Showing posts with label စာတိုပေစများ. Show all posts
Showing posts with label စာတိုပေစများ. Show all posts

၃ ခုစီရှိတယ်တဲ့

သူကတော့ ၃ ခုစီရေးထားတာပဲ လိုအပ်သေးတယ်ထင်ရင်တော့ ကိုယ့်သဘောနဲ့ ကိုယ်သာထပ်ဖြည့်လိုက်.. ဘယ်သူ့ကိုမှ အားမနာနဲ့ ဟဲဟဲ :P


ဘဝမှာ တစ်ခါပြီးသွားတာနဲ့ ပြန်မရနိုင်တော့တဲ့အရာ ၃ ခု
၁) ပြောလိုက်တဲ့စကား
၂) အခွင့်အလမ်း
၃) အချိန်


ဘဝမှာ အမြဲတမ်းမတည်မြဲနိုင်တဲ့ အရာ ၃ ခု
၁) အိပ်မက်
၂) အောင်မြင်မှု
၃) ကံကြမ္မာ




သင့်ဘဝကို ကြီးမြတ်စေနိုင်တဲ့ အရာ ၃ ခု
၁) ဝီရိယနဲ့ကြိုးစားအားထုတ်မှု
၂) ဖြောင့်မတ်မှန်ကန်မှု
၃) ဖြစ်မြောက်အောင်မြင်မှု




ဘဝမှာ တန်ဖိုးအရှိဆုံး အရာ ၃ ခု
၁) ချစ်ခြင်းမေတ္တာ
၂) မိမိကိုယ်ကို ရိုသေမှု
၃) အချိန်




ဘဝမှာ ပျောက်ဆုံးလို့မဖြစ်သော အရာ ၃ ခု
၁) ငြိမ်းချမ်းမှု
၂) မျော်လင့်ချက်
၃) တည်ကြည်ဖြောင့်မတ်မှု



ဘဝကို ဖြတ်စီးပစ်နိုင်သော အရာ ၃ ခု
၁) လောဘ
၂) မာန်မာန
၃) ဒေါသ

သူငယ်ချင်းတို့အတွက်ပါ...

Smile = value to your Face
Glitter Photos

သူငယ်ချင်း ဖြူစင်စွာပြုံးလိုက်ပါ

Love = value to your Heart
Glitter Photos

သူငယ်ချင်း လေးနက်စွာချစ်ပါ

Respect = value to your Behaviour
Glitter Photos

သူငယ်ချင်း ကိုယ့်ကိုယ်ကိုရိုသေလေးစားပါ၊ သူများကိုလည်း ရိုသေလေးစားပါ

Study = value to your Future
Glitter Photos

သူငယ်ချင်း လေ့လာသင်ယူပါ၊ တွေးတောစဉ်းစားပါ

Friendship = value to your Life
Glitter Graphics



သူငယ်ချင်း မင်းကငါ့ဘဝအတွက် တန်ဖိုးကြီးမားမှု တစ်ခုပါပဲ

တရုတ်စကားပုံလေးတစ်ခု

အကြင်သူသည် မသိ၊ မိမိ မသိကြောင်းကိုလည်း မသိ။
ထိုသူသည် လူမိုက်တည်း၊ ရှောင်ပါ။

အကြင်သူသည် မသိ၊ မိမိ မသိကြောင်းကိုတော့ သိ၏။
ထိုသူကား လူရိုး၊ ကူညီလိုက်ပါ။

အကြင်သူသည် သိ၏၊ မိမိသိကြောင်းကိုတော့ မသိ။
ထိုသူသည် အိပ်ပျော်နေသူ၊ နှိုးလိုက်ပါ။

အကြင်သူသည် သိ၏၊ မိမိသိကြောင်းကိုလည်း သိ၏။
ထိုသူကား ပညာရှိ၊ ဆည်းကပ်ပါ။

ဆရာအောင်သင်း ဘာသာပြန်သည်။

ဥာဏ်ပဋိဘာန် နှင့် လိမ္မာပါးနပ်ခြင်း

Wisdom and Cleverness
လိမ္မာပါးနပ်ခြင်းသည် ဥာဏ်ကစားခြင်း ဖြစ်သည်။
ပါးနပ်ခြင်းဖြင့် ငြင်းခုန်ခြင်းကို အောင်နိုင်သည်။
ဥာဏ်ပဋိဘာန်ကမူ လောကကို ကြည့်တတ်ခြင်းနှင့် ထိုမိမိ၏ အကြည့်ကို
မိမိက ပြန်ကြည့်တတ်ခြင်း ဖြစ်သည်။
ဥာဏ်ပဋိဘာန်သည် ငြင်းခုန်ခြင်းများကို အောင်နိုင်ခြင်းမဟုတ်။

သင်ဘယ်လောက်အောင်မြင်ချင်သလဲ ?

ခင်မောင်ချို (ဘောဂဗေဒ) ရဲ့ သင်ဘယ်လောက်အောင်မြင်ချင်သလဲ သင်ဘယ်လောက်အောင်မြင်နိုင်မလဲ စာအုပ်ထဲကပါ..။

မြင့်မြတ်လေလေ နှိမ့်ချလေလေဖြစ်သည်။
( ဂျိုးဇပ် ပရက်စလေ )

အောင်မြင်သူတစ်ယောက်ဖြစ်ရန်မဟုတ်ဘဲ တန်ဖိုးရှိသူတစ်ယောက်ဖြစ်ရန်ကြိုးစားပါ။
( အိုင်းစတိုင်း )

ကိုယ့်ရဲ့အောင်မြင်မှုကို အဲဒီအောင်မြင်မှုရဖို့အတွက်
စွန့်လွှတ်လိုက်ရတာနဲ့ တိုင်းပါ။

ကိုယ့်စိတ်သဘောထားကို ကိုယ်ပြန်ပြီးဆန်းစစ်ကြည့်၊
မင်းအကြောင်းနဲ့ ပတ်သက်လို့ လူတွေ ပထမဆုံး သတိထားမိမှာက
မင်းရဲ့ စိတ်သဘောထားပဲ။

“တကယ်လို့သာ”ဆိုတဲ့စကား အစား
“နောက်တစ်ခါကျရင်”လို့ ပြောင်းသုံးပါ။

တခြားလူတွေကိုအပြစ်မတင်ပါနဲ့။
ကိုယ့်တာဝန် ကိုယ်ယူပါ။

ဖြည်းဖြည်းပြောပါ..
မြန်မြန်စဉ်းစားပါ..။

လုပ်ဖော်ကိုင်ဖက်တွေနဲ့
ကိုယ်ရေးကိုယ်တာ ကိစ္စတွေ
မဆွေးနွေးပါနဲ့ ။

လုပ်ငန်းခွင်ရောက်ရောက်ခြင်း
ကိုယ်ပထမဆုံး ပြောလိုက်တဲ့စကားက
တစ်နေ့လုံးလူတွေ တက်ကြွလန်းဆန်းနေမယ့်
စကားမျိုးဖြစ်ပါစေ ။

ကျန်းမာသလား၊
ငြိမ်းငြိမ်းချမ်းချမ်းရှိရဲ့လား၊
ကိုယ့်ကို ချစ်ခင်သူများလာသလား
ဆိုတဲ့အပေါ်မူတည်ပြီး
ကိုယ့်ရဲ့အောင်မြင်မှုကို တိုင်းကြည့်ပါ။

အခြားသူများ၏သဘောထားကိုလေးစားပါ


အခြားသူများ သူတို့ကိုယ်ပိုင်သဘောထားရှိခြင်းကို သင်ခွင့်ပြုပါ။
သင့်အတွက် သူတို့၏ သဘောထားကို ပြောင်းလဲရန် မကြိုးစားပါနှင့်။

သူ့သဘောထားနှင့်သူ....
လူတစ်ယောက်သည် သင်နှင့် သဘောထား ကွဲပြားလျှင် သူမှန်သည်ဟု နားလည်ပေးပါ။
အကြောင်းမူ သူ၏သဘောထားသည် သူ့အတွက် မှန်သောကြောင့်ဖြစ်သည်။

သူ့ဆုံးဖြတ်ခွင့်ကိုလေးစားပါ....
လူတိုင်းတွင် မည်သည့်အရာက မှန်သည်၊ မည်သည့်အရာက မှားသည်ဟု သူတို့ကိုယ်ပိုင် ဆုံးဖြတ်ခွင့် သူတို့မှာရှိကြပါသည်။

ထိန်းချုပ်ခြင်း၏သဘော......
အခြားသူများအား ထိန်းချုပ်ရန် ကြိုးစားခြင်းသည် မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်း မရှိသောကြောင့်ဖြစ်သည်။

သင့်ကိုငြင်းပယ်ခြင်းမဟုတ်...
လူများကသင့်ကိုငြင်းပယ်ခြင်းမဟုတ်ပါ။ သင်၏ကမ်းလှမ်းချက်ကိုသာ သူတို့ ငြင်းပယ်ခြင်းဖြစ်သည်။

ပိုက်ဆံရှင်းခြင်း

ယောက်ျားလေး ပိုက်ဆံထုတ်ရှင်းတာ ချစ်သူကြောင့်မို့၊
မိန်းကလေး ပိုက်ဆံထုတ်ရှင်းတာ လင်မယားကြောင့်မို့၊
ယောက်ျားလေးရော၊ မိန်းကလေးရော ပိုက်ဆံလုရှင်းကြတာ သူငယ်ချင်းတွေမို့လို့။

လက်ထပ်တယ်ဆိုတာ


လက်ထပ်တယ်ဆိုတာ
၁+၁=၂ မဟုတ်ဘူး
ဝ.၅+၀.၅= ၁ ပဲဖြစ်တယ်။
ကိုယ်စီမှာရှိတဲ့ ဥပဓိရုပ်တွေကို ခွာချ၊ အတ္တမာနတွေ ခွာချ၊ အပြစ်အနာအဆာတွေ ခွာချပြီး တစ်ခုတည်းဖြစ်အောင် ပေါင်းစပ်လိုက်တာဖြစ်တယ်။