ဝေးလွင့်ချိန်


ပြောနေကြတဲ့စကားလုံးတွေကြား
တစ်ခွန်းစ၊ နှစ်ခွန်းစ ရောက်သွားမိတဲ့ မင်းရဲ့အကြောင်း
ငါ နာကျင်မိတုန်း၊ ခံစားရတုန်း။

ဒီတစ်နေဝင်သွားရင်......
ကြယ်စင်တွေ ရောက်ရှိချိန်ကျ... ...
နံနက်ခင်းလေးမှာများ... .... ....
... .... ..... ......
မင်းပုံရိပ်လေး ပြန်မြင်ခွင့်ရလိမ့်မယ်
စတဲ့ စတဲ့ မျှော်လင့်ခြင်းတွေ
မသေချာဘူး ....
ငါသိပါတယ် .... ။

ပြောချင်တဲ့စကားလုံးများစွာထဲမှာ
ငါ တိတ်ဆိတ်ခဲ့ရဖူးတယ်
ပြောမထွက်တော့လို့၊ မပြောသင့်တော့လို့ပါ ...

ရှုံးနိမ့်မှု့ကြား နားခိုရတာ
ငါ့ကုသိုလ်ပဲ ဆိုရမလား.....

အဆုံးစွန်ထိ နားလည်ပေးလိုက်တော့
ငါ့အတွက်... အချစ်ဆိုတာ...
မျိုသိပ်ခြင်းတွေနဲ့အတူ ....
.... စွန့်လွှတ်ဖို့ပဲ ...
.... ကျောခိုင်းဖို့ပဲ ...

ငါ့နှလုံးသားကို မင်းမြင်တတ်ခဲ့ရင်
နှုတ်ဆက်ကြတဲ့ အဲဒီညနေခင်းမှာ
ငါ နာကျင်နေခဲ့တာ မင်းသိမှာပါ ။

7 ယောက်အားပေးခဲ့တယ်:

ကဗျာလေးတွေစပ်တတ်တဲ့ ညီမလေးတို့ကို
ချီးမွမ်းတယ် ညီမလေးရေ။အရမ်းတော်တယ်။း)

 

ဝါးးးးးးးးးးးးးးးးးး. တီတီရေ.. ငိုပြီးပြန်သွားတယ်။ ဖတ်ရတာ ၀မ်းနည်းလွန်းလို့။

 

နာ သက်ရင်းလေး ကရေးတော့ လည်း အတော်သားနော့။အသစ်တွေ ပါ။အားပေး ရတာ စောင့်ပြီးတော့ ၁ လလောက်။

 

ငါ့နှလုံးသားကို မင်းမြင်တတ်ခဲ့ရင်
နှုတ်ဆက်ကြတဲ့ အဲဒီညနေခင်းမှာ
ငါ နာကျင်နေခဲ့တာ မင်းသိမှာပါ

ဒါပေမယ့် အဆုံးကျတော့ ဆရာမ အနိုင်ရသွားပါတယ်ဗျာ...

 

ခံစားနေရတာကို ချစ်သောသူတစ်ယောက် သိပြီး
ဆုံဆည်းနိုင်တဲ့ ဘ၀တစ်ခုကို ထူထောင်နိုင်ပါစေလို့
ဆုတောင်းသွား၏ ..။

 

အရမ်းကောင်းတယ်.... ခံစားသွားရပြီ။

 

ပြောစရာမရှိအောင် ကောင်းပါ့ဗျာ။