
ရှိသမျှ လင်းစရာ ၊ ဝေစရာလေးတွေကို
သေခိုင်းလိုက်ပြီ ။
ဘယ်တောအုပ်မှာမှ
သစ်ပင် နံပါတ်ပြောပြီး အမြစ်မချချင်ဘူး ။
သောကြာနေ့ အချင်းချင်း အပျင်းခံရရင် နာတယ် ။
လှံတံက ခေါ်လို့မလိုက်ရင်လည်း
ပင်အပ်ယူပြီး လာမစိုက်နဲ့
မင်းတို့ကျေနပ်ရင် ငါလိုမြေက နိမ့်မြဲ နိမ့်ပေးလိုက်မယ် ။
လပြည့်ဝန်းကို ပိန်ချွန်းချွန်း ထိုင်ကြည့်နေရရင်ပဲ
ငါ့အတွက် ..
ဖြစ်ပါတယ်...။
တာရာမင်းဝေ
။ .... ။ ..... ။