပ်စင်းစင်း မှာခြင်းသာဖြစ်သသည်။

ကိစ္စဝိစ္စပြီးသောအခါ ထွေးကိုပေးသည့် လိပ်စာအတိုင်း ထွေးကို့မိခင်ကြီးရှိရာ ရွာကို မြင့်နိုင်ရောက်သွားသည်။ လိပ်စာမှာ ရွာဦးဘုန်းကြီးကျောင်း လိပ်စာဖြစ်သဖြင့် ကျောင်းထဲရှိ ကပ္ပိယကြီးကို စုံစမ်းရာ ဘုန်းကြီးကျောင်းဝင်းထဲရှိ တဲအိုလေးပေါ်မှ အမယ်အိုကို ပြသည်။

“မောင်ထွေးတို့ဟာ အမေတစ်ခု၊ သားတစ်ခုပါ ရဲဘောကြီးရယ်။ ဆွေမျိုးမရှိကြဘူး။ မောင်ထွေးကိုဟာ အမေမျက်မမြင်ကြီးကို လုပ်ကျွေးဖို့ စစ်ထဲဝင်သွားတာပဲ။ အားကိုးစရာ ဒီသားတစ်ယောက်သာ ရှိတာမို့ သေဘေးက ဝေးအောင် တိုက်ပွဲခိုက်ပွဲတွေ မထွက်ဖို့ ကတိတောင်းလို့ မောင်ထွေးကို ကတိပေးရှာတယ်။ အမေကြီးကလည်း စိတ်ချလက်ချ၊ ဘုန်းကြီးကျောင်းမှာ မောင်ထွေးကို ထောက်ပံ့ငွေကလေးနဲ့ နေရရှာတာပါ” ဟု ကပ္ပိယကြီးက ရှင်းပြသောအခါ မြင့်နိုင်တစ်ယောက် ဆောက်တည်ရာမရအောင် ဖြစ်သွားတော့သည်။

သည်လိုနှင့် မြင့်နိုင်က ထိုအမယ်ကြီးကို အမေအဖြစ် တစ်သက်စာ စောင့်ရှောက်ရန် ခေါ်လာခဲ့ကြောင်းဖြင့် ဝင်းဦးက သူ့ဝတ္ထုကို ဇာတ်သိမ်း ထားလေသည်။

ကဲ ဒါပါပဲရှင် .... ။ အမှန်အတိုင်းဝန်ခံရရင်တော့ဖြင့် သဉ္ဇာလဲ အဲဒီလိုအပြစ်မျိုးနဲ့ မလွတ်ကင်းဘူးဆိုတာ ဝန်ခံရပါလိမ့်မယ် .. ။ ဘယ်သူမှ မမေးခင် ဝန်ခံထားတာ ဟီးဟီး ။ သူ့လောက် ပြင်းထန်တဲ့အမှား မဟုတ်ပေမယ့် မှားမှန်းသိချိန်မှာ ကိုယ်ကိုယ်တိုင် တော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ်။ နောက်နောင်များဖြင့် ဒီလိုအမှာမျိုး မဖြစ်နိုင်သမျှ မဖြစ်ရလေအောင် သတိထားပြီး ကြိုးစားနေပါတယ်။

နားပါပေမယ့် ကြားသာရဲ့လား ???

စာအုပ်ထဲမှာ စိတ်ကနစ်နေတယ်။ ဘေးခန်းက ဖွင့်ထားတဲ့ သီချင်းသံ ဆူဆူညံညံ၊ အပေါ်ထပ်က ဆက်တိုက်ထောင်းနေတဲ့ ငရုတ်ဆုံသံ တဒုံးဒုံး၊ အောက်ထပ်က ကလေးငိုသံ တဂွဲဂွဲ၊ ဘာတစ်ခုမှ မကြားဘူး။ စာထဲမှာပဲ စိတ်နစ်နေတာ။ ဒါက ထင်ရှားတဲ့ ဥပမာ။

တစ်ခါတစ်လေကျတော့ ကိုယ်ကတွေးချင်ရာတွေးနေမယ်၊ ကိုယ့်စိတ်က ရောက်ချင်ရာရောက်သွားတယ်၊ ကိုယ်နဲ့အတူရှိနေသူက စကားတွေ တရစပ်ပြောနေရင်းက“ဖြေပါဦး”လို့ပြောတဲ့အခါကျတော့မှ“ဟင်...ဘာမေးလိုက်လို့လဲ” လို့ဖြစ်သွားတာမျိုးလည်း ကြုံဖူးကြပါလိမ့်မယ်။

ပြောချင်တာက နားထဲကိုဝင်နေပေမယ့် ကြားရဲ့လားဆိုတဲ့ပြဿနာပါ။ ရယ်စရာကောင်းတာတစ်ခုက “နားထောင်” တဲ့အလုပ်ကို မွေးကင်းစမှ သေသည်အထိ တစိုက်မတ်မတ်လုပ်နေရ၊ သုံးစွဲနေရတာ မှန်ပေမယ့် “နားထောင်နည်း၊ နားစိုက်နည်း” ကိုတော့ ဘယ်သူကမှ စနစ်တကျ သင်မပေးခဲ့ကြပါဖူးတာပဲ။

လူလူချင်း ဆက်ဆံရေး ပြဿနာတွေရဲ့ အခြေခံမှာ အဲဒီ့ ကောင်းကောင်းမကြားလိုက်တာက အဓိကပါပဲ။“ကြားပါတယ်” လို့ ပြောဖြစ်တဲ့အခါ အသံတွေနားထဲ ဝင်လာခြင်းမျှသာဖြစ်ပါတယ်။ ခွေးဟောင်သံလည်း ကြားလိုက်တာပဲ၊ ကားဟွန်းသံလည်း ကြားလိုက်တာပဲ။ ဒါပေမယ့် “နားစိုက်တယ်” ဆိုတာကျတော့ အနက်ဖွင့်တာ၊ သုံးသပ်တာ၊ နားလည်တာ၊ တုံ့ပြန်တာ နဲ့ မှတ်သားတာများ ပါဝင်သွားပါတော့တယ်။

နောက်က ဟွန်းတီးတယ်၊ ခတ်ဆတ်ဆတ် ၄- ၅- ချက်ဆင့်တီးတဲ့အခါ “ဒါ စိတ်မရှည်စွာ တီးလိုက်သံပဲ” လို့ အနက်ဖွင့်ပါတယ်။ သည်အခါမှာ ”ရှေ့မှာ ကားတန်းကြီး ပိတ်နေတာကို မစာနာတတ်သူ” လို့ သုံးသပ်နားလည်လိုက်ပါတယ်။ နောက်တစ်ကြိမ် သည်လိုဟွန်းတီးသံမျိုးဆိုရင်လည်း စိတ်မရှည်လို့ တီးတဲ့ဟွန်းသံလို့ ဦးနှောက်က အလိုလို မှတ်သားလိုက်ပါပြီ။

ဒါ စကားပြောတာ မဟုတ်သေးပါဘူး။ ဟွန်းသံလေးတစ်ခုကို ကြားလိုက်ချိန်မှာ ဖြစ်သွားတာပါ။ လူတစ်ဦးနဲ့ တစ်ဦး ပြောဆိုဆက်သွယ်တဲ့ အခါမှာတော့ တို့တတွေက စကားတွေကို ကြားချင်သလို ကြားတတ်ပါတယ်။

“ဟား... ဝတ်ကောင်းစားလှတွေနဲ့ ကျော့လို့ပါလား၊ ခုလိုကျတော့လည်း တော်တော်နုသွားတာပဲ”

ကြားလိုက်တဲ့စကားကို ဘယ်လိုသုံးသပ်မှာလဲ။ ဒါ သက်သက်မဲ့ ရိတာလို့ တွေးရင်လည်းရပါတယ်။ ဒါမှမဟုတ် ချီးကျူးတာ သက်သက်ပဲလို့ ကောက်ရင်လည်း ဖြစ်တယ်။ ဒါမှမဟုတ် “နုသွားတာပဲဆိုတော့ ကျုပ်က အိုပြီပေါ့” လို့ အထအန ကောက်လိုက်မယ် ဆိုလည်း ဖြစ်နေသေးတယ်။

စကားဆိုတာ ကား တတ်တဲ့သဘာဝ ရှိတယ်ဆိုတဲ့ မြန်မာဆိုရိုးစကားတစ်ခု ရှိပါတယ်။ အမှန်က စကားတွေက ကားသွားတာထက် အစကတည်းက ပီပီပြင်ပြင် မကြားလိုက်တာပါ၊ ဒါမှမဟုတ် ကိုယ်လိုချင်သလို ကောက်ယူပြီး ကြားနာလိုက်တာသာဖြစ်ပါလိမ့်မယ်။ သူ့အဓိပ္ပာယ်နဲ့သူ ပြောလိုက်တာကို ကိုယ့် အဓိပ္ပာယ်နဲ့ ကိုယ် ကြားလိုက်ပြီး ပြန်ပြောတဲ့အခါ တတိယလူကလည်း သူအတွေးနဲ့သူ နားလည်သွားရင်းက စကားတွေ ကားကုန်တဲ့သဘော ဖြစ်နိုင်ပါတယ်။

မိတ်ဆွေချင်း၊ လုပ်ဖော်ကိုင်ဖက်ချင်း၊ အိမ်နီးချင်း၊ အထက်လူနဲ့အောက်လူ၊ မောင်နှမ၊ သားအမိချင်း၊ လင်မယားချင်း ဖြစ်ကြသမျှ ပြဿနာတွေမှာ သူပြောချင်သလို ပြောလိုက်တာကို ကိုယ်ကြားချင်သလို ကြားလိုက်တာက အဓိက လက်သည်ပါပဲ၊

အဲတော့ကာ နားထောင်နေတိုင်း လုံးစေ့ ပတ်စေ့ ကြားရဲ့လားဆိုတာကို လူတိုင်းစဉ်းစားဖို့ လိုပါလိမ့်မယ်။ သူများပြောလိုက်တဲ့စကားက ကိုယ့်အတွက် စိတ်ဆိုး၊ ဒေါသထွက်စရာ ဖြစ်နေမယ်ဆိုရင်တောင် သူ တကယ်ပဲ ကိုယ့်ကို ဒေါသထွက်စေလို၊ စိတ်ဆိုးစေလိုတဲ့ အဓိပ္ပာယ်နဲ့ ပြောတာ သေချာရဲ့လား တစ်ချက်လောက် ပြန်လည် သုံးသပ်ကြည့် ဖြစ်မယ်ဆိုရင်၊ ဒေါသမီးလေးများ လျှော့ပါး သွားစေမလား။ တကယ်လို့သာ သူက ကိုယ့်ကိုစိတ်ဆိုးစေလိုတဲ့ ဆန္ဒ မရှိခဲ့ဘူးဆိုရင် ကိုယ့်မှာ ဒေါသထွက်လိုက်ရတာသာ အဖတ်တွေတင်ပြီး မျက်နှာပျက်စရာတွေ ဖြစ်ကုန်ရင် မကောင်းဘူးပေါ့။

သူငယ်ချင်းတို့တွေလည်း ကြားလိုက်တဲ့စကားလုံးတိုင်းကို အဓိပ္ပာယ်ကောက် မမှားကြပါစေဖို့ ဆန္ဒပြုပါတယ်။

လက်ဆောင်ကောင်းလေး....

“တစ်ဖက်လူဆီက ကိုယ် ဘာလက်ဆောင်မျိုး မျှော်လင့်ပါသလဲ ?
အဲဒီအရာကို လက်ဆောင်အဖြစ် သင်က အရင်ပေးပါ ”


တစ်ချို့က အားပေးစကားတွေလိုအပ်နေတတ်တယ်၊ တစ်ချို့က ချီးကျူးစကားတွေ လိုအပ်တယ်၊ တစ်ချို့ကတော့ ဂရုစိုက်မှုကို လိုအပ်နေကြပါတယ်။ ကိုယ်က အားပေးစကားလေးတစ်ခွန်း၊ ချီးကျူးစကားလေးတစ်ခွန်း ပြောလိုက်ရတာ ဘာမှ ဝန်မလေးပေမယ့်၊ ကိုယ့်ရဲ့ သူ့အပေါ်ထားလိုက်တဲ့ ဂရုစိုက်မှုလေးတစ်ခုက သူ့အတွက် အရမ်းကိုအားဖြစ်ထွန်းစေခဲ့မယ်ဆိုရင် သင်“ပီတိ” ဆိုတဲ့ဝမ်းသာခြင်းကို ခံစားရမှာအမှန်ပါပဲ။ ဂရုစိုက်မှုဆိုတာ ပိုက်ဆံတွေ အများကြီး အကုန်ခံပြီး တန်ဖိုးကြီးတာတွေ ဝယ်ပေးမှ ဂရုစိုက်တယ်လို့ ခေါ်တာ မဟုတ်ပါဘူး။ သမရိုးကျ အပြုအမူလေးတွေကပဲ ဂရုစိုက်မှုကို ဖော်ပြ နေတာပါ။ အထူးသဖြင့် မိသားစုနဲ့ခွဲပြီး ရေခြားမြေခြားမှာ နေနေကြတဲ့ သူတွေဆို ဒီလိုလက်ဆောင်မျိုးကိုပဲ ပိုပြီးတောင့်တကြမှာပါ။

သဉ္ဇာ့မှာ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ သူ့မှာ မိဘ တွေမရှိကြတော့ဘူး၊ အကိုဖြစ်သူနဲ့မောင်နှမ နှစ်ယောက်တည်း နေကြတာပါ။ သူက အရမ်းကိုတော်ပါတယ်။ မိန်းကလေးတစ်ယောက်အနေနဲ့ဆိုလည်း တော်တော်လေး စိတ်ဓာတ်ကြံ့ခိုင်တယ်လို့ဆိုရမယ်။ တစ်နေ့တော့ သူနဲ့စကားတွေပြောကြရင်းနဲ့ သဉ္ဇာ့ကို သူတစ်ခုပြောလာပါတယ်။ “ငါ နင့် ကိုအားကျတယ်”တဲ့ ။
သဉ္ဇာအံ့သြသွားပါတယ် ရယ်ပြီးတော့တောင်ပြန်ပြောလိုက်သေးတယ် နင်ကပဲ ငါ့ကိုအားကျနေရသေးလား လို့ပေါ့။ အဲဒီတော့မှ သူကပြောပါတယ် နင်က မိဘနဲ့အတူနေနေရတယ်လေ တဲ့ ငါဆိုအိမ်ပြန်ရောက်ရင် ထမင်းစားပြီးပြီလား ဆိုပြီ မေးမယ့်သူတောင် မရှိဘူးတဲ့ သူအဲဒီစကားပြောတာ မျက်ရည်ဝဲမနေပါဘူး ဒါပေမယ့် သူ့ရင်ဘက်ထဲကလာတဲ့ ရိုက်ခတ်မှုနှုန်းကို သဉ္ဇာသိ လိုက်ပါတယ်။ သဉ္ဇာ့သူငယ်ချင်းလေး လိုအပ်နေတာ သူများတွေက ဘာမှသိပ်အရေးမကြီးဘူးလို့ထင်တဲ့ သမရိုးကျမေးခွန်း လေးတွေနဲ့ သမရိုးကျ အပြုအမူလေးတွေပါ ။

အဲဒီနေ့ကစပြီး နေ့တိုင်းမဟုတ်တောင်မှ ကြုံရင်ကြုံသလို သူအိမ်ပြန်ရောက်တတ်တဲ့အချိန်တွေ၊ အလုပ်နားရက်တွေမှာ သူ့ဆီ ဖုန်းဆက်ပြီး “ဟေး ထမင်းစားပြီးပြီလား၊ အိပ်ယာနိုးပြီလား၊ ဆိုင်ကယ်စီးရင်သတိထားနော်၊ အိမ်ပြန်ရောက်ပြီလား” စသဖြင့် ဘာမှထွေထွေထူးထူး မဟုတ်တဲ့ သမရိုးကျ မေးခွန်းလေးတွေကို မေးပေးခဲ့ပါတယ်။ အဲလိုမေးပြီးတဲ့ အချိန်တိုင်းလည်း ကိုယ်ကိုယ်တိုင်က ပြုံးဖြစ်နေတာကို သတိထားမိပါတယ်၊ သေချာပါတယ် သူငယ်ချင်းလေးလည်း ပြုံးနေမှာပါ။

အဲဒီလိုနဲ့တော်တော်လေးလည်းကြာတော့ သဉ္ဇာ အလုပ်အသစ်တစ်ခုပြောင်းဖြစ်ခဲ့တယ်။ အလုပ်သစ်စဝင်တဲ့နေ့ ညဘက်မှ သူငယ်ချင်း တွေနဲ့တွေ့ကြတယ။် ဘာရယ်ညာရယ်မဟုတ်ဘဲ ဟိုလူက ဘယ်လိုလဲ၊ ဒီလူက ဘယ်လိုလဲ စသဖြင့် ဟိုပြောဒီပြော ပြောဆိုရယ်မော နေကြရင်း စောစောက ပြောတဲ့ သဉ္ဇာ့ သူငယ်ချင်းလေးက ၊ နေ့လည်ထမင်းစားဆင်းချိန်တုန်းက ဖုန်းဆက်မလို့ပဲတဲ့၊ မေ့သွားတာ အလုပ်ပြန်တက်မှ သတိရလို့တဲ့ အားနာနာနဲ့ပြောရှာပါတယ်။ အဲလိုပြောလိုက်တော့သူဖုန်းဆက်ဖြစ်တာ မဆက်ဖြစ်တာထက် သဉ္ဇာ အလုပ်သစ်မှာ အဆင်ပြေရဲ့လားလို့ သူဖုန်းဆက်ပြီး အားပေးချင်ခဲ့မှန်းကို သိလိုက်ရတာ၊ တကယ်ပါ ပြောမပြတတ်တဲ့ ကြည်နူးမှုလေး ခံစားရတယ်။ သူအကောင်အထည်မဖော်လိုက်ရပေမယ့် အဲဒီလို ဆန္ဒလေး ရှိမှန်း သိလိုက်ရတာကိုက ကိုယ်လုပ်ခဲ့တဲ့ဂရုစိုက်မှုလေးက သူ့အတွက် မှတ်မှတ်ရရလေး ဖြစ်နေစေပါလား ဆိုတာကိုပါ သိခွင့်ရလိုက်ပါတယ်။

ကိုယ်က မျှော်လင့်မထားပေမယ့် ပြန်ရလိုက်တဲ့အခါ အဲဒီလက်ဆောင်ဟာ တန်ဖိုးကြီးမားသွားပါတယ်။ သဉ္ဇာ့သူငယ်ချင်းလေးက လက်ဆောင်ကောင်းတစ်ခု ပြန်ပေးခဲ့ပါပြီ။ ရင်ဘတ်နဲ့ရင်းပြီးပေးတဲ့ လက်ဆောင်မျိုးပါ။ တန်ဖိုးကြီးမားပါတယ်။ ဘာနဲ့မှလည်း ပေးဝယ်လို့မရပါဘူး။ အမှတ်တရလက်ဆောင်ဆိုတာ လက်ခံရရှိသူရဲ့ ရင်ဘတ်ထဲမှာ ထင်ကျန်နေစေတာ ပိုကောင်းပါတယ်။

သူငယ်ချင်းတို့လည်း ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့သူကို သမရိုးကျမေးခွန်းလေး တစ်ခုလောက် မေးကြည့်လိုက်ပါလား? သူတကယ်လိုအပ်နေတဲ့ အရာလေး ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ သူ ရယ်ချင်ရယ် လိမ့်မယ်၊ ဒါပေမယ့် သူကြည်နူးမိမှာပါ။
သူငယ်ချင်းလည်း“ပီတိ”ဆိုတာကို သိမြင်ခံစားလာရပါလိမ့်မယ်။

စိန်နားကပ်၊ စိန်အတု နဲ့ ပါးများအကြောင်း

ဒီတစ်ခါတော့ စိန်အစစ်တွေ၊ စိန်အတုတွေ နဲ့ ပါးတွေအကြောင်း ဝေမျှပေးမှာပါ။ ဒီလိုပြောနေလို့ သဉ္ဇာ တစ်ယောက် စိန်ရောင်းဝယ်ရေး လုပ်နေပြီလားလို့ မထင်လိုက်ပါနဲ့။ ဆရာ အတ္တကျော် ရဲ့ စာအုပ်ထဲကနေ ဝေမျှပေးတာပါ။

ဘဝမှာ တချို့လူတွေက“စိန်နားကပ်”ဖြစ်လာကြတယ်။ တချို့တွေကကျတော့“စိန်အတု”၊ အဲ..တချို့ကကျတော့
“ပါး”တွေဖြစ်ကုန်ကြပါတယ်။ နေ့စဉ်လူနေမှုဘဝကို တစေ့တစောင်းကြည့်မိရင် အဲဒီအတိုင်းပဲ တွေ့နေရတယ်။ ဒီတော့ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားကြည့်မိတယ် ကိုယ်ကရော၊ စိန်နားကပ်လား၊ စိန်အတုလား၊ ပါးလားပေါ့။

နာမည်ကျော်ရင်၊သြဇာရှိရင်၊ ရာထူးကြီးရင်၊ တစ်ခုခုမှာ သိပ်တော်နေရင် အဲလိုလူရဲ့အနားမှာ လူတွေ ဝိုင်းနေတတ်ပါတယ်။ လူကြီးတွေတင်လားဆိုတော့ မဟုတ်ဘူး၊ ကလေးဘဝမှာကတည်းက အဲလို အမူအကျင့်လေးတွေ စတွေ့ခဲ့ရဖူးကြတာပါ။

အတန်းထဲမှာ စာတော်တဲ့ကျောင်းသားတွေရှိသလို၊ ဘယ်သူ့သား၊ ဘယ်ဝါ့သား ဆိုတာတွေလည်းရှိပါတယ်။ အဲလို ကျောင်းသားတွေနားမှာ အခြွေအရံဆိုတာ ပေါမှပေါ။ စာတော်တဲ့သူနားမှာသာ မပေါရှိရမယ်၊ ဘယ်သူ့သား၊ ဘယ်ဝါ့သားနာမှာတော့ ဝိုင်းဝိုင်းကိုလည်လို့။ လူမှန်းသူမှန်း မသိတသိ ကလေးဘဝကတည်းက “မျက်နှာကြီးဆာ”တယ်ဆိုတာကို သတိထားမိခဲ့ဖူးပါတယ်။

ကိုယ့်မှာတော့ မူလကတည်းက ရှိနေတဲ့ သိမ်ငယ်စိတ်ကြောင့်လားတော့မသိဘူး။ အဲသလို ဝိုင်းနေသူတွေကိုဆို ဝေးဝေးက ရှောင်ဖြစ်ခဲ့ တယ်။ အဝိုင်းခံရသူအပေါ် မရှုဆိတ်တဲ့စိတ် မဖြစ်ခဲ့ပေမယ့် ဝိုင်းနေသူတွေကိုတော့ တစေ့တစောင်း အကဲခတ်မိခဲ့တာ ငယ်ငယ်ကတည်းကပါပဲ။

ကြီးလာလို့ လူတောသူတောထဲ ရောက်လာတော့ လူတွေရဲ့အဲဒီ အမူအကျင့်ကို ပိုပြီး ပြက်ပြက်ထင်ထင် မြင်လာရပါတယ်။ လူရွယ်လူလတ်တွေတောင် မဟုတ်ဘူး၊ လူအိုလူမင်းတွေမှာတောင် အဲသလို ဝိုင်းချင်တဲ့ စရိုက်လေးတွေ ရှိနေတာ မြင်ရတယ်။

အဲဒီမှာ ဘာသွားတွေ့လည်းဆိုတော့“ပင်ကိုအရောင်အဝါ”ဆိုတာပါ။ ပင်ကိုအရောင်အဝါ ထွက်လာဖို့အတွက်က ပင်ကိုအစွမ်းအစနဲ့ အရည်အချင်းရှိနေဖို့ လိုပါတယ်။ ပြောင်းပြန်ပြောရရင် ပင်ကိုအစွမ်းအစ၊ အရည်အချင်း မရှိသူများမှာ ပင်ကိုအရောင်အဝါ မရှိပါဘူး။ သည်အခါမှာ ပင်ကိုအရောင်အဝါရှိသူတို့ရဲ့ အရိပ်ကို ခိုလှုံပြီး မိမိကို လူမြင်အောင်အားထုတ်ရတော့တာပါ။

အဲသလို တစ်ယောက်ယောက်ရဲ့ အရောင်အဝါကို အားပြုလိုက်ရင်းက“သူကတော့ ကိုဘယ်သူ့ရဲ့ ညာလက်ရုံးကြီးပဲ” ဆိုတာလောက်များ ဖြစ်သွားပြီဆိုရင် အဲလိုလူတွေအတွက် ဘဝဟာ ပြီးပြည့်စုံသွား တတ်စမြဲပါ။ အမှန်တော့ သူဟာ တခြားသူရဲ့အရိပ်ကိုခိုပြီးမှ မိမိရဲ့ဖြစ်တည်မှုလေးအတွက် အသက်ဆက်နေရတဲ့ဘဝ ကို ရောက်မှန်းမသိ ရောက်နေတာပါပဲ။

တချို့ကတော့ တော်တယ်။ သူတို့က အရောင်အဝါရှိသူရဲ့ အရိပ်ကို ခိုတာတော့မှန်တယ်။ ဒါပေမယ့် အဲဒီလူရဲ့အရောင်အဝါကိုမီပြီး မိမိ ထွန်းလင်းတောက်ပလာဖို့ လုံးဝအားမထုတ်ဘူး။ မိမိရဲ့ ပင်ကိုအရည်အချင်း အစွမ်းအစကို ချွန်မြလာအောင် အဲဒီလူရဲ့အရိပ်ကို ခိုရင်းက ကြိတ်ကြိုးစားတယ်၊ အားထုတ်နေတယ်၊ လုံ့လစိုက်နေတယ်။တစ်ချိန်မှာ အဲဒီရောင်အဝါရှိသူရဲ့ အရိပ်အောက်ကလွတ်အောင် ရုန်းထွက်လိုက်ပြီး မိမိကိုယ်ပိုင်အရည်အချင်းအစွမ်းအစနဲ့ ရပ်တည်နိုင်အောင် ဆောင်ရွက်ကြတယ်။ မိမိခိုလှုံသူရဲ့ အားနည်းချက်တွေ၊ အားသာချက်တွေကို အနီးကပ်လေ့လာ သင်ခန်းစာယူပြီး မိမိကိုယ်တိုင်ရပ်တည်တဲ့အခါမှာ အမှာနည်းအောင်လုပ်ယူတယ်။ အဲသလိုလူမျိုးကတော့ စိန်နားကပ်ရောင်ကြောင့် ပြောင်တဲ့ပါး မဟုတ်တာ သေချာတယ်။ သူတို့က ကိုယ့်ကိုယ်ကို စိန်နားကပ်ဖြစ်အောင် လုပ်ယူခဲ့ကြတာပဲ။

အဲ... တစ်ချို့ကတော့ ဝိုင်းတဲ့အထဲလည်း မပါဘူး၊ မှီတဲ့ အထဲလည်းမပါဘူး။ သူ့ဘာသာသူရပ်တည်နိုင်တဲ့ စိန်နားကပ်တွေ။ သည်လိုလူတွေလည်းတော်ပါတယ်။ အဲ.. တစ်ချို့ကျတော့ ဝိုင်းတဲ့အထဲလည်း မပါ၊ မှီတဲ့အထဲလည်းမပါတာတော့ မပါဘူး။ ဒါပေမယ့် ကိုယ့်ဘာသာ ရပ်တည်နိုင်အောင်လည်း အားမထုတ်ဘဲ၊ တစ်ယောက်ယောက်ရဲ့အရှိန်အဝါကို ပြောင်ပြောင်တင်းတင်း ပုံတူကူးတဲ့ စိန်နားကပ် အတုတွေဖြစ်လာကြတယ်။ အများသုံးစကားနဲ့ပြောရရင်“ဒုတိယ ဖိုးစိန်”တွေပေါ့။

စိန်တစ်လုံး ဆိုတဲ့မုန့်ဟင်းခါးဆိုင်ကအလုပ်ဖြစ်နေရင် ကိုယ်ကတစ်လုံးစိန် ဆိုတဲ့နာမည်မျိုးနဲ့ မုန့်ဟင်းခါးပဲ လိုက်ရောင်းတာမျိုး၊ မောင်ဘဆိုသူက ဗေဒင်မှာ နာမည်ကြီးနေရင် မောင်ဘာဆိုတဲ့ မနီးရိုးစွဲ နာမည်မျိုးနဲ့ ဗေဒင်လိုက်ဟောတာမျိုးဟာလည်း ဒုတိယဖိုးစိန် အလုပ်တွေပါပဲ။ ရပြီးသားနာမည်၊ ထင်ပေါ်ပြီးသားနာမည်ကို သုံးပြီး ဆင်တူ ရိုးမှားလုပ်ရင်း မရိသတ်ကို ပုံမှားရိုက်ဖို့ အားထုတ်တာပါပဲ။ ဒါကတော့ စိန်အတုတွေပေါ့။

ဘဝမှာ စိန်နားကပ်ဖြစ်ချင်သလား၊ စိန်အတုဖြစ်ချင်လား၊ ပါးဖြစ်ချင်သလား။ တကယ်တော့ လူတိုင်းမှာ ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင်ပဲ ရွေးချယ်ခွင့်တွေ၊ ဖန်တီးခွင့်တွေ ရှိနေတာမဟုတ်လား။

နားလည်သလောက်ပြောရရင်တော့ ဘယ်သူမှ ပါးမဖြစ်ချင်ဘူးထင်ပါတယ်။ ဒါပေမယ့် လူလုံးပြချင်တဲ့ ဇောကြောင့် အရောင်အဝါရှိသူတွေ အနား ပြေးပြေးကပ်ရင်း ပါးဖြစ်မှန်းမသိ၊ ဖြစ်ကုန်ကြရတာလည်း လူတော်တော်များများပါပဲလေ။

ဒါလေးက ဆရာအတ္တကျော်ရဲ့ စာအုပ်လေးထဲကပေါ့ ခုတောင် ရေးနေရင်းနဲ့ ကိုယ့်ကိုယ်ကို စိန်အစစ်လား၊ အတုလား၊ ပါးများဖြစ်နေတာလားဆိုတာ တွေးနေမိပါတယ်။ စိန်အတုမဖြစ်တောင် ပါးဖြစ်ကောင်း ဖြစ်ခဲ့ဖူးပါတယ်၊ ဆိုလိုချင်တာက မိဘ ရဲ့ တာဝန်ကျေပွန်မှုနဲ့ ပါးပြောင်ခဲ့ဖူးတာကိုပြောတာပါ။ ဆပ်ပြာကောင်းလို့ ခေါင်းပေါင်းဖြူခဲ့ပါတယ်။ ခုတော့ ဒီခေါင်းပေါင်းလေး ကိုပဲ ကိုယ့်အစွမ်းနဲ့ကိုယ် ဆက်ဖြူနေအောင် တက်နိုင်သလောက်ကြိုးစားလုပ်ဆောင်နေပါ့မယ်။ ကိုယ်တိုင်က စိန်အကြီးကြီးတစ်လုံး မဖြစ်နိုင်တောင်မှ စိန်အစစ် သေးသေးလေးလောက်တော့ ဖြစ်ချင်ပါတယ်။ ဘယ်လောက်ပဲသေးငယ်ပါစေ စိန်အစစ်ပဲ ဖြစ်ချင်ပါတယ်။

လူ ၅ မျိုး

ဒီ ငါးမျိုး ငါးလူ ကတော့ ဆရာ အတ္တကျော် ရဲ့ စာအုပ်ထဲမှာ ဖတ်ဖူးတာလေးပါ။ သူငယ်ချင်းတွေလည်း ဖတ်၊ မှတ်လို့ရအောင် ရေးလိုက်တာပါ။ သူပြောတာက လောကမှာ လူ ၅ မျိုးသာ ရှိတဲ့အကြောင်းပါ။

ပထမ တစ်မျိုးက အဝတ်အစား ဝတ်ထားတဲ့ တိရစ္ဆာန်သာသာ လူစား( Mere animals wearing clothes)တဲ့။ အဲဒီလူမျိုးတွေက တိရစ္ဆာန်လိုပဲ အိပ်၊ စား၊ ကာမ ထိုသုံးဝနဲ့ပဲ ဘဝကို အချိန်ကုန်နေကြ၊ တိရစ္ဆာန်လိုပဲ စိတ်ကူးထဲပေါ်တာတွေ အကုန်လုံးလျှောက်လုပ်ကြ၊ အာရုံရင် ရသလို ထင်ရာစိုင်းလိုက်ကြနဲ့မို့ တကယ်တမ်းမှာ တိရစ္ဆာန်က အဝတ်အစားဝတ်ထားတာလောက်ပဲ ရှိပါတယ်။ ဒါကြောင့် လူငါးမျိုးထဲမှာ အနိမ့်ဆုံး အမျိုးအစားလို့ သရုပ်ခွဲပြထားပါတယ်။

ဒုတိယ တစ်မျိုးကတော့ ပထမ ထက် အနည်းငယ် သာပါတယ်တဲ့။ အဲဒါကတော့ အခွင့်အရေးသမားတွေ( oppourtunists)တဲ့။ သည်အမျိုးအစားကတော့ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့စိတ်ဓာတ်နဲ့ ကိုယ့်အခွင့်အရေးအတွက် ဘာမဆို လုပ်ကိုင်ဆောင်ရွက်ဖို့ ဝန်မလေးသူတွေပါတဲ့။

တတိယ တစ်မျိုးကျတော့လည်း ဒုတိယအမျိုးထက် နည်းနည်းသာသွားပြန်ရောတဲ့။ အဲဒီတစ်မျိုးကတော့ ဘဝရပ်တည်မှုအတွက် အားထုတ်သူများ (careerists) ပါ။ သူတို့ကတော့ အတက်ပညာ၊ အသိပညာ၊ ဝါသနာ၊ အစွမ်းအစ တစ်ခုခုကို ထုတ်သုံးပြီး ဘဝရပ်တည်ရေးအတွက် ဆောင်ရွက်နေသူများဖြစ်ပါတယ်။

စတုတ္ထ တစ်မျိုးကတော့ စာရိတ္တမဏ္ဍိုင်ကို ခိုင်အောင် ထိန်းသိမ်းသူများ(men of principle)ဖြစ်ပါတယ်။ လျှာမှာ မြက်ပေါက်ပါစေ၊ သည်လိုအလုပ်မျိုးကိုဖြင့် မလုပ်ဘူး။ မိုးပြိုရင် ပြိုပါစေ၊ မတရားတာတော့ မလုပ်ဘူး စသဖြင့် မိမိရဲ့ ယုံကြည့်ချက်၊ ရပ်တည်ချက်ကို အပွန်းအပဲ့ မခံသူများ ဖြစ်ပါသတဲ့။

အဲ.. နောက်ဆုံး ပဉ္စမ တစ်မျိုးကတော့ သူတော်စင်များ (saints)ပါတဲ့။ မိမိရဲ့ကိုယ်ကျိုးကို လုံးဝကို ထည့်သွင်းစဉ်းစားခြင်းမရှိတော့ဘဲ အများအတွက် ဆောင်ရွက်နေတာ၊ အများသူငါပေါ် မေတ္တာစေတနာသန့်စင်စွာ ထားရှိနိုင်တာ၊ အတ္တအနည်းဆုံးနေနိုင်တာများနဲ့ ပြည့်စုံနေသူ သူတော်စင်များပါတဲ့။

ဒါလေးကိုဖတ်ပြီးတော့ စဉ်းစားကြည့်မိတယ် ကိုယ့်ကိုယ်ကို၊ ငါဘယ်လိုလူမျိုးလဲပေါ. ။ သူတော်စဉ်ဖြစ်ဖို့ကတော့ အဝေးကြီးပါပဲ သူများအပေါ်မေတ္တာထားနိုင်ပေမယ့် တစ်ခါတစ်ခါ ကိုယ့်အတွက်တော့ ကိုယ်ကျိုးကိုကြည့်မိတတ်သေးတယ်။ အတ္တကလည်း ကြီးထားလိုက်တာ။ မာနကလည်း အရမ်းမကြီးဘူးဆိုပေမယ့်၊ သိကြတဲ့အတိုင်း လူမှန်ရင်တော့ ကိုယ့်မာနနဲ့ကိုယ်က ရှိကြတာပဲလေ...။
စတုတ္ထတစ်မျိုးမှာရောပါနိုင်သလား၊ စာရိတ္တမဏ္ဍိုင်ကို မယိမ်းမယိုင် ထိန်းနိုင်သူလား ? ဟုတ်ကဲ့..။ ဟုတ်ကဲ့ဆိုလို့ သဉ္ဇာ့ကို အဲလိုလူလို့မထင်လိုက်ပါနဲ့ဦး...။ အဲလိုမျိုးလေးဖြစ်အောင် ကြိုးစားနေဆဲပါ။ အင်းကျန်တဲ့ သုံးမျိုးထဲမှာတော့ ပထမ ဆုံးအမျိုးအစားမှာ မပါချင်တာတော့ အမှန်ပါ၊ ဒါပေမယ့် ထင်ရာစိုင်းတတ်တုန်းပါပဲ။ ပထမ ၃မျိုးထဲမှာ ကိုယ်ရှိနေတယ်ဆိုတာ သိပေမယ့် ပထမဆုံးအမျိုးအစားထဲမှာ မပါနိုင်သမျှ မပါအောင် ကြိုးစားနေရပါတယ်ရှင်...။ သူငယ်ချင်းတို့လည်းခဏလောက်ဖြစ်ဖြစ် စဉ်းစားကြည့်စေချင်ပါတယ်။

ဘဝ နဲ့ အလောသုံးဆယ်

ငှက်ကလေး ပျံသန်းသွားပြီ.... ပြန်ရောက်လာချိန် ရှိအုံးမှာပါ
အပင်ငယ်လေး ညှိုးနွမ်းသွားတယ်..... ပြန်လည်စိမ်းလန်းဖို့ ရှိလာမှာပါ
ဒါပေမယ့်... ငါတို့ရဲ့နေ့ရက်တွေ ဘာလို့များ ဖြတ်သန်းပြီးတာနဲ့ တစ်ခါထပ်ပြီး ပြန်မရနိုင်တော့တာလဲ??
တစ်စုံတစ်ယောက်က ခိုးယူသွားတယ်ပဲထား.... ဘယ်သူများလဲ ?? ဘယ်မှာများဖွက်ထားခဲ့သလဲ ??
သူတို့ကိုယ်တိုင်ထွက်သွားကြတယ်ပဲထား..... ခုဘယ်တွေများရောက်နေကြသလဲ??

ငါ့အတွက် နေ့ရက် ဘယ်လောက်များများ ပေးထားတယ်ဆိုတာ မသိပါဘူး.. ဒါပေမယ့် ငါ့လက်ထဲမှာ တဖြည်းဖြည်းနဲ့ လျှော့ပါးလာနေကြတယ်။ တိတ်တဆိတ်အတွင်းမှာပဲ ငါ့လက်ထဲမှာ ရက်ပေါင်း ၈၀၀၀ ကျော် ဖြတ်သန်းသွားပြီးပါပြီ။ အပ်ထိပ်က ရေစက်ကလေး ပင်လယ်ထဲ တစ်စက်ပြီးတစ်စက် ကျနေသလိုပါပဲ၊ ငါ့နေ့ရက်တွေလည်း အချိန်ရဲ့ စီးဆင်းမှုထဲ တစ်ရက်ပြီးတစ်ရက် စီးဆင်းသွားကြတယ်။ အသံမဲ့၊ ပုံရိပ်မဲ့။ ချွေးတဒီးဒီး၊ မျက်ရည် တလိမ့်လိမ့်... ငါ တားဆီးမထားတော့ပါဘူး။

သွားသူတွေလည်း သွားကုန်ကျပါပြီ၊ ရောက်လာသူတွေလည်း လာနေကြဆဲ...။ ထွက်သွားခြင်းနဲ့ ရောက်ရှိလာခြင်းကြား ဘာလို့များ“လော” နေကြမလဲ။မနက်မိုးလင်း ငါနိုးထတဲ့အချိန် အခန်းထဲမှာ နေရောင်လေးတွေ ဟိုဟိုဒီဒီ ဖြာဆင်းနေကြတယ်။ နေရောင်ခြည်မှာလည်း ခြေထောက်ပါတာပါပဲလား !!! တိတ်တဆိတ်လေးနဲ့ မသိမသာလေးရွေ့လျားသွာနေကြတယ်။

လက်ဆေးနေတဲ့အချိန်မှာလည်း... အချိန်တွေလည်း ရေနဲ့အတူ လက်ဆေးခွက်လေးထဲမှာ ကုန်ဆုံးဖြတ်သန်းသွားကြတယ်။ ထမင်းစားချိန်လည်း ထမင်းပန်းကန်လေးထဲ အချိန်တွေကလည်း လိုက်ပါကုန်ဆုံးသွားကြတာပဲ။တိတ်တဆိတ်
ငြိမ်သက်နေချိန်တွေမှာလည်း တို့ရဲ့မျက်ဝန်းတစ်စုံရဲ့ရှေ့ကပဲ ဖြတ်သန်းသွားကြလေရဲ့။ ကျွန်ုပ်စိတ်ထဲမှာတော့ သူတို့ဖြတ်သန်း
မှုနှုန်းက သိပ်ကိုမြန်ဆန်လွန်းလှတယ် လို့ခံစားလာရတယ်....။ လက်တွေကို ဆန့်ထုတ်ပြီး ကာဆီးမှု၊ ဖမ်းယူမှုတွေပြုလုပ်နေခိုက်၊ အဲဒီ ကာဆီး၊ဖမ်းယူမှုတွေလုပ်နေတဲ့လက်နားကပဲ ဖြတ်သန်းသွားကြပြန်တယ်။ မိုးမှောင်ချိန် ငါအိပ်ယာထဲ လဲနေခိုက်၊ ငါ့ရဲ့ခန္ဓာကိုယ်ဆီကနေ
ပဲ ပိုပြီး မြန်မြန်ဆန်ဆန် ဖြတ်ကျော်ပျံသန်းသွားကြတယ်။ ငါ့မျက်ဝန်းတစ်စုံ ပြန်ဖွင့်ပြီး နေမင်းနဲ့ ပြန်တွေ့ချိန်... အော် နေ့တစ်ရက်ကကုန်
ဆုံးသွားခဲ့ပြီးပြန်ပြီပေါ့။ ငါမွန်းကျပ်မှုကို မျိုသိပ်ထားတယ်.. သို့ပေမယ့် ရောက်ရှိလာတဲ့ နေ့ရက်သစ်ရဲ့ ပုံရိပ်ကလည်း ထပ်၍ မွန်းကျပ်မှု တွေကနေပဲ စတင်ကျော်ဖြတ်ကြတယ်။

ပျံသန်းနေသလိုလျင်မြန်စွာကုန်ဆုံးနေတဲ့ နေ့တွေထဲ၊ လူတွေအမြောက်အများရှိနေတဲ့ ကမ္ဘာကြီးပေါ် ငါဘာများ လုပ်နိုင်သလဲ ?? ခေါက်တုန့်ခေါက်ပြန် လွန်းဆန်တာနဲ့ပဲ ပြီးသွားတာပါပဲ၊ ကရောသောပါး နဲ့ပဲ ပြီးသွားတာပါပဲ။ ရက်ပေါင်း ၈၀၀၀ ကျော်ရဲ့ အလောသုံးဆယ်ကြား.. ခေါက်တုန့်ခေါက်ပြန် လွန်းဆန်ခဲ့တာအပြင် ငါ့အတွက်ဘာများ ထင်ကျန်တာရှိအုံးမလဲ ?? ငါဟာ ကမ္ဘာပေါ်ကို ဗလာတီးနဲ့ ရောက်ရှိလာခဲ့တယ်၊ မျက်စိတမှိတ်အတွင်းမှာပဲ ဗလာတီးနဲ့ ပြန်သွားရအုံးမှာပဲထားပါအုံး... ဒါဟာတရားပါ့မလား ?? ငါဘာကြောင့်များ ဒီအတိုင်း အလောသုံးဆယ်နဲ့ ပြီးသွားရမှာတဲ့လဲ ........??

ကျောင်းမှာဖတ်ခဲ့ရတဲ့ စာလေးထဲကပါ... ဘာသာပြန်တာ အဆင်မချောရင် သည်းခံပြီး ဖတ်ကြပါနော်..

“လူယဉ်ကျေး” ဆိုတာဘာပါလိမ့်

လူထုစိန်ဝင်း ရေးသားတဲ့ “ရှက်စိတ်” ဆိုတဲ့ စာအုပ်ထဲကပါ..။

ဆရာ ။ ။ အလို ဘယ်ကနေပေါက်ချလာပါလဲ။ မပေါ်လာတာကြာပါပေါ့လား။
ကျောင်းသား ။ ။ တမင်ဝင်လာတာပါဆရာ။ ဆရာ နေထိုင်မှကောင်းရဲ့လားဆိုတာ သိချင်လို့ပါ။ ဆရာ စာသင်တာများ အနှောင့်အယှက်ဖြစ်နေသလားခင်ဗျာ။
ဆရာ ။ ။ မဖြစ်ပါဘူး။ ဆရာစာသင်လို့ပြီးပါပြီ။ သူတို့ဟာ သူတို့ စကားပြောနေကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုမေးဖို့ သတိရတာကတော့သိပ်ကောင်းပါတယ်။ ယဉ်ကျေးရာ ရောက်တာပေါ့။ ခုခေတ်မှာ “လူယဉ်ကျေး” ကလေးတွေ တော်တော်နည်းနေပြီ။ လူယဉ်ကျေးကြီး”တွေလည်းနည်းနေပြီ။
ကျောင်းသား ။ ။ စကားစပ်မိတုန်း မေးချင်တာလေးမေးခွင့်ပြုပါဆရာ။
ဆရာ ။ ။ မေးပါ။ ဘာမေးချင်တာလဲ။
ကျောင်းသား ။ ။ ဆရာပြောတဲ့ ယဉ်ကျေးတယ် ဆိုတဲ့ စကားကိုပဲ မေးချင်တာပါ။ အဲဒီစကားကို ကျွန်တော်တို့လည်း အကြောင်းတိုက်ဆိုင်တိုင်း သုံးနေတာပဲ။ ဒါပေမယ့် သေသေချာချာ စဉ်းစားကြည့်တော့ ယဉ်ကျေးတယ်ဆိုတဲ့ စကားရဲ့အဓိပ္ပာယ် ကိုသေသေချာချာမသိဘူး ခင်ဗျ ။
ဆရာ ။ ။ အင်း တော်တော်ကောင်းတဲ့ မေးခွန်းလေးပဲ။ အားလုံးလည်းနားထောင်ရအောင် အားလုံးရှေ့မှာ ဆွေးနွေးကြရအောင်။ ကဲ လာ။
ကျောင်းသား ။ ။ စာသင်ပြီးလို့ ဆရာနားနေတာကို ကျွန်တော်က မနားရအောင် လုပ်သလိုဖြစ်နေပြီ။
ဆရာ ။ ။ မဖြစ်ပါဘူး။ များများမေးလေ ဆရာဆိုတာ သဘောကျလေပါ။ လေးလေးနက်နက် စဉ်းစားတတ်သူတွေမှ မေးစရာ၊ ဆွေးနွေးစရာ၊ ငြင်းခုံစရာ ဆိုတာ ရှိပါတယ်။ ခပ်ပေါ့ပေါ့ နေတတ်သူတွေမှာတော့ ဘာမှ မေးစရာ မရှိတတ်ပါဘူး။ ခုခေတ်မှာ လူတွေက သိပ်လေးလေးနက်နက် မစဉ်းစားကြတော့ဘူး။“ရေလိုပ်ငါးလိုက်”ဆိုတဲ့စကားကို လက်သုံးထားပြီး ရေစီးကြောင်းမှာ အသာလေး မှေးလိုက်နေကြတာများတယ်။
ကျောင်းသူ ။ ။ ဒါကတော့ အခြေအနေ အရ ကိုးဆရာရဲ့။
ဆရာ ။ ။ အဲဒီ“အခြေအနေအရ” ဆိုတဲ့စကားနဲ့ “ရေလိုက်ငါးလိုက်”ဆိုတဲ့ စကားနှစ်လုံးကြောင့် ဆရာတို့ ညံ့ကုန်ကြတာပေါ့။
ကျောင်းသား ။ ။“အများ မိုးခါးရေသောက်နေတာ ကိုယ်လိုက်မသောက်ရင် မိုက်ရာ ကျမှာပေါ့”ဆိုတဲ့စကား ရှိသေးတယ်ဆရာ။
ဆရာ ။ ။ ဟုတ်တယ် ဟုတ်တယ် အဲဒီ စကားလည်းပါတယ်။ အဲဒီ စကားလုံး ၃ လုံးကို ဆင်ခြေအဖြစ်ပေးပြီး ရေစုန်မျှောလိုက်နေကြတာ။ကြာတော့ ဆရာတို့ လူရည်လူသွေး တွေညံ့ကုန်ကြတာပေါ့။ ညံ့ပါများတော့ ဖျင်း သွားတယ်။ ဖျင်း ပါများတော့ အ သွားတယ်။ အ ပါများတော့ နောက်ဆုံးမှာ တုံးသွားတော့တာပဲ။
ကျောင်းသား ။ ။ ကျွန်တော်တို့ကို ဘယ်အဆင့်မှာ ဆရာထားမလဲ။
ဆရာ ။ ။ ဒါတော့ ဆရာမပြောနိုင်ဘူး။ ကိုယ့်ဟာကိုယ် ပြန်သုံးသပ် ဝေဖန်ကြည့်ရမယ့်ကိစ္စပဲ။ သုံးသပ်ကြည့်ကြပါ။ အစဉ်အလာနဲ့ မျိုးရိုးဗီဇအရ မြန်မာတွေရဲ့ လူရည်လူသွေး ဟာ မညံ့ခဲ့ပါဘူး။ အဲဒါကြောင့် ကိုယ့်ဟာကိုယ် ပြန်ပြီး ဝေဖန်ပိုင်းခြား ကြည့်ကြပါ။ အခုတော့ စောစောကပြောခဲ့ကြတဲ့ ယဉ်ကျေးတယ် ဆိုတဲ့ စကားကို ဆွေးနွေးကြည့်ရအောင်။
ကျောင်းသူ ။ ။“ယဉ်ကျေးတယ်”ဆိုတဲ့စကားနဲ့ အင်္ဂလိပ် စကားက“လူကြီးလူကောင်းစိတ်ဓာတ်”ဆိုတဲ့စကား သဘောချင်း အတူ တူပဲလားဆရာ။
ဆရာ ။ ။ ဆရာတို့ ဆွေးနွေးရင်းနဲ့ အဖြေရလာမှာပေါ့။ သူများတွေထုတ်ပေးထားတဲ့အဖြေထက် ကိုယ့်အချင်းချင်း ငြင်းခုံဆွေးနွေးရာကရလာတဲ့အဖြေက ပိုမှန်နိုင်တာပေါ့။
ကျောင်းသား ။ ။ ကျွန်တော်တို့ ငြင်းခုံဆွေးနွေးကြပေမယ့် အဖြေထွက်မလာတဲ့ ကိစ္စတွေလည်း ရှိတတ်တယ်နော် ဆရာ။
ဆရာ ။ ။ ရှိတာပေါ့ ဒါပေမယ့် ဆရာတို့ သင်တန်းသားတွေအတွက်ကတော့ အင်္ဂလိပ် စကားပြော လေ့ကျင့်ပြီးသားဖြစ်တာမို့ အမြတ်ထွက်ပါတယ်။ ဟုတ်တယ် မှုတ်လား။
ကျောင်းသား ။ ။ ဟုတ်တယ် ဆရာ။
ဆရာ ။ ။ စောစော ကပြောတဲ့ ယဉ်ကျေးတယ် ဆိုတဲ့ စကားကို မြန်မာအဘိဓာန်မှာ ဒီလို အဓိပ္ပာယ် ဖွင့်ထားတယ် ။
( ယဉ် ) နူညံ့သိမ်မွေ့ နှစ်သက်ဖွယ်ဖြစ်သော၊ ရုတ်ကြမ်း ရိုင်းစိုင်းခြင်း မရှိသော၊
( ယဉ်ကျေး ) “သိမ်မွေ့နူးညံ့ ၊ ညင်သာပြေပြစ်သည့် အမူအယာရှိသော၊ ရိုင်းပျခြင်းမရှိသော၊ တီထွင်ဆောင်ရွက် လုပ်ကိုင်တတ်၍ တိုး တက်သည့် အသိဥာဏ်ရှိသော”တဲ့။
အင်္ဂလိပ် အဘိဓာန်တွေမှာလည်း ...
“ညစ်ညမ်းရိုင်းစိုင်းခြင်းမရှိသော၊ သိမ်မွေ့နူးညံ့သော အမူအကျင့်”စသဖြင့် အဓိပ္ပာယ် ဖွင့်ဆိုကြပါတယ်။
ကျောင်းသူ ။ ။ ဒီလိုဆို ချိုသာပျော့ပျောင်းစွာ စကားပြောတာ၊ ကိုယ်ဟန်အမူအယာ နူညံ့သိမ်မွေ့တာ၊ ထီးဟန် နန်းဟန်လေးနဲ့ “မန်းဆန်”တာတွေကို ယဉ်ကျေးတယ် လို့ သတ်မှတ်ရမှာပေါ့။ လူယဉ်ကျေး ဆိုတာ ဒီလောက်နဲ့ မခေါ်နိုင်ဘူးထင်ပါ တယ် ဆရာ။
ဆရာ ။ ။ ဟုတ်တယ် မင်းပြောတာမှန်တယ်။ ယဉ်ကျေးတယ် ဆိုတာ နှုတ်ချိုရုံကလေး ဟန်အမူအယာ နူးညံ့သိမ် မွေ့ရုံလေးလောက်မကပါဘူး။ ဒီထက် ပိုပြီးကျယ်ဝန်း နက်ရှိုင်းပါတယ်။
ကျောင်းသား ။ ။ အကျယ်ချဲ့ပေးပါဦး ဆရာ။
ဆရာ ။ ။ ဥပမာလေးတစ်ခု ပြောကြည့်မယ်နော်။ လူတစ်ယောက်ဆိုပါတော့ ပညာတွေ အများကြီးတတ်ထားပြီး ရာထူးရာခံကြီးလည်းရထားတယ်။ ဥပတိရုပ်လည်း ကောင်းတယ်။ အပြောအဆိုလည်း ချိုသာနူးညံ့ပြီး ဟန်အမူအယာလည်း သိပ်ပြီး ညက်ညောပါတယ်။ ဒါပေမယ့် သူ့အကျင့်ကတော့ လူတကာပေါ် ဖြတ်စားလပ်စားလုပ်ပြီး “လူညွတ်ခူးတတ်တယ်”။ ရသာရရင်
“ဘနဖူးသိုက်တူမယ်”ဆိုတဲ့ စိတ်ဓာတ်မျိုးရှိတယ်။ တခြားလူတစ်ယောက်ကတော့ ပညာမတတ်တဲ့ ဆင်းရဲသား အလုပ်ကြမ်း သမား ဖြစ်တယ်။ လူကြမ်းစိတ်ကြမ်းကြီးပဲ ဒါပေမယ့် ရိုးသားဖြောင့်မတ်ပြီး သဘောဖြူတယ်။ မတော်မတရား ဘယ်တော့မှ မလုပ်ဘူး။ ကိုယ် တိုင် က ဆင်းရဲပြီး ကြက်ယက်သလိုယက်ပြီး ပိုက်ဆံရှာရတာဆိုတော့ ဘယ်သူ့အပေါ်မဆို စာနာတတ်တယ်။ ကဲ၊ အဲဒီ လူနှစ်ယောက်မှာ ဘယ်သူ့ကို “လူယဉ်ကျေး”လို့ခေါ်မလဲ။
ကျောင်းသား ။ ။ ဒါကတော့ ရှင်းပါတယ်ဆရာ။ နောက်လူကိုသာ လူယဉ်ကျေး လို့ခေါ်မှာပေါ့။
ဆရာ ။ ။ အဲလိုဆိုရင် နောက်ဥပမာလေးတစ်ခု ပြောကြည့်မယ်။ အငြင်းသန်ပြီး အင်မတန် ကတ်သီးကတ်ဖဲ့ ပြောတတ်တဲ့ လူတစ်ယောက်နဲ့ မင်း လူပုံအလယ်မှာ အကြောက်အကန် အငြင်းအခုံ ဖြစ်ကြတယ်။ အဲဒီလူဟာ မင်းလိုပညာတတ် တစ် ယောက်မဟုတ်ဘူး။ ဒါကိုလူတိုင်းသိကြတယ်။ အဲဒီလူက သူ့ဥာဏ်လေး တစ်မိုက်တစ်ထွာ လောက်နဲ့ ဇွတ်အတင်း မျက်စိမှိတ်ပြီး ငြင်း နေတာ လူတိုင်း အမြင်ကတ်နေကြတယ်။ အဲဒီလူကို လူပုံအလယ်မှာ အရှက်တကွဲ ဖြစ်သွားပြီး ငြိမ်သွားအောင် မင်းတတ်ထားတဲ့ ပ ညာတွေနဲ့ လုပ်နိုင်စွမ်း မင်းမှာရှိတယ်။ အဲဒါ မင်း သူအရှက်ရအောင် လုပ်ပစ်မလား ။ သူ့ကို သင်ခန်းစာပေးလိုက်တဲ့ သဘောပေါ့။
ကျောင်းသား ။ ။ အသေအချာကို လုပ်ပစ်မှာပေါ့ဆရာ။ ဒါမှ အခြားသူတွေ နားမချမ်းမသာ ဖြစ်နေရတဲ့ အဖြစ်က လွတ်သွားမှာ။
ဆရာ ။ ။ အဲလိုဆိုရင် မင်းဟာ လူယဉ်ကျေး မဟုတ်ဘူး။
ကျောင်းသား ။ ။ ဟင်.. ဘာကြောင့်လဲ ဆရာ၊ ဟိုလူက လူတိုင်း“အော်ကြောလန်”တစ်ယောက်ပဲ။
ဆရာ ။ ။ အောကြောလန် တော့ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် သူဟာ ပညာ အဆင့်အတန်းအရ ကိုယ်နဲ့ ဘယ်လိုမှ မယှဉ်သာအောင်း နိမ့်ကျနေတဲ့ သူတစ်ယောက်ပဲ။ အဲဒီလို ကိုယ့်ထက် သိပ်နိပ်ကျပြီး ကိုယ်က လွယ်လွယ်နဲ့ နိုင်မှန်းသိတဲ့ လူတစ်
ယောက်ကိုအရှက်ခွဲ ပြီးအနိုင်ယူလိုက်တာဟာ လူယဉ်ကျေး တစ်ယောက်ရဲ့ လုပ်ရပ်မဟုတ်ဘူး ။
ကျောင်းသား ။ ။ အဲဒီလိုဆိုရင် အဲဒီလူကို ဘာလုပ်ရမှာလဲ ဆရာ။
ဆရာ ။ ။ ဆရာ တစ်ခုမေးမယ်။ မင်း အင်မတန်လေးစားတဲ့ မင်းရဲ့ ပါမောက္ခ တစ်ယောက်က မှာတယ်လို့ မင်းအ ခိုင်အမာ ယုံကြည်တဲ့ ကိစ္စတစ်ခုကို လူပုံအလယ်မှာ မှန်တယ်လို့ပြောနေတယ်။ အဲဒီ ကိစ္စ မမှန်ဘူးဆိုတာ အထောက်အထား ခိုင်ခိုင်လုံလုံ ပြစရာ မင်းမှာ ရှိနေတယ်။ အဲဒါမင်းဘာလုပ်မလဲ။ မင်း ပါမောက္ခ ကို ထ ငြင်းမလား။
ကျောင်းသား ။ ။ ဟာ ဆရာကလည်း ကျွန်တော် ဒီလောက်တော့ ဘယ်ရိုင်းပါ့မလဲ။
ဆရာ ။ ။ ဒီလိုဆို မင်း ဘာလုပ်မလဲ။
ကျောင်းသား ။ ။ အသာလေး ပါးစပ်ပိတ်ပြီး ငြိမ်နေမှာပေါ့ ဆရာ။
ဆရာ ။ ။ ဒါဆိုလည်း မင်း ဟာ လူယဉ်ကျေး တစ်ယောက် မဟုတ်ဘူး။ မင်းပါးစပ်ပိတ်ထားတာက မင်းအနေနဲ့ ဘယ်လိုမှ အနိုင်မရနိုင်ဘူးဆိုတာ သေချာတဲ့ ပါမောက္ခ မို့်လို့ ငြိမ်နေတာဖြစ်တယ်။
ကျောင်းသူ ။ ။ အဲလိုဆိုရင် လူယဉ်ကျေး ဆိုတာ ဘယ်လိုဟာမျိုးလည်း ဆရာ။
ဆရာ ။ ။ နောက်ဥပမာတစ်ခုကို စဉ်းစားကြည့်ပါဦး။လူနှစ်ယောက်ဟာ ဓားလွယ်တွေ ဆွဲကိုင်ပြီး အသေကျေ တိုက်ခိုင်နေကြတယ်။ တစ်ယောက်က လူဆိုး လူမိုက် လူယုတ်မာဖြစ်ပြီး၊ ကျန်တစ်ယောက်က စိတ်သဘောထား မြင့်မြတ်တဲ့ လူကြီး လူကောင်းဖြစ်တယ်။ သူသေငါသေ တိုက်ခိုက်နေကြရင်းနဲ့ လူယုတ်မာရဲ့ လက်ထဲက ဓားဟာ ထက်ပိုင်းကျိုးသွားတယ်။ အဲဒီအခါ လူ ယုတ်မာဟာ ဘာမှမတတ်နိုင်တော့ဘဲ မျက်စိစုံမှိတ်ပြီး တစ်ဖက်က ဓားချက် သူ့ဝမ်းဗိုက်ထဲ ဝင်လာမှာကိုသာ စောင့်နေရတယ်။ ဒါပေမယ့် သူစောင့်စားနေတဲ့ ဓားချက်ကရောက်မလာခဲ့ဘူး။ သူမျက်စိဖွင့်ကြည့်လိုက်တော့ တစ်ဖက်လူက နေရာမှာတင် မားမားကြီးရပ်နေပြီး သူ့ ကို ဓားသစ်တစ်ချောင်း ထပ်ယူခိုင်းလိုက်တယ်။ အဲဒီလူဟာ လူယဉ်ကျေး ဖြစ်တယ်။
ကျောင်းသူ ။ ။ လူယဉ်ကျေး ဖြစ်အောင် ဘယ်အရာတွေက ဖန်တီးပေးတာလည်း ဆရာ။ ပညာ ကလား အဆင့် အ တန်း ကလား။
ဆရာ ။ ။ ပညာတတ်တိုင်းလည်း လူယဉ်ကျေး ဖြစ်မလာနိုင်ဘူး။
ကျောင်းသူ ။ ။ အဲဒီလိုဆိုရင် ဘာက လူယဉ်ကျေး ဖြစ်စေတာလဲ။
ဆရာ ။ ။ လူ့ရဲ့“လိပ်ပြာ”ဆိုတာ ကလေးကပေါ့။ လူတွေမသိရအောင် တစ်ခုခုကို တစ်သက်လုံး ဖုံးထားလို့၊ လိမ်ထားလို့ ရနိုင်တယ်။ကိုယ့် လိပ်ပြာ ကိုတော့ ကိုယ်လိမ်လို့ မရဘူး။ ဘယ်သူမှ မသိဘူးဆိုပြီး လူလိမ်လူကောက်တွေဟာ ပျော်ရွှင် နေ နိုင်ကြလိမ့်မယ်လို့ မထင်နဲ့။ သူတို့ လိပ်ပြာ ကသူတို့ကို အမြဲပြန်ခြောက်နေတာ ခံနေရလို့ ဒီလူစားမျိုးတွေဟာ အမြဲတမ်း ကျိတ်ပြီး စိတ် သောကတွေ ခံစားနေရတာချည်းပဲ။ လူရှေ့သူရှေ့မှာ ပြုံးရွှင်ရယ်မောနေပေမယ့် သူတို့ အပြုံးအရယ်တွေမှာ အသက်ဝင်မနေပါဘူး။ အပြုံးသေ၊ အရယ်သေ၊ မျက်နှာသေတွေချည်းပါပဲ။
ကျောင်းသား ။ ။ ဥပမာလေး ပေးပါဦး ဆရာ ။
ဆရာ ။ ။ ရှိတ်စပီးယား ရဲ့ မက္ကဘက်ပြဇာတ်ထဲက မက္ကဘတ်မောင်နှံ ရဲ့အဖြစ်ဟာ အထင်ရှားဆုံး ဥပမာပေါ့။ မက္ကဘတ် မောင်နှံဟာ ဘုရင် နဲ့ ဘုရင်မ ဖြစ်ချင်လွန်းလို့ မတော်မတရားနည်းတွေ သုံးပြီး ဘုရင့်နေရာကို ရအောင်ယူခဲ့ကြတယ်။ သူ တို့ရဲ့သခင် ဒန်ကင် ဘုရင်ကြီးကို ညအိပ်ချိန်မှာ တိတ်တိတ်ကလေး သတ်ပစ်ခဲ့ကြတယ်။ သူတို့သတ်တာကို မြင်တဲ့သူ တစ်ယောက်မှ မ ရှိခဲ့ဘူး။ အဲဒါကြောင့် သူတို့ မက်မောလှတဲ့ ရာဇပလ္လင် ကိုရခဲ့တယ်။ ဒါပေမယ့် ရာဇပလ္လင်ကို တက်ထိုင်မိတဲ့ နေ့ကစပြီး စိတ်ချမ်းသာမှု့ ဆိုတာကို သူတို့ပျောက်ဆုံးသွားခဲ့ရတယ်။ ညညတွေမှာလည်း အိပ်လို့မပျော်ဘူး။ သူတို့သတ်ခဲ့တဲ့ လူတွေရဲ့ ဝိညာဉ်တွေက လာလာပြီး ခြောက်လှန့်နေတယ်လို့ပဲ ထင်နေကြတယ်။ သူတို့လက်မှာ စွန်းပေနေတဲ့ သွေးစက်တွေဟာလည်း ဘယ်လိုမှ စင်အောင်ဆေးလို့ မရဘူး လို့ စိတ်ထဲမှာ ထင်နေကြတယ်။ လင်မယားနှစ်ယောက်လုံးဟာ သူတို့ လိပ်ပြာ ကသူတို့ကိုပြန်ခြောက်တာ ခံရပြီး စိတ္တဇဝေဒနာသည်တွေ ဖြစ်သွားကြတာ သေတဲ့အထိပဲလေ။
ကျောင်းသူ ။ ။ အဲဒီလို ကိုယ့်လိပ်ပြာ ကိုယ်ပြန်လန့်တဲ့ အဖြစ်မျိုးမရာက်ဖို့ ဘာလိုပါသလဲ ဆရာ။
ဆရာ ။ ။“အသိဥာဏ်”လိုတာပေါ့။ အသိဥာဏ်ရှိတဲ့သူမှ ဘယ်ဟာကတော့ဖြင့် လုပ်သင့်တယ်၊ ဘယ်ဟာ ကတော့ဖြင့် မလုပ်သင့်ဘူးဆိုတာကို ဝေဖန်ပိုင်းခြားနိုင်မှာပေါ့။ အဲဒီလို သင့်မသင့် တော်မတော် ဝေဖန်ပိုင်းခြားတတ် သူမှ
“လူယဉ်ကျေး”ဖြစ်လာနိုင်တာပါ။ လောကကြီးမှာ သူတစ်ပါးက ကိုယ့်ကို“ရိုသေ”အောင်းလုပ်ဖို့က လွယ်တယ်။“ကိုယ့်ကိုကိုယ် ရိုသေအောင်”လုပ်ဖို့ကတော့ မလွယ်ဘူး။ အဲဒီလို“ကိုယ့်လိပ်ပြာကိုယ် ရိုသေနိုင်တဲ့လူ”ဟာ “စိတ်ချမ်းသာတဲ့လူ” ဖြစ်တယ်။“လူယဉ်ကျေး”လည်းဖြစ်တယ်။
ကျောင်းသူ ။ ။ အဲဒီလို လူယဉ်ကျေး ဖြစ်ဖို့ တယ်တော့ မလွယ်ဘူးနော်။
ဆရာ ။ ။ အဖိုးတန်တဲ့ အရာ မှန်သမျှ ခပ်လွယ်လွယ် ခပ်ပေါ့ပေါ့နဲ့ မရနိုင်ဘူးလေ။ သင့်တင့်လျောက်ပတ်တဲ့ တန်ဖိုးတော့ ပေးရမှာလေ။

Can I Borrow $25?

A man came home from work late, tired and irritated, to
find his 5-year old son waiting for him at the door.

SON: 'Daddy, may I ask you a question?'

DAD: 'Yeah sure, what it is?' replied the man.

SON: 'Daddy, how much do you make an hour?'

DAD: 'That's none of your business. Why do you ask such a

thing?' the man said angrily.

SON: 'I just want to know. Please tell me, how much do you
make An hour?'

DAD: 'If you must know, I make $50 an hour.'

SON: 'Oh,' the little boy replied, with his head down.

SON: 'Daddy, may I please borrow $25?'

The father was furious, 'If the only reason you asked that
is so you can borrow some money to buy a silly toy or some other
nonsense,

Then you march yourself straight to your room and go to bed. Think

about why you are being so selfish. I don't work hard everyday for such

Childish frivolities. ' The little boy quietly went to his room and
shut The door. The man sat down and started to get even angrier
about the Little boy's questions. How dare he ask such questions only to
get some

money? After about an hour or so, the man had calmed down , and started

To think: Maybe there was something he really neede d to buy with

That $25.00 and he really didn't ask for money very often. The man

went to the door of the little boy's room and opened the door. 'Are you

asleep, son?' He asked. 'No daddy, I'm awake,' replied the boy.
'I've been thinking, maybe I was too hard on you earlier' said the man
'It's been
a Long day and I took out my aggravation on you. Here's the $25 you
asked for.'

The little boy sat straight up, smiling. 'Oh, thank you daddy!'

He yelled. Then, reaching under his pillow he pulled out some

crumpled up bills. The man saw that the boy already had money,
started to Get angry again. The little boy slowly counted out his
money, and

Then looked up at his father. 'Why do you want more money if you

already have some?' the father grumbled. Because I didn't have enough,
but now I do,'the little boy repl ied. 'Daddy, I have $50 now. Can I
buy an

hour of your time? Please come home early tomorrow. I would like

To have dinner with you.'

The father was crushed. He put his arms around his little
son, and he begged for his forgiveness. It's just a short reminder to
all of

You working so hard in life. We should not let time s lip through

Our fingers without having spent some time with those who really

matter to us, those close to our hearts. Do remember to share that $50

worth of your time with someone you love.

If we die tomorrow, the company that we are working for
could Easily replace us in a matter of hours. But the family & friends
we

leave behind will feel the loss for the rest of their lives.