ခွင့်လွှတ်ပါနော်....

ဒီစာက ထွေထွေထူးထူးတော့မဟုတ်ပါဘူး၊ မထူးဘူးဆိုပေမယ့်
မထူးတာလည်းမဟုတ်ပါဘူး ထူးလည်းထူးပါတယ် ဟဲဟဲ
ဒီလိုစကားပလ္လင်ခံနေတာ အပြစ်ရှိသူတွေ အပြစ်ဝန်ခံခါနီးရင်
လုပ်နေကျ အကျင့်လေ ဟီးဟီး…..။

ခုလို မြန်မာနှစ်ဆန်း ၁ ရက်နေ့၊နှစ်သစ်စတဲ့နေ့လေးမှာ မိဘ နဲ့သက်ကြီးသူတွေကို ကန်တော့ကြတာ အစဉ်အလာတစ်ခုပဲလေ။ သဉ္ဇာ့ အဖေနဲ့အမေက တူတူရှိနေတဲ့အတွက် ကန်တော့ခွင့်ရပါတယ်။ ဒါလည်းကံကောင်းခြင်းတစ်မျိုးပေါ့။ အဲဒီလိုပဲ ဖြတ်သန်းလာခဲ့တဲ့ ရက်တွေ လတွေအတွင်း သဉ္ဇာ့ရဲ့ ဘလော့ဂါ အကိုတော် အမတော်တွေကို သတိမထားမိပဲ၊ မရည်ရွယ်ပါပဲ စော်ကားမိသလို ဖြစ်သွားတာတွေ ရှိခဲ့ပါက အဲဒါတွေအတွက် ခွင့်လွှတ်ပေးကြပါလို့ မျက်နှာလေးကို ဇီးရွက်လောက်ထားပြီး
ဝန်ချတောင်းပန်ပါတယ်လို့…။

ကိုကြီးအိမ်၊ မမဝါ တို့ရဲ့ စီဗုံးမှာလည်း ကြုံရင် ကြုံသလို ဝင်ပြီး အော်ချင်ရာ အော်ခဲ့တာတွေ၊
တားတား(vanko)၊ ကိုအိကု(Idulize)၊ ကိုရှင်ရဲထွတ်၊ ကိုလတ်(ကိုမိုးသွေးငယ်)၊မက်မက်၊ မမမီးလေးဇာ တို့ကိုလည်း ဂျီတော့ခ်မှာ စိတ်မညစ် ညစ်အောင် ဒုက္ခပေါင်းစုံပေးခဲ့တာတွေ၊ ဘိုးဘိုး(သက်တံ့) ကိုလည်း ကြုံရင်ကြုံသလို လှမ်းစခဲ့တာ၊ နောက်... ငွန်ငယ်နဲ့ခေါင်ခေါင် (သူတို့က သဉ္ဇာနဲ့ရွယ်တူတွေဆိုပေမယ့် သူတို့ကိုထည့်မကန်တော့ရင် လည်ပင်းဝိုင်းညှစ်မှာစိုးလို့ .. ကြောက်နေရတယ်…) နောက်ပြီးတော့ ကျန်ရှိနေသေးတဲ့ သူငယ်ချင်းတွေ အားလုံးလည်း ပြောမှားဆိုမှားရှိရင်ခွင့်လွှတ်ကြပါလို့ သနားကမား မျက်နှာပေးလေးနဲ့ ဝန်ချ တောင်းပန်အပ်ပါတယ်နော်.. . ခွင့်လွှတ်ကြပါ ဒီမလိမ်မိုးမလိမ္မာလေးကို..နော် နော်.။

အကန်တော့ခံပြီးရင်လည်း မုန့်ဖိုးလေးတွေ ပေးကြပေါ့နော် ဟီးဟီး………။ (ပြောပုံကိုက ခွင့်လွှတ်ခြင်စရာမရှိဘူးနော်... ) :P :P

7 ယောက်အားပေးခဲ့တယ်:

အော် ..ခုတော့လည်း ငါးကြော်ခိုးစားပြီးသူမစား
သလိုနဲ့..သနားစရာမျက်နှာပေးနဲ့...အရိုက်ခံရမှာ
ကြောက်တဲ့ ကြောင်မလေးလို့ ဟဟဟ.. (တင်စားတာ များသွား ပြီလားမသိဘူး....။) ဖြစ်နေတော့လည်း ကဲကဲ..ရော့ရော့.. အန်ပေါင်း..တစ်သိန်း....အင်ဒိုးနီးရှားငွေ
ပေးတယ် ဗျာ...။
အိုးမဲ သုတ်တာ ကို ပြန်နုတ်တာရယ်=
မုန့်ဝယ်ကျွေးမယ်ဆို အကြွေးထားတာရယ်=
ရေလောင်းရင် ခွက်ပါလွှင့်သွားလို့ရော်ပေးရတာရယ်=
အားလုံးနုတ်လိုက်တော့ ..မကျန်တော့ဘူး...
အဲ့တော့ ..အကြွေးပါထပ်တင်တယ်..။နောက်နှစ် သင်္ကြန် မရောက်ခင် ဆပ်ပေရော့....ဗျာ။

 

$$$$$$$$$$$$$$
$$$$$$$$$$$$$$$$$$$
$$$$$$$$$$$$$$$$$$$$$$$

ကဲ.. ငွေတွေ ယူပီး အမြန်ပြေးလာတယ်... ဘာများ
ဖြစ်တာလဲ လို့ စိတ်ပူသွားတာပဲ... ဟဲဟဲ...

ရော့ အဲ့ဒီမှာ ဒေါ်လာတွေ သယ်လာတယ်... ဦးလတ်ဆီမှာ တင်နေတဲ့ အကြွေးကို ဆက်လိုက်တော့...... အဲလို သဘောထား ကြီးပြီး အန်ပေါင်းကို အကြွေးနဲ့ ပြန်နှိမ်သွားတဲ့ ဦးလတ်ကို တီတီတင်ချာ လေးဆလောက်ပိုပေးလိုက်.. ဟီးး
ဒေါ်လာတော့မဟုတ်ဘူး .. အင်ဒိုနီးရှားပိုက်ဆံ... ခစ်ခစ်.... သူလိုမျိုးပြန်ပြောသွားတာ... :P :P

ဟင့်..နောက်ဆို ကလေးကို စိတ်ပူအောင်မလုပ်နဲ့ နော်... ကလေးက လူကြီးယူထားတဲ့ အကြွေးတွေ ကိုလိုက်ဆပ်ပေးနေရတယ်.. အခုတော့ ကွန်မန့်မှာတောင် ကြေငြာသွားတယ်.. နောက်နှစ်သင်္ကြန်မရောက်ခင် အပြီးဆပ်ရမယ်တဲ့... ဟူးးး ပြေးလာရတာ မောတောင်နေတယ်... ၀ဲ..အဲ..အဲ့...
:P

နောက်လူတွေ လာပေးတဲ့ မုန့်ဖိုးထဲက မက်မက်ကိုလည်းရှယ်ရမယ်နော်..ဒါပဲ.. မဟုတ်ရင် အချစ်တွေ လျော့ပစ်လိုက်မှာ...
အာဝါးး ကို အမြှောက်တစ်သိန်း မပေးပဲ.. လျော့ချပစ်မှာ.. ခစ်ခစ်....

နှစ်သစ်မှာ တီတီတင်ချာလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒ မတောင်းတပဲ အမြန်ဆုံး ပြည့်စုံနိုင်ပါစေ...

အာဝါးးးးးးးးးးးးးး
:P

 

မမမှာတော့ အဒေါ်မလာလို့ ဒေါ်လာမရှိဘူးကွယ် ဘတ်နဲ့ပဲပေးရတာပေါ့ စာအိတ်ထဲမှာထည့်ပေးလိုက်တယ်
အဒူ့မှာပြောနဲ့ မက်မက်ကိုပိုဆိုးသွားမပြောပြနဲ့နော်
ဟိဟိ......
ကန်တော့လာခံသွားပါတယ်
ခွေးလဲလွှတ်ပါတယ် ဟီးးး
ငါ့ညီမလေးနှစ်သစ်မှာစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ လိုအင်ဆန္ဒ တစ်လုံးတစ်ဝ ပြည့်ဝပါစေရှင်

 

ကဲကဲ... တောင်းပန်တယ်၊စကောပန်တယ်၊ စလောင်းပန်တယ် ဆိုတော့လဲ ခွေးလွှတ်ရမှာပေါ့။ဒီတခါတော့ မလိမ်မို့မလိမ်မာ
ကလေးလိုလို.. လိုလို.. မို့ခွေးလွှတ်တယ်။
နောက်တခါဆိုရင်တော့ လွယ်ဘူး.. ဒါဗျဲ.။
ဘာပဲပြောပြော နှစ်သစ်မှာ မင်္ဂလာရှိတဲ့ အလုပ်
လုပ်တာ ကောင်းတယ်ဗျား.. နောင်နှစ်ဆို ကိုယ်တိုင်လာပြီး အကန်တော့ လာခံမယ်သိလား

 

မုန့်ဖိုးတော့ မရှိဘူး ကိုင်တိုင်တောင် မူးရင် ရူစရာမရှိလို့ သူများဆီက ငှားငှားရူနေရတာ။
ဒေါ်လှလဲမရှိဘူး၊ယူပြီးပြန်မပေးတဲ့သူလဲ မရှိဘူး
ဟိုရမ်းဒီရမ်းလဲ မရှိဘူး၊ ၀မ်းလဲ မရှိတူးလဲ မရှိ
ဘတ်ခနဲ ပါချထားတဲ့ အီးတောင် ပါရဦးမှာ။
ဒေါ်လှ(ဒေါ်လာ)၊ ယူပြီးပြန်မပေး(ယူရို)
ဟိုရမ်းဒီရမ်း(ဂျပန်ရမ်း) ၀မ်း၊တူး(တရုတ်ဝမ်ငွေ)
ဘတ်ခနဲ(ထိုင်းငွေ)

 

အတာကူးတဲ့ နှစ်တန်ခူးမှာ....

အမိအဖ ပြုစုသမျှ
ကြီးပြင်းခဲ့ရ ညီမဘဝ
အရွယ်ရောက်လို့ အခါတော်ရောက်ပေမို့
လက်စုံရှိခိုး ဘုန်းတန်ခိုးက
သာစွပြည်မှာ လူဖြစ်တွင်ခါ
လန်းဆန်းတက်ကြွ စိတ်အလှကို
မိသားတစ်စု အပေါင်းအဖေါ်စုနှင့်
ချစ်ခင်မြတ်နိုး ထာဝရတိုးလို့
သမီးကောင်းအဖြစ် တည်တဲ့ခြင်းဖြင့်
လုပ်ကျွေးသမှု တည်ပါစေသော် ..။

 

ညီမလေး တင်ချာရေ...
ဘိုးဘိုးကို ကြုံရင်ကြုံသလို လှမ်းပြီး ယောင်းမတော်တာ... အဲ့လေ... လှမ်းပြီး စတာအတွက် ဗွေမယူပါဘူးကွယ်...
~~~ စိတ်မဆိုးပါဘူး ~~ ခွင့်လွှတ်ပါတယ် ~~~
(PS. ~~~ စိတ်မဆိုးနဲ့နော် ~~ ခွင့်လွှတ်ပါကွယ် ~~~ ဆိုတဲ့ သီချင်းအလိုက်ဖြင့် ဖတ်ရန်... :P)

ငါ့ညီမလည်း မုန့်ဖိုးပေးတဲ့သူတွေ များနေတော့ သုံးမကုန်ဖြစ်နေလောက်ပြီ...
ဒီတော့ သုံးမကုန်တဲ့ မုန့်ဖိုးတွေကို ၀ိုင်းပြီး အကုန်သုံးပေးမယ့် ဘိုးရဲ့မောင်လေးကို နှစ်သစ်လက်ဆောင် ဆုအဖြစ် အပ်နှင်းလိုက်တယ် တင်ချာရေ... ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်လော့... :P