သူတို့ ၁၀ ယောက်ပေါ့လို့ ....။

အဒူတွေကို တွေ့ချင်လဲတဲ့ ချစ်မက်နဲ့ ချစ်မ မီးလေးဇာ က မေးထားတယ်...။ တွေ့ချင်တဲ့သူတွေကတော့ အများကြီးပေါ့လို့.....။ အာကာသကို ပထမဆုံး သွားခဲ့တဲ့ ယူရီ ဂါဂါရင်လည်း တွေ့ချင်တာပဲ ..၊ ဆိုင်ကယ်ဘုရင် ဗလန်တီနို ရော့စီ လည်းတွေ့ချင်တာပဲ ...။ westlife အဖွဲ့က ခပ်ချောချောလေးတွေလည်း တွေ့ချင်သေးရဲ့။

သို့သော် သို့သော်... ၁၀ ယောက်လို့ ကန့်သက်ထားတော့ သူတို့က အလိုလို အနောက်ရောက်သွားတာ မတက်နိုင်ဘူး ဟီးဟီး ...။ သူတို့က ချစ်အစ်ကို၊ ချစ်အစ်မ၊ ချစ်သယ်ရင်း တွေလောက်မှ အရေးမကြီးတာ နော့..။ ( ဖားတာ ... :P )

(၁) ချစ်မက်မက် နှာတံချွန်ချွန်လေးနဲ့ ချစ်မက်ကို အရမ်းကြီးကိုတွေ့ချင်နေတာ၊ သူကလေ ချောချောလေးရှာပေးမယ်လို့လဲ ပြောသေးတယ်။ အားကိုးလိုက်တော့မယ် ချစ်မက်ကို ဟိဟိဟိ။

(၂) ချစ်မ မီးလေးဇာ နာမည်ချင်းရော ခံစားချက်ချင်းပါ တော်တော်လေး ဆင်တူတဲ့ ချစ်မ မီးလေးဇာကိုလည်း သိပ်တွေ့ချင်ပါတယ်။

(၃) ကိုရှင်ရဲထွတ် အွန်လိုင်းမှာတွေ့ရင် တစ်ခါတွေ့ တစ်မျိုးချက်ကျွေးတဲ့(ပိုက်ပိုက်မကုန်လို့ ထင်ပါတယ် ဟဲဟဲ) ကိုကြီးရှင်ရဲထွတ် ကိုလည်းတွေ့ချင်ပါတယ်...။

(၄) ကိုအိကု (ကိုအရုပ်ကလေး) သဉ္ဇာလုပ်လိုက်လို့ အလိုလိုနေရင် အိကု ဆိုတဲ့ နာမည်ရသွားတဲ့ ၊ ကဗျာတွေ အရေးကောင်းတဲ့ အစ်ကိုကိုလည်း တွေ့ချင်တယ်....။

(၅) တားတားပန်းဂျကား (ပန်းစကား) စာအုပ်တွေ ဖတ်၊ သီချင်းတွေ နားထောင် တဲ့ တားတားပန်းဂျကားကိုလည်း တွေ့ချင်တယ်...။ သူက စိတ်ကြီးတယ်၊ စိတ်တိုလာရင် သူ့လက်ကိုတောင် သူကိုယ်တိုင် ပိုက်ဂိုက် နဲ့ ညှပ်တာ ဟိဟိ ၊ ဂစ်တာတီးတာလည်း တော်တယ်ဆိုပဲ တွေ့မှ ဟုတ်မဟုတ် ကြည့်ရမယ် .....။

(၆) ကိုလတ်( မိုးသွေးငယ် ) ကိုလည်းတွေ့ချင်တယ်...။ ညီမတွေနဲ့တန်းတူ နှောင့်ယှက်သမျှ သည်းခံတက်တဲ့ ကိုလတ် ကိုလည်း တွေ့ချင်တယ်။ သူ့ကိုတွေ့လိုက်ရင် နာမည်နဲ့လိုက်အောင် အမြဲမိုးရွာနေတာ ....။ ခုလောက်ဆို သူ့ခုတင်တောင် ရေနဲ့ မျောသွားပြီလားမသိဘူး...။

(၇) မိငွန် (ငွန်ငယ်) သူက ဘော်ဒီဂတ် လုပ်ပေးမယ်တဲ့ ခုတော့ အပြည့်အဝ ကာကွယ်နိုင်အောင်တဲ့ တောင်ကြားမှာ သိုင်းသွားကျင့်နေလေရဲ့ ။ အရမ်းအားကိုးရတဲ့ ချစ်သယ်ရင်း ငွန်ငယ့်ကိုလည်း သိပ်တွေ့ချင်တာပဲ ....။

(ဂ) ချောင်ခစ် (ခေါင်ခေါင်) ဘာဘာညာညာ အသာထား ဟဲ့ ငါ ကွိုင်နေပြီလို့ ပြောလိုက်တာနဲ့ ဝင်ပြီး ဘုတော ရန်ဖြစ်ပေးတဲ့၊ ဟာသ မျိုးစုံပြောတတ်တဲ့ သယ်ရင်းကိုလည်း တွေ့ချင်တာပေါ့...။

(၉) ဘိုးဘိုး ( သက်တန့် ) ဘိုးဘိုးရေ လို့ခေါ်လိုက်တာနဲ့ တင်ချာအတွက် မောင်တစ်ယောက်လို့ ( တစ်ကယ်ရှိမရှိမသိသော )မောင်တစ်ယောက်ကို စေတနာ ပါပါနဲ့ပေးတတ်တဲ့ ဘိုးဘိုး ကိုလည်းတွေ့ချင်ပါ့...။ ခုတော့ သူက ဂျားကစ် စားဖူးသလီး သွားလုပ်နေလေရဲ့ ဟီးဟီး ....။

(၁၀) ဝေလေး မပြောမဆိုနဲ့ ပျောက်သွားတယ်၊ နောက်မှ ပြန်ပေါ်လာပြီး နောက်ဆို ဒီလိုလုပ်တော့ပါဘူးလို့ ပြောတဲ့ ဝေလေး ကိုလည်း သိပ်တွေ့ချင်ပါတယ်လို့....။

ကဲ ခုချိန်ကစပြီး နာမည်စာရင်းတွင် ပါဝင်သူများသည် အနှောင့်အယှက်ပေးမည့် ဂြိုဟ်သမီးလေးကို ကြောက်ပါက ကြိုတင် ပုန်းရှောင်နိုင်ပါကြောင်း။ ပုန်းနေသည်ဟု သိရှိပါက၊ ပုန်းသူများကိုလည်း မရရအောင် ရှာမည်ဖြစ်ပါကြောင်း၊ ကြိုတင် သတိပေးအပ်ပါသည်။

...............................................။ ။....................................................

11 ယောက်အားပေးခဲ့တယ်:

ဟင်.... ပြေးပြီဟေး.................

 

တိတ်တိတ်လေးလာဖတ်သွားပါတယ် ညီမလေးသင်ချာ
ရေ.... ဗြဲးးးးးး မမကို မတွေ့ချင်လို့ နိုပြီးပြန်သွားတယ်..
အဟတ်ဟတ်..စတာနော်.... ညီမလေးတွေ့ဆုံချင်တဲ့
သူတွေနဲ့ အပြင်မှာတွေ့ဆုံနိုင်ပါစေနော်..

မမ၀ါ

 
This comment has been removed by the author.
 

အေးပါ ..မိုးရွာ လို့ မျှောတာ ဘာမှမဖြစ်ဘူးနော် ။ကိုယ့် အလှည့် ရောက်မှမ နိုးကြေး...ဟဟဟ။ရေး ပြီး ငါ့ ညီမပြောတဲ့ အကြောင်းတွေ....။

 

တီတီ.. တစ်ကိုက်.. အဲလေ ယောင်လို့.. တကယ်ပဲ တွေ့ချင်ပါတယ်။ စိတ်မကြီးပါဘူးနော်။ ဂစ်တာတီးတော်တယ်လို့လဲ အပြောမိပါဝူးဗျာ။
တီတီ.. အပြင်မှာတကယ်တွေ့ရင်လေ.. ဟိဟိ :P
တွေ့မှပဲ ဆက်ပြောတော့မယ်နော်။ :P

 

တွေ့ချင်ပါတယ်ဆိုမှ
ကံအကြောင်းရယ် မတိုက်ဆိုင်တော့
ဒီတစ်ခါ တင်ချာ ပြန်အလာမှာ
လွဲ... လွဲရပြီ... ပေါ့... လေ...
ကတောက်... ကလောက်... (တက်ခေါက်တာ... :P)

 

နာ့ညီမလေးကိုတွေ့ချင်လို့ လေယာဉ်လက်မှတ်ဖိုးကလဲမတတ်နိုင် ဆိုတော့ အခု ပျံလွှားပျံနည်းကျင်နေပါကြောင်း ဟီးးးးးးးး

 

တွေ့ချင်ပေမယ့် ပြေးချင်နေတာ ...
tag ပြန်ပဟ ဇာတ်လမ်းက
တွေ့ချင်သပ ငါ့အဖြစ်က
ရုပ်စုံမတွေ့လို့ အဟုတ် အကုန်တွေ့ချင်နေတာ
ဘယ်လို လုပ်ရပါ့မလဲနော့ ...

 

သြော်... နာကျတော့ ပါဘူး.။ ထော်တော့ဘူး။

 

တူညားနာထောင်းချွန်တာ ရူဒွေတိတုန်ပီ... ခစ်ခစ်
မပူပါနဲ့...ရှာပေးရမှာပေါ့ ကိုယ့်တီတီပဲ... နော့်... ခစ်ခစ်...


တော်နေ အာဝါး အပေးကြမ်းလို့ ပြောတော့မယ်.. အဟား... တီတီကိုလည်း အရမ်းကိုတွေ့ချင်ပါတယ်..

တီတီလည်း ကိုယ်တွေ့ချင်တဲ့သူနဲ့ အမြန်ဆုံး တွေ့နိုင်ပါစေ..နော်....
အာဝါးးးးးးးးးးးးးးးးး ရေးပေးတဲ့အတွက် အမျြောက်တစ်သိန်း ပိုပေးလိုက်တယ်...ဟဲဟဲ

 

ဟယ်..... မမတင်ချာ မီးမီးကိုတွေ့ချင်တယ်..... :P :P
ဝေလေးကလည်း တွေ့ချင်ပါတယ်။ အကြောင်းကံဆုံရင်တော့ တွေ့ကြမှာပေါ့နော့.. :)
ခုမှရောက်ဖြစ်လို့ ခုမှသိရတယ်... ဆောရီး....