လွန်ခဲ့တဲ့ ၇ နှစ်လောက်ကပေါ့......

သူဆိုတဲ့ကောင်လေး သူမ ဘဝထဲ လှလှပပ ဝင်ရောက်လာတာ။ မာယာတွေမပါဘူး၊ အထာတွေမရှိဘူး ဖြူစင်တဲ့ သူငယ်ချင်းလေးပေါ့။ ကောင်လေးတို့ အုပ်စု ထဲမှာ သူမက တစ်ဦးတည်းသော မိန်းကလေးသူငယ်ချင်း။ ကွယ်ဝှက်စရာမလို၊ အားနာတာမရှိ၊ ယုံကြည်နားလည်မှုတွေနဲ့ ပြောမနာ ဆိုမနာ သူငယ်ချင်း အရင်းကြီးတွေပေါ့။ ဘယ်သွားသွား ဘာစားစား ပါစမြဲ။ နောက်ဆုံး သူတို့ရည်းစားနဲ့ချိန်းတွေ့ရင်တောင် သူမက ကန့်လန့်ကန့်လန့် ပါသွားတက်သေးတယ်။ ဒီလို ဖြစ်ကြောင်းကုန်စင် သိနေတဲ့ သူငယ်ချင်းတွေထဲကမှ အဲဒီ ကောင်လေးကို ရင်ခုန်ခဲ့မိလေတော့ ကိုယ့်အဖြစ်က နာကျင်ရတာကလွဲရင် တစ်ခြားအဖြေရှိပါ့မလား။ သူငယ်ချင်းတွေပဲ ဆန်းတော့မဆန်းပါဘူး။ ဒီလိုမဆန်းကြယ်တာနဲ့ စ တဲ့သံယောဇဉ်။ နှစ်တွေကြာလေ နစ်သထက် နစ်လေပဲ။

ကောင်လေးအတွက်တော့ ကောင်မလေးက ဖြူဖြူစင်စင် သူငယ်ချင်းလေးတဲ့။ ဒီလိုပြီးပြည့်စုံတဲ့အေးချမ်းမှုနဲ့ဖြစ်တည်နေတဲ့ သူငယ်ချင်းဆိုတဲ့ နေရာတစ်ခုကနေ သူပျော်နေရင်ပြီးတာပါပဲ ဆိုတဲ့ အသိတစ်ခုနဲ့ သူလိုအပ်နေတဲ့ တစ်ထောင့်တစ်နေရာမှာပဲ ရှိနေချင်ခဲ့တာလေးလောက်ပါပဲ။ မလိုအပ်တော့ရင်လည်း တဖြည်းဖြည်းချင်း ပျောက်ကွယ်ပေးမိလိမ့်မယ်။ ကောင်လေးဆီက တုန့်ပြန်မှု့ကိုတော့ မျှော်လင့်ခြင်းရဲ့ အစွန်းဆုံးတစ်ဖက်မှာပဲ ထားထားတယ်။ မျှော်လင့်ချက်တွေ ဖြစ်တည်နေရင် ပူလောင်မှု့တွေ တိုးလာနိုင်လို့ပါ။ သူ့ကို အေးချမ်းစွာပြုံးပြနိုင်ဖို့ ဘာကို မမျှော်လင့်ထားတော့ဘူး။

ကောင်လေးက သူ့ရည်းစားကောင်မလေးကိုလိမ်တဲ့အချိန် သူမသည်လည်း သွားအကျိုးခံပြီး ဝိုင်းလိမ်ပေးနေကျ၊ သူမ ညသန်းခေါင် အိပ်နေချိန် ကောင်လေးသည် ဖုန်းနဲ့ နှိပ်စက်နေကျ။ ကောင်လေးစိတ်ညစ်နေတဲ့အချိန် သူမက ရင်ဖွင့်ဘက်၊ တစ်ခါခါမှာ တိုင်ပင်ဖော်၊ ကောင်လေး ဘယ်သူနဲ့ ဒေါသထွက်ခဲ့ထွက်ခဲ့ သူ့စိတ်ထွက်ပေါက် ပြောချင်တာတွေပြောဖို့ နားထောင်ပေးရမယ့် တာဝန်ခံသည် သူမ။

သံယောဇဉ်ဆိုတာကလည်း ပြောရခက်သား၊
နာကျင်ရမယ်မှန်းသိလျက်နဲ့
ပေးဆပ်နေမိလျှက်သားဖြစ်နေတက်တယ်လေ။
အချစ်ဆိုတာကလည်း
ကိုယ့်ကိုယ်ပြန်ချစ်မှ ချစ်ရမယ်ဆိုတဲ့
ပုံသေနည်းမရှိခဲ့လေလို့များလား
တစ်ဖက်သက်အချစ်တွေမြောက်များစွာ
အသည်းကွဲနေကြလေရဲ့။

အပူပင်ကင်းတဲ့ အေးချမ်းတဲ့ချစ်ခြင်းမျိုးနဲ့ ကောင်လေးကို ချစ်တယ်။ ကိုယ်ကိုတိုင် မပူလောင်သောနည်းနဲ့ ကောင်လေးကို အေးချမ်းစေရမယ်။

ဒီလိုနဲ့ ခင်မင်လာကြတာ ၅ နှစ်ကျော်လောက်မှာ ကောင်မလေးက ရေခြားမြေခြားကို သွားရတော့မယ်။ မိဘတွေနဲ့ အတူတူပေါ့။ ကောင်လေးကို မထားခဲ့ရက်နိုင်ဘူး ဒါပေမယ့် ခွဲရဦးမှာပါပဲ။ ကောင်လေးအနားမှာ နေခဲ့ဖို့လည်း အကြောင်းပြချက်ကောင်းကောင်းတစ်ခု သူမမှာ မရှိခဲ့ဘူး။ လေဆိပ်မှာ ငိုခဲ့မိတဲ့မျက်ရည်တွေ မေမေ့ရှေ့မှာတင် ပိုးပိုးပေါက်ပေါက်စီးကျခဲ့ရတယ်။

ဝေးနေကြတဲ့အချိန်တွေမှာလည်း ကောင်မလေးစိတ်က တစ်နေရာတည်းဆီမှာပဲ ဦးတည်ထားတက်တယ်။ မျက်ဝန်းတွေက ရီဝေနေတက်တယ်။ အမြဲတမ်းပျော်ပျော်နေတတ်တဲ့ကောင်မလေး ပြောင်းလဲတတ်ပြီပေါ့။ကောင်လေးအကြောင်း တွေးလိုက်မိချိန်တိုင်း ငါ့ကိုများ သတိရနေ မလား..။ အော်.. မဖြစ်နိုင်ပါဘူးလေ သူ့ဘေးမှာ ကောင်မလေးတွေ ရှိနေမှာပါ။ တစ်ယောက်မဟုတ်တစ်ယောက် ငါလို သူငယ်ချင်းမဟုတ်တဲ့ ကောင်မလေး တစ်ယောက်ယောက်တော့ရှိနေမှာပါ။ ဒီလိုအဖြေရလိုက်တိုင်း မျက်ဝန်းမှာ မျက်ရည်တွေ ဝေ့ဝဲ တက်လာစမြဲ။

ကောင်မလေး အလွမ်းကဗျာတွေ ရေးဖြစ်ခဲ့လေရဲ့။ အမှတ်တရတွေ ပြုလုပ်ပေးဖြစ်နေလေရဲ့။ သူမရဲ့ လျှို့ဝှက်နံပါတ်တွေအားလုံး ကောင်လေးနဲ့ပါတ်သတ်တဲ့အချက်အလက်တွေသာ နေရာယူထားခဲ့တယ်။ သူမကို သူငယ်ချင်းတွေက မေးတတ်တယ် နင် စိတ်မနာသေးဘူးလားတဲ့၊ စိတ်နာရအောင် ကောင်လေးက သူမကို ဘာမှလုပ်ခဲ့သည်မဟုတ် ဘာကို စိတ်နာရမည်နည်း။ ဒါသည် သူမရဲ့ လက်သုံးတော် အဖြေစကား။

တကယ်လို့များ မထင်မှတ်တဲ့အချိန်ကျမှ၊ ကိုယ်လုံးဝ တွေးမထားမိတဲ့အချိန်မှာမှ ကိုယ်ချစ်တဲ့သူဆီက ချစ်စကားတစ်ခွန်းကို သေချာကြားလိုက်ရမယ်ဆိုရင် ဘယ်လိုများဖြစ်သွားနိုင်မလဲ...?

ဒီလိုနဲ့ ကောင်လေးနဲ့ကောင်မလေး ကွဲကွာသွားကြတာ ၂ နှစ် ကျော်ကြာခဲ့လေပြီလေ။ ကောင်လေးနဲ့ကောင်မလေး ပြန်တွေ့တဲ့နေ့။ အဲဒီနေ့မှာ လုံးဝ ထင်မှတ်မထားတဲ့အဖြစ်တစ်ခု .........

"နင့်ကိုငါချစ်တယ်။ အရင်ကတည်းက ချစ်ခဲ့တာ။ ချစ်လည်းချစ်ခဲ့တယ်၊ ချစ်လည်းချစ်နေတယ်။ နင်ဟာ အကောင်းဆုံးသူငယ်ချင်း၊ အကောင်းဆုံးချစ်သူလည်းဖြစ်နိုင်သလို ဇနီးကောင်း တစ်ယောက်ဖြစ်နိုင်တဲ့သူပါ။"

ဘုရားရေ ဒါ သူပြောနေတာမှ ဟုတ်ရဲ့လား....
သူ့ကိုသေသေချာချာကြည့်မိတယ်၊ ငါ့ကိုပြောနေတာမှ ဟုတ်ရဲ့လား.... ဘေးကိုတစ်ချက်ကြည့်မိတယ်။
အင်းး သူငါ့ကိုပြောနေတာပဲ။

သေသေချာချာပြောနေလေ သူ့ကိုသေချာကြည့်မိလေ။ သူ တကယ်ပြောနေတာလား? ငါ့ကို နောက်နေတာလား? ငါသူပြောတာကို ယုံလိုက်ရမလား? တစ်ယောက်နဲ့တစ်ယောက် စ နောက် နေကျမို့ သူပြောတာကို သိပ်မယုံချင်။ ငါသံသယတွေ ရှိနေတာလား။ မဟုတ်သေးဘူး သူဒီလိုပြောလာလိမ့်မယ်လို့ ငါ ထင်မှတ်မထားတာ။ ပထမဆုံးပြန်တွေ့တဲ့အချိန် သူဒီလိုပြောလာလိမ့်မယ်လို့ သူမ လုံးဝ ထင်မထားခဲ့။ သူပြောတာတွေကို နားထောင်ရင်း ကိုယ့်အတွေးနဲ့ကိုယ် ဝေဖန်နေမိသေး၏။

ကောင်လေးကတော့ ဆက်ပြောနေသည်... "နင်မရှိတဲ့အချိန်မှ ငါ ပိုသိလာတယ်၊ နင်က နားလည်အပေးနိုင်ဆုံးသူ။ နင်နဲ့တူတူရှိခဲ့တဲ့အချိန်တွေကို တန်ဖိုးမထားခဲ့မိလို့ နောင်တရမိတယ်..။ "
သူမ ရွှတ်နောက်နောက်နဲ့ပြန်မေးမိသည် ... ဘာလဲ ငါ့ကိုအတိတ်အတွက် ပြန်ဖြည့်ဆည်းပေးချင်တာလား။

"အာ... ခင်ဗျား နောက်နေနိုင်သေးတယ်နော်...။ အတည်ပြောနေတာဗျ......။ "

ကောင်လေး ညာနေသည်ဖြစ်စေ၊ တကယ်ပြောသည်ဖြစ်စေ ဘာလိုပဲဖြစ်ဖြစ် ကောင်မလေး မျက်နှာမှာ အပြုံးတစ်ခု နေရာယူသွားတယ်။ သူမ ဘာဆက်လုပ်မည်ထင်သနည်း။ ဘာဆက်လုပ်လိမ့်မည်ဆိုသည်ကို သူမကိုယ်သူမလည်းမသိပါ သေချာသည်က ကောင်လေးသည်သာ သူမ ဘဝ ဖြစ်သည်ဆိုတာ သူမသိရှိခဲ့ပြီးဖြစ်သည်လေ။

ကောင်လေးနဲ့ကောင်မလေး ဘာတွေဖြစ်မလဲ..။ ကောင်မလေး လည်းသိချင်နေလေရဲ့။ ကောင်လေးလည်း သိချင်နေမယ် ထင်ပါတယ်။ စာဖတ်သူများကော သိများသိချင်လေမလား ... သိချင်တယ်ဆိုရင်ဖြင့် ...... မျှော် .......

သူသည် ပြီးပြည့်စုံသော ပန်းတစ်ပွင့်မဟုတ်ပါ၊ သူမသည်လည်း ထိုနည်းတူပင် တင့်တယ်လွန်းသော ပန်းတစ်ပွင့် မဟုတ်ခဲ့ပါ သို့သော် ဖြူစင်အေးချမ်းခြင်းဖြင့် အချစ်ပန်းတစ်ပွင့် ဖန်ဆင်းပေးလိုပါသည်။ ပြန်တွေးမိတိုင်း ငြိမ်းချမ်းစေနိုင်မယ့် ပန်းတစ်ပွင့် ကို ကောင်လေးထာဝရ ပိုင်ဆိုင်စေလိုပါသည်။

မမဝါရေ ရေးဆိုလို့ရေးချလိုက်ပြီ...။ ညီမတော်ကို ဝေဖန်အကြံပြုချက်များ ချီးမြှင့်တော် မူဦးနော်...။

.....................................။ ။ ။ ။ .........................................

တဂ်တဲ့သူကတဂ်တော့ ဆားချက်ချင်တဲ့သူကလည်း အတော်ဖြစ်သွားရော။ ဆားချက်တာထက် သူက မရေးတဲ့သူ အပိုကြီးဖြစ်မယ်ဆိုလို့ အပိုကြီးတော့မဖြစ်ချင်ပါ မေးဆို မေးပါ့မယ် ..... ။

ငှက်ငယ်လေးက တဂ်ထားတဲ့သူများတယ်ဆိုတော့ ဒီမေးခွန်းတွေ မမေးခင်မှာ ဘလော့ဂ်တွေ စုံအောင် မဖတ်မိပါဘူး၊ ဒါကြောင့်မေးခွန်းတူတာများရှိခဲ့ရင် ဆော်ရီး ပါလို့ ကြိုကြိုတင်တင် သံတော်ဦး တင်ထားပါတယ်ရှင့်....။

ငှက်ငယ်လေးရေ မေးပြီနော်၊ အိမ်အလည်လာသူ မောင်နှမတွေလည်း ပျော်ပျော်ပါးပါးလေး ဝိုင်းဝန်းခေါင်းစားသွားကြပါလို့..။

မေးခွန်း ၁

ခွေး၂ ကောင်ဟာ ကမ်းနားမှာ ကစားကြရင်း ရေဆာလို့ ရေသောက်ဖို့ ဘောတံတားပေါ် ဆင်းလာကြတယ်။ ဒါပေမယ့် ရေက ခွေးပါးစပ် နဲ့ ၃ ပေ ကွာနေတယ်။ ရေက တစ်နာရီကို တစ်ပေ တက်တယ်ဆိုရင် ဘယ်နှစ်နာရီအကြာမှာ ခွေးကလေး ရေသောက်လို့ ရပါမလဲ။

မေးခွန်း ၂

လူ ၃ ယောက်နဲ့ ဘီလူး ၃ ကောင် မြစ်တစ်ခုကို ကူးဖို့ စောင့်နေတယ်။ လှေက တစ်စီးသာ ရှိပါတယ်။ တစ်ခါကူးရင် လှေပေါ်မှာ ၂ ဦးသာ ပါရပါမယ်။ ဆိပ်ကမ်းပေါ်မှာလည်း လူနဲ့ ဘီလူး ဦးရေက ညီတူ ရှိရပါမယ်။ ဘီးလူး ၂ ကောင် လူတစ်ယောက်ဆို လူကို ဘီလူးက စားမယ်။ လူ၂ ယောက် ဘီလူး တစ်ကောင်ဆိုလည်း ဘီလူးကို လူက သတ်မှာပါ။ ဆိုတော့ ဒီ ၆ ဦးထဲက တစ်ဦးမှ မသေပဲ ဟိုဘက်ကမ်း ရောက်အောင် ဘယ်လိုကူးကြပါမလဲ။

မေးခွန်း ၃



ငယ်ငယ်က ကစားသလို ဇယားလေးမှာ ဂဏန်း ၁ ကနေ ၉ အထိ ကို ဒေါင်လိုက်ပေါင်းပေါင်း၊ အလျားလိုက် ပေါင်းပေါင်း၊ ကန့်လန့်ဖြတ် ပေါင်းပေါင်း၊ ပေါင်းခြင်း၁၅ ရအောင် ဖြည့်ပေးရမှာပါ။

ကစားနည်းလေး အဖြေရှာရင်း ပျော်ရွှင်ကြပါစေနော်....။



အာရုံတွေမှာ တိတ်ဆိတ်
ကိုယ့်စဉ်းစားသံ ကိုယ်ပြန်ကြားနေရတယ်
......အတွေးထဲမှာတော့......
လေပြေအေးလေး တိုက်ခတ်နေလေရဲ့
အင်းးးး.........
ဒါ တစ်စုံတစ်ရာရဲ့ အဆုံး
(သို့)
တစ်စုံတစ်ခု ရဲ့ အစ ဖြစ်မယ်ထင်ရဲ့

ငြိမ်သက်နေတဲ့ မျက်ဝန်းတွေနဲ့
ငါ့အတွေးကို ငါလှည့်ကြည့်မိတယ်

အချစ်ဆိုတာ ချော်လဲရောထိုင်ကစားနည်း တစ်မျိုးဆိုရင်
စည်းဝိုင်းအပြင်မှာပဲ ငါနေမယ်....

အသွင်မတူခြင်းနဲ့ အမြင်မတူခြင်းကြောင့်
ငါကိုယ်တိုင် ထိလွယ်ရှလွယ် တတ်ခဲ့...

အနမ်းတွေမှာ မာယာခြယ်သထားရင်
အလွမ်းစာမျက်နှာကိုပဲ
ငါ ရွေးဖတ်ပါ့မယ်......

အချစ် နဲ့ သံယောဇဉ်
လွန်ဆွဲလေတော့
တွေဝေခြင်းမှာ ငါ ရပ်တန့်နေမိခဲ့တယ်
လောကကြီးရယ်
ငါ့ကိုယ်ငါပဲ ပစ်ပယ်လိုက်ပါရစေ.....

ခံစားချက်ဘက် ငဲ့ကြည့်မိတော့
နာကျဉ်မှုရဲ့အဆုံးမှာ
အေးစက်သွားခြင်းဆိုတာ
မင်းသိစေဖို့ ငါ့မှာ စကားလုံးမရှိဘူး...

စိတ်ခံစားမှုတွေ မာကျောတောင့်တင်းခဲ့ရတော့
ပြောဖို့စကားတွေ ဆွံ့အလို့....
ငါဆိုတာ ......မလိုအပ်တော့ဘူးလို့ သိလိုက်ချိန်
သွေးအေးစွာပဲ နှုတ်ဆိတ်ခဲ့တယ် ..

"ပြိုလဲခြင်း" ဆိုတဲ့ စကားလုံး
ဖျက်သိမ်းလိုက်ရုံနဲ့
တည်ဆောက်ထားတာတွေ
ခိုင်မြဲတိုင်း ခိုင်မြဲနေပါ့မလား
................
တို့အိမ်မက်တွေ တည်တံ့ဖို့က
တို့နဲ့ပဲ ဆိုင်ခဲ့တာလေ

မျှော်လင့်ချက် ရဲ့ အနက်ကိုတိုင်းကြည့်မိတော့
စောင့်စားခြင်းက ငါ့ကို ဆီးကြိုတယ်
......... ..... ......
ယုံကြည်ချက်တွေကတော့
အိပ်မက်တွေနဲ့အတူ ...
.... စီးမျောနေတုန်း ... ....

...........။။။။ ။။။ ။။။။ ..............

ဘာအဓိပ္ပါယ်လဲ လို့တော့မမေးနဲ့နော် ကိုယ့်ဘာသာကိုယ်လည်း ဘာရေးမှန်းကိုမသိဘူး .... ။








ရင်ဘတ်ထဲ
လေးလံလာလို့
စိတ်ကိုခဏ
ထွက်ပေါက်
ပေးလိုက်တော့......
အလွမ်းတွေ
မင်းဆီ
ဒုန်းစိုင်းစီးဆင်း
သွားလိုက်တာ.....
ငါ့ စိတ်အာရုံတွေ
အားလုံး
.......................
မင်းပုံရိပ်တွေနဲ့
ပြည့်နှက်
သွားတော့တယ်။ ။

အဒူတွေကို တွေ့ချင်လဲတဲ့ ချစ်မက်နဲ့ ချစ်မ မီးလေးဇာ က မေးထားတယ်...။ တွေ့ချင်တဲ့သူတွေကတော့ အများကြီးပေါ့လို့.....။ အာကာသကို ပထမဆုံး သွားခဲ့တဲ့ ယူရီ ဂါဂါရင်လည်း တွေ့ချင်တာပဲ ..၊ ဆိုင်ကယ်ဘုရင် ဗလန်တီနို ရော့စီ လည်းတွေ့ချင်တာပဲ ...။ westlife အဖွဲ့က ခပ်ချောချောလေးတွေလည်း တွေ့ချင်သေးရဲ့။

သို့သော် သို့သော်... ၁၀ ယောက်လို့ ကန့်သက်ထားတော့ သူတို့က အလိုလို အနောက်ရောက်သွားတာ မတက်နိုင်ဘူး ဟီးဟီး ...။ သူတို့က ချစ်အစ်ကို၊ ချစ်အစ်မ၊ ချစ်သယ်ရင်း တွေလောက်မှ အရေးမကြီးတာ နော့..။ ( ဖားတာ ... :P )

(၁) ချစ်မက်မက် နှာတံချွန်ချွန်လေးနဲ့ ချစ်မက်ကို အရမ်းကြီးကိုတွေ့ချင်နေတာ၊ သူကလေ ချောချောလေးရှာပေးမယ်လို့လဲ ပြောသေးတယ်။ အားကိုးလိုက်တော့မယ် ချစ်မက်ကို ဟိဟိဟိ။

(၂) ချစ်မ မီးလေးဇာ နာမည်ချင်းရော ခံစားချက်ချင်းပါ တော်တော်လေး ဆင်တူတဲ့ ချစ်မ မီးလေးဇာကိုလည်း သိပ်တွေ့ချင်ပါတယ်။

(၃) ကိုရှင်ရဲထွတ် အွန်လိုင်းမှာတွေ့ရင် တစ်ခါတွေ့ တစ်မျိုးချက်ကျွေးတဲ့(ပိုက်ပိုက်မကုန်လို့ ထင်ပါတယ် ဟဲဟဲ) ကိုကြီးရှင်ရဲထွတ် ကိုလည်းတွေ့ချင်ပါတယ်...။

(၄) ကိုအိကု (ကိုအရုပ်ကလေး) သဉ္ဇာလုပ်လိုက်လို့ အလိုလိုနေရင် အိကု ဆိုတဲ့ နာမည်ရသွားတဲ့ ၊ ကဗျာတွေ အရေးကောင်းတဲ့ အစ်ကိုကိုလည်း တွေ့ချင်တယ်....။

(၅) တားတားပန်းဂျကား (ပန်းစကား) စာအုပ်တွေ ဖတ်၊ သီချင်းတွေ နားထောင် တဲ့ တားတားပန်းဂျကားကိုလည်း တွေ့ချင်တယ်...။ သူက စိတ်ကြီးတယ်၊ စိတ်တိုလာရင် သူ့လက်ကိုတောင် သူကိုယ်တိုင် ပိုက်ဂိုက် နဲ့ ညှပ်တာ ဟိဟိ ၊ ဂစ်တာတီးတာလည်း တော်တယ်ဆိုပဲ တွေ့မှ ဟုတ်မဟုတ် ကြည့်ရမယ် .....။

(၆) ကိုလတ်( မိုးသွေးငယ် ) ကိုလည်းတွေ့ချင်တယ်...။ ညီမတွေနဲ့တန်းတူ နှောင့်ယှက်သမျှ သည်းခံတက်တဲ့ ကိုလတ် ကိုလည်း တွေ့ချင်တယ်။ သူ့ကိုတွေ့လိုက်ရင် နာမည်နဲ့လိုက်အောင် အမြဲမိုးရွာနေတာ ....။ ခုလောက်ဆို သူ့ခုတင်တောင် ရေနဲ့ မျောသွားပြီလားမသိဘူး...။

(၇) မိငွန် (ငွန်ငယ်) သူက ဘော်ဒီဂတ် လုပ်ပေးမယ်တဲ့ ခုတော့ အပြည့်အဝ ကာကွယ်နိုင်အောင်တဲ့ တောင်ကြားမှာ သိုင်းသွားကျင့်နေလေရဲ့ ။ အရမ်းအားကိုးရတဲ့ ချစ်သယ်ရင်း ငွန်ငယ့်ကိုလည်း သိပ်တွေ့ချင်တာပဲ ....။

(ဂ) ချောင်ခစ် (ခေါင်ခေါင်) ဘာဘာညာညာ အသာထား ဟဲ့ ငါ ကွိုင်နေပြီလို့ ပြောလိုက်တာနဲ့ ဝင်ပြီး ဘုတော ရန်ဖြစ်ပေးတဲ့၊ ဟာသ မျိုးစုံပြောတတ်တဲ့ သယ်ရင်းကိုလည်း တွေ့ချင်တာပေါ့...။

(၉) ဘိုးဘိုး ( သက်တန့် ) ဘိုးဘိုးရေ လို့ခေါ်လိုက်တာနဲ့ တင်ချာအတွက် မောင်တစ်ယောက်လို့ ( တစ်ကယ်ရှိမရှိမသိသော )မောင်တစ်ယောက်ကို စေတနာ ပါပါနဲ့ပေးတတ်တဲ့ ဘိုးဘိုး ကိုလည်းတွေ့ချင်ပါ့...။ ခုတော့ သူက ဂျားကစ် စားဖူးသလီး သွားလုပ်နေလေရဲ့ ဟီးဟီး ....။

(၁၀) ဝေလေး မပြောမဆိုနဲ့ ပျောက်သွားတယ်၊ နောက်မှ ပြန်ပေါ်လာပြီး နောက်ဆို ဒီလိုလုပ်တော့ပါဘူးလို့ ပြောတဲ့ ဝေလေး ကိုလည်း သိပ်တွေ့ချင်ပါတယ်လို့....။

ကဲ ခုချိန်ကစပြီး နာမည်စာရင်းတွင် ပါဝင်သူများသည် အနှောင့်အယှက်ပေးမည့် ဂြိုဟ်သမီးလေးကို ကြောက်ပါက ကြိုတင် ပုန်းရှောင်နိုင်ပါကြောင်း။ ပုန်းနေသည်ဟု သိရှိပါက၊ ပုန်းသူများကိုလည်း မရရအောင် ရှာမည်ဖြစ်ပါကြောင်း၊ ကြိုတင် သတိပေးအပ်ပါသည်။

...............................................။ ။....................................................

ဘဝတွေ၊ ဘဝတွေ မျိုးစုံပါပဲ....။



လောကကြီးမှာ ဒါမျိုးတွေ တွေ့ရတော့လည်း ကိုယ်ကံကောင်းနေတယ်ဆိုတာ ငြင်းမရဘူးနော်..။
ကိုယ်မကြိုက်တဲ့ဟင်း ချက်တာနဲ့ ကြုံတဲ့နေ့တွေမှာ ဒီဇာတ်လမ်းတိုလေးကို ပြန်မြင်ပြီး ဆင်ခြင်ရတော့မယ်....။

ဒီစာက ထွေထွေထူးထူးတော့မဟုတ်ပါဘူး၊ မထူးဘူးဆိုပေမယ့်
မထူးတာလည်းမဟုတ်ပါဘူး ထူးလည်းထူးပါတယ် ဟဲဟဲ
ဒီလိုစကားပလ္လင်ခံနေတာ အပြစ်ရှိသူတွေ အပြစ်ဝန်ခံခါနီးရင်
လုပ်နေကျ အကျင့်လေ ဟီးဟီး…..။

ခုလို မြန်မာနှစ်ဆန်း ၁ ရက်နေ့၊နှစ်သစ်စတဲ့နေ့လေးမှာ မိဘ နဲ့သက်ကြီးသူတွေကို ကန်တော့ကြတာ အစဉ်အလာတစ်ခုပဲလေ။ သဉ္ဇာ့ အဖေနဲ့အမေက တူတူရှိနေတဲ့အတွက် ကန်တော့ခွင့်ရပါတယ်။ ဒါလည်းကံကောင်းခြင်းတစ်မျိုးပေါ့။ အဲဒီလိုပဲ ဖြတ်သန်းလာခဲ့တဲ့ ရက်တွေ လတွေအတွင်း သဉ္ဇာ့ရဲ့ ဘလော့ဂါ အကိုတော် အမတော်တွေကို သတိမထားမိပဲ၊ မရည်ရွယ်ပါပဲ စော်ကားမိသလို ဖြစ်သွားတာတွေ ရှိခဲ့ပါက အဲဒါတွေအတွက် ခွင့်လွှတ်ပေးကြပါလို့ မျက်နှာလေးကို ဇီးရွက်လောက်ထားပြီး
ဝန်ချတောင်းပန်ပါတယ်လို့…။

ကိုကြီးအိမ်၊ မမဝါ တို့ရဲ့ စီဗုံးမှာလည်း ကြုံရင် ကြုံသလို ဝင်ပြီး အော်ချင်ရာ အော်ခဲ့တာတွေ၊
တားတား(vanko)၊ ကိုအိကု(Idulize)၊ ကိုရှင်ရဲထွတ်၊ ကိုလတ်(ကိုမိုးသွေးငယ်)၊မက်မက်၊ မမမီးလေးဇာ တို့ကိုလည်း ဂျီတော့ခ်မှာ စိတ်မညစ် ညစ်အောင် ဒုက္ခပေါင်းစုံပေးခဲ့တာတွေ၊ ဘိုးဘိုး(သက်တံ့) ကိုလည်း ကြုံရင်ကြုံသလို လှမ်းစခဲ့တာ၊ နောက်... ငွန်ငယ်နဲ့ခေါင်ခေါင် (သူတို့က သဉ္ဇာနဲ့ရွယ်တူတွေဆိုပေမယ့် သူတို့ကိုထည့်မကန်တော့ရင် လည်ပင်းဝိုင်းညှစ်မှာစိုးလို့ .. ကြောက်နေရတယ်…) နောက်ပြီးတော့ ကျန်ရှိနေသေးတဲ့ သူငယ်ချင်းတွေ အားလုံးလည်း ပြောမှားဆိုမှားရှိရင်ခွင့်လွှတ်ကြပါလို့ သနားကမား မျက်နှာပေးလေးနဲ့ ဝန်ချ တောင်းပန်အပ်ပါတယ်နော်.. . ခွင့်လွှတ်ကြပါ ဒီမလိမ်မိုးမလိမ္မာလေးကို..နော် နော်.။

အကန်တော့ခံပြီးရင်လည်း မုန့်ဖိုးလေးတွေ ပေးကြပေါ့နော် ဟီးဟီး………။ (ပြောပုံကိုက ခွင့်လွှတ်ခြင်စရာမရှိဘူးနော်... ) :P :P

A Bout Me

A Bout Me
တစ်နေ့တစ်နေ့ ဘလော့ဂ်ဂါ နောင်တော် အမတော်တွေဆီ ဟိုဝင် ဒီဝင် ရောက်တတ်ရာရာ လျှောက်ဖတ်ရင်း ကြိုက်မိတာလေးတွေ၊ မှတ်ထားသင့်တယ်ထင်တာတွေ၊ ဖတ်ဖူးတဲ့စာအုပ်ထဲက ဝေမျှပေးချင်တာလေး တွေကို မှတ်သားထားတာပါ။ ရည်ရွယ် ချက်ကတော့ ... သူငယ်ချင်းတွေကိုပြောပြမယ်၊ မေ့သွားသူများလည်း ပြန်ဖတ်လို့ရမယ်။

နားထောင်ရင်းဖတ်ရအောင်

စုစုပေါင်း
web statistic
...ဦး ……………………………………. မှန်ရဲ့လား ?

တစ်ခုခုရေးခဲ့ပေါ့

ကောင်တာ

   
………… …………………………………. ဘယ်ကလာသလဲ ?

အခင်ဆုံးမိတ်ဆွေများ

မှတ်စုဟောင်းလေးတွေ