မိုက်မဲသူ...

လေးညှို့ရှင်..
မင်းကတော့ မရည်ရွယ်ခဲ့ပါဘူး
ဒါပေမယ့် မြားတစ်စင်းကတော့
ငါ့ရင်ဘတ်ထဲ စူးစူးနစ်နစ်ပါပဲ..

မရည်ရွယ်ခဲ့သူ မင်းအတွက်
ဒီအချစ်ပွဲမှာ ငါကသူရဲကောင်းပေါ့..။

ငါ့ရင်ဘတ်ထဲ စူးနစ်ဝင်နေတဲ့
ဒီသံယောဇဉ်.....
ငါကိုယ်တိုင်ပဲ ပြန်လည်ဆွဲနှုတ်ခဲ့တယ်။

မင်းဘုရင်မလက်ထဲ ပြန်လည်အပ်နှင်းလိုက်တဲ့ မြားတစ်စင်းမှာ
ငါ့နှလုံးသား အစိမ်းလိုက်ပါသွားခဲ့ပေမယ့်
ငါပြုံးလျှက်ပါပဲ...။

ရင်ဘတ်ထဲက ဟောဒီဒဏ်ရာ
ယနေ့ထက်တိုင် သွေးစိမ့်နေသေးပေမယ့်လည်း.....
....... ငါက သူရဲကောင်းတစ်ဦးပေါ့ .... ။

4 ယောက်အားပေးခဲ့တယ်:

ကောင်းလိုက်တဲ့ကဗျာလေးတစ်ပုဒ်ပါပဲဗျာ

 

khite tal kwar .. yin htal co nint twer tar pal ...

 

နှစ်သက်စွာ . ခံစားသွားပါတယ်...
အရမ်းကောင်းတယ်...

 

အလွန်ခံစားသွားပါတယ်..တကယ်ပါ..
တစ်ဖတ်သတ်မှ...နစ်ဦးနစ်ဖက်ချစ်ခြင်းမျှတပါစေ..
ဆုတောင်းပေးလိုက်ပါတယ်