ချစ်သူကို ဘယ်အချိန်မှာ ဖုန်းဆက်တတ်သလဲ ???

ဖတ်ဖူးတာလေးပါ ။ ပျာ်ပျော်ပါးပါးပေါ့စမ်းကြည့်ကြတာပေါ့ ။ ကိုယ်ဘယ်လိုလူမျိုးလဲ ?

၁ ။ အိပ်ယာနိုးနိုးချင်း
၂ ။ လမ်းမပေါ်
၃ ။ အလုပ်ချိန်
၎ ။ အိပ်ယာမဝင်ခင်
၅ ။ ဆက်ချင်တဲ့အချိန်ဆက်တယ်

၁ . အိပ်ယာနိုးနိုးချင်းဆက်တက်သူ
အချစ်နဲ့ပတ်သက်လာရင် သင်ဟာ အရင်လှုပ်ရှားတတ်သူဖြစ်တယ်။ သင်ဟာအခွင့်အရေးကောင်းနဲ့ ကြုံရင် လက်မလွတ် တတ်သူဖြစ်တယ်။ အချစ်စစ်သူရဲကောင်း အမျိုးအစားဖြစ်တယ်။အချစ်အတွက် ပျော်ပျော်ကြီးစွန့်လွှတ် အနစ်နာခံရဲသူဖြစ်တယ်။ ချစ်သူဆီက ဘာမှမမျှော်ကိုးဘဲ ပေးဆပ်သူ၊ ချစ်သူကျေနပ်အောင် ကြင်နာသူ၊ ချစ်သူဆီက ဘာမှ တုန့်ပြန်မှု့မရလည်း အပြစ်မတင် တတ်သူဖြစ်တယ်။ အချစ်မှာ သင်ဟာပျော်နေတတ်ပေမယ့် အကြံတစ်ခုတော့ ပေးချင်ပါတယ်။ချစ်သူအပေါ် ထားတဲ့သင့်ရဲ့ကြင်နာ ယုယမှု့ တွေဟာ ချစ်သူအတွက် အကျင့်မဖြစ်သွားစေပါနဲ့။ ချစ်သူဆိုတာ နှစ်ဦး နှစ်ဖက် အပေးအယူမျှ ဖို့လိုပါတယ်။ သင့်အတွက် အလိုက်ဖက်ဆုံး သူဟာလည်း သင့်ကို ချစ်ခင်ကြင်နာတဲ့သူ။ သင့်ကိုတန်ဖိုးထားသူပဲ ဖြစ်သင့်ပါတယ်။

၂ . လမ်းမပေါ်မှာ ဆက်တတ်သူ
အချစ်ကြောင့် အရသာ မပျက်တတ်သူ ၊ ဘဝမှာ ပျော်ပျော်နေတတ်သူဖြစ်ပြီ အချစ်မရှားသူဖြစ်တယ်။ ဘဝရဲ့ ထောင့် တစ်နေရာ ရာ ကနေ ကိုယ့်အတွက်ပျော်ရွှင်မှု့ ကိုရှာတတ်သူဖြစ်ပြီး နှစ်ဦးနှစ်ဖက် ရဲ့ အပြောအဆို ကို အလွန်ဂရုစိုက်တတ်သူ ဖြစ်တယ်။ ချစ်သူ ဘာကို အလိုရှိသလဲဆိုတာ သင်သိဖို့အတွက် အကြံတစ်ခုပေးချင်ပါတယ်။ သင်ဟာ စန်းပွင့်တဲ့သူဖြစ်ပေမယ့် တစ်ယောက်တည်းကိုပဲ
သတ်သတ် မှတ်မှတ် ချစ်တဲ့ အချစ်ကမှ သင်နဲ့ အသင့်တော်ဆုံးဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ သင်ရဲ့စိတ် တစ်စိတ်တည်းနဲ့ လူအများ ကို ခွဲဝေပေးဖို့ မဖြစ်နိုင်လို့ ပါပဲ။

၃ . အလုပ်ချိန်မှာ ဆက်တတ်သူ
သင်ဟာ အချစ်လူရိုးကြီးပါ။ ရိုမတ်တစ် မဆန်သလို နားဝင်ချိုတဲ့ စကားကိုလည်း ပြောခဲသူဖြစ်တယ်။ အချစ်ဆိုတာ ဘဝရဲ့ တစ်စိတ် တစ်ဒေသလို့ ထင်သူဖြစ်တယ်။ သင်ဟာ အချစ်ကို ချစ်သော်လည်း အချစ်အတွက် ခေါင်းမစားသူဖြစ်တယ်။ သင့်အတွက် အကြံက အချစ်ကို သင်စတင်တော့မယ်ဆိုရင် သူငယ်ချင်းအဆင့်ကနေ တဖြည်းဖြည်း စတင်တာ အကောင်းဆုံးဖြစ်တယ်။ ဒါပေမယ့်
သူငယ်ချင်းအဆင့်ပဲရှိသေးတယ် သူငယ်ချင်းအဖြစ်နဲ့တော့ အရပ်ဆဲဖြစ်ဖို့လိုတယ်။

၎ . အိပ်ယာမဝင်ခင်ဆက်တတ်သူ
သင်ဟာ အချစ်ရဲ့ ကျေးကျွန်ဖြစ်တယ်။ အချစ်ကို ကိုးကွယ်သူဖြစ်တယ်။ချစ်သူက သင့်အပေါ် နည်းနည်းကောင်းပြ ကြင်နာပြတာနဲ့
သင်ဟာ သူ့အပေါ် ဆယ်ဆ ပြန်ကောင်းလိုက်တတ်တယ်။ ချစ်သူအလိုရှိတာကို ပါးစပ်က ဟ လိုက်တာနဲ့ သင်က ဘာမဆို အားလုံး အိုကေ စေရမယ် ဆိုတဲ့ အစားမျိုးဖြစ်တယ်။ သင့်ကို အကြံတစ်ခု ပေးချင်ပါတယ်။ တစ်ခါတစ်လေမှာ အချစ်ဆိုတာ တရားမမျှတ တဲ့ ကစား နည်းပါ ။ ပေးဆပ်မှု့နဲ့ ရယူမှု့ က ဘယ်တော့မှ တစ်ထပ်တည်း မကျဘူး။ ဒါကြောင့် အချစ်နွံထဲ အရမ်း နစ်ဝင်မသွားပါနဲ့။ နောက်
သင့်မှာ အချစ်အတွက် တိုင်ပင်ဖော်လေး လိုပါတယ်။ ဥပမာ သူငယ်ချင်း သို့မဟုတ် အိမ်သူအိမ်သား ။ သူတို့က သင့်အတွက် အကြံဥာဏ်
ကောင်းတွေ ပေးနိုင်ပါလိမ့်မယ်။

၅ . ဆက်ချင်တဲ့အချိန် ဆက်တတ်သူ
ချစ်သူ ကိုယ်ပေါ်ကနေ ကိုလိုချင်တဲ့အရာကို ရှာဖွေတတ်သူဖြစ်တယ်။ ချစ်သူလိုတစ်မျိုး သူငယ်ချင်းလိုတစ်မျိုး ကူညီစောင့်ရှောက်
တတ်သူလည်းဖြစ်တယ်။ တစ်ခြားသူနဲ့ ခင်မင်သွားလည်း ချစ်သူအပေါ် အချစ်မပြောင်းတတ်သူဖြစ်တယ်။ အကြံတစ်ခုပေးချင်တာက ချစ်
သက်တမ်းကြာလေလေ ချစ်သူရဲ့ အပြစ်အနာအဆာကို တွေ့မြင်နိုင်ဖို့ ခဲယဉ်းလေလေ ဖြစ်တတ်တာကြောင့် ချစ်သူအပေါ် မကျေနပ်တာ အလိုမကျတာ တွေကို စိတ်ထဲမှာ သိမ်းမထားဘဲ ချက်ချင်း ထုတ်ဖော် ပြောသင့်တယ်။ အလိုမကျတာတွေကို ရင်ထဲမှာပဲ သိမ်းဆည်း ထား ရင် နောက်ဆုံးမှာ အင်အားကြီးတဲ့ မီးတောက်အဖြစ် ပေါက်ကွဲနိုင်တယ်။

0 ယောက်အားပေးခဲ့တယ်: