ဥာဏ်စမ်း Tag

တဂ်တဲ့သူကတဂ်တော့ ဆားချက်ချင်တဲ့သူကလည်း အတော်ဖြစ်သွားရော။ ဆားချက်တာထက် သူက မရေးတဲ့သူ အပိုကြီးဖြစ်မယ်ဆိုလို့ အပိုကြီးတော့မဖြစ်ချင်ပါ မေးဆို မေးပါ့မယ် ..... ။

ငှက်ငယ်လေးက တဂ်ထားတဲ့သူများတယ်ဆိုတော့ ဒီမေးခွန်းတွေ မမေးခင်မှာ ဘလော့ဂ်တွေ စုံအောင် မဖတ်မိပါဘူး၊ ဒါကြောင့်မေးခွန်းတူတာများရှိခဲ့ရင် ဆော်ရီး ပါလို့ ကြိုကြိုတင်တင် သံတော်ဦး တင်ထားပါတယ်ရှင့်....။

ငှက်ငယ်လေးရေ မေးပြီနော်၊ အိမ်အလည်လာသူ မောင်နှမတွေလည်း ပျော်ပျော်ပါးပါးလေး ဝိုင်းဝန်းခေါင်းစားသွားကြပါလို့..။

မေးခွန်း ၁

ခွေး၂ ကောင်ဟာ ကမ်းနားမှာ ကစားကြရင်း ရေဆာလို့ ရေသောက်ဖို့ ဘောတံတားပေါ် ဆင်းလာကြတယ်။ ဒါပေမယ့် ရေက ခွေးပါးစပ် နဲ့ ၃ ပေ ကွာနေတယ်။ ရေက တစ်နာရီကို တစ်ပေ တက်တယ်ဆိုရင် ဘယ်နှစ်နာရီအကြာမှာ ခွေးကလေး ရေသောက်လို့ ရပါမလဲ။

မေးခွန်း ၂

လူ ၃ ယောက်နဲ့ ဘီလူး ၃ ကောင် မြစ်တစ်ခုကို ကူးဖို့ စောင့်နေတယ်။ လှေက တစ်စီးသာ ရှိပါတယ်။ တစ်ခါကူးရင် လှေပေါ်မှာ ၂ ဦးသာ ပါရပါမယ်။ ဆိပ်ကမ်းပေါ်မှာလည်း လူနဲ့ ဘီလူး ဦးရေက ညီတူ ရှိရပါမယ်။ ဘီးလူး ၂ ကောင် လူတစ်ယောက်ဆို လူကို ဘီလူးက စားမယ်။ လူ၂ ယောက် ဘီလူး တစ်ကောင်ဆိုလည်း ဘီလူးကို လူက သတ်မှာပါ။ ဆိုတော့ ဒီ ၆ ဦးထဲက တစ်ဦးမှ မသေပဲ ဟိုဘက်ကမ်း ရောက်အောင် ဘယ်လိုကူးကြပါမလဲ။

မေးခွန်း ၃



ငယ်ငယ်က ကစားသလို ဇယားလေးမှာ ဂဏန်း ၁ ကနေ ၉ အထိ ကို ဒေါင်လိုက်ပေါင်းပေါင်း၊ အလျားလိုက် ပေါင်းပေါင်း၊ ကန့်လန့်ဖြတ် ပေါင်းပေါင်း၊ ပေါင်းခြင်း၁၅ ရအောင် ဖြည့်ပေးရမှာပါ။

ကစားနည်းလေး အဖြေရှာရင်း ပျော်ရွှင်ကြပါစေနော်....။

9 ယောက်အားပေးခဲ့တယ်:

ကျလိကျလိ အိအိ
ကိုယ့်အတက်ကိုယ်စူးပီ ;kwekwe;
ထဏနေစဉ်းစားပြီးရင်လာကြောမယ်နော်မမ

 

အလျှားလိုက်ရေမယ်နော်

၁ အကွက်မှာ ၃
၂ အကွက်မှာ ၅
၃ အကွက်မှာ ၇
၎ အကွက်မှာ ၈
၅ အကွက်မှာ ၁
၆ အကွက်မှာ ၆
၇ အကွက်မှာ ၎
၈ အကွက်မှာ ၉
နောက်ဆုံးအကွက်မှာ ၂ ထားလိုက်ရင် ဘယ်လိုပေါင်းပေါင်း ၁၅ ရပါတယ်မမ...ပလို့ ဂျိ တစ်ခုရပီ ကျလိကျလိ

 

နံပါတ် ၁ ကရဘူးနော်မမ..ဘောတံတါးက လည်းမြင့်မြင့်တက်သွားမှာကိုး :P

 

ဘီလူးတွေထဲမှာ ဒဿဂီရိပါလားဗျ။ ခွေးတွေကလည်း အိမ်ပြန်ရေသောက်ပေါ့ တော်ကြာ စည်ပင်နဲ့တွေ့နေဦးမယ်။ အလိုအကွက်လေးတွေ့ရင် ကစားချင်တယ်။ ကြက်ခြေခက်ယူပြီး အလယ်ကွက်မှာ ထားမယ်။ ဟီးဟီး မစဉ်းစားချင်လို့ လျှောက်ရေးသွား၏

 

အာာာာာာာာာာာ မစဉ်းစားချင်ဘူး... ဟင့်

အဖြေပြောပြ.. ဒါပဲ... အထုပေါပျ

 

မေးခွန်း နှစ် ကိုပဲဖြေသွားမယ်နော်
ပထမဆုံး ဘီလူးကို လှေအရင်စီးခိုင်းပြီး လူတွေရှိတဲ့ကမ်းကိုသွား
လူနေတဲ့ကမ်းမှာ ဘီလူဆင်းခိုင်ပြီး လူနှစ်ယောက် ကတတ်ပြီးဘီလူးနှစ်ကောင်ရှိတဲ့ကမ်းကိုသွား
အဲဒီလူနှစ်ယောက်ထဲက တစ်ယောက်ဆင်းပြီး ဘီလူးတစ်ကောင်ကလှေပေါ်တတ်
အဲဒီအချိန်လူ၁ယောက်နဲ့ဘီလူး တစ်ကောင်ဆီ ကမ်းတဖတ်စီမှာရှိနေပြီနော် ဟာမေသွားပြီ အရင်တုန်းကတော့အဲဒီgameကိုကစားဖူးတယ်
တော်ပြီမစဉ်းစားချင်တော့ဘူး ပြီးမှအဖြေမှန်လာကြည့်တော့မယ်

 

မေးခွန်း (၂ ) အတွက်အဖြေ
ပထမ ခေါက်မှာ ဘီလူး ၂ ကောင်ခေါ်သွားမယ်
ဒုတိယ ခေါက်မှာ ဘီလူး ၁ ကောင် နဲ့ လူ ၁်ယောက်ခေါ်သွား မယ် အဲမှာ လူ ကို ထား ခဲ့ ပြီး လှေ ပေါ် ဘီလူး ၂ ကောင် ပြန်ခေါ် သွားမယ်၊ ဆိပ်ကမ်း ပေါ်မှာ လူ ၁ ယောက်နဲ့ ဘီလူး ၁ ကောင်ကျန်ခဲ့မယ် ။ တတိယ ခေါက်မှာ ဘီလူး ၂ ကောင်ထဲ က ၁ ကောင်ကို ပြန်ထားခဲ့ ပြီး လူ တစ်ယောက် ပြန်ခေါ်သွားမယ် ၊ အဲတာ ဆို ရင် တတိယ ခေါက်အပြီး မှာ ဟိုဘက် ကို ဘီလူး ၂ ကောင် လူ ၂ ယောက်ရောက်နေပါပြီ။ နောက်တစ်ခေါက်မှာ တော့ ကျန်နေတဲ့ လူ ၁ ယောက် ဘီလူး ၁ ကောင်ကို ခေါ် သွားရင်အို ကေ သွားပါပြီ

 

လူ ၃​ယောက်​ ဘီလူးတစ်​​ကောင်​ကျန်​​တော့ လူက ဘီလူးကိုသတ်​မှာ​ပေါ့ဗျ

 

ထောင့်ဖြတ်မရဘူး