................... ။ ။


ရှိသမျှ လင်းစရာ ၊ ဝေစရာလေးတွေကို
သေခိုင်းလိုက်ပြီ ။
ဘယ်တောအုပ်မှာမှ
သစ်ပင် နံပါတ်ပြောပြီး အမြစ်မချချင်ဘူး ။
သောကြာနေ့ အချင်းချင်း အပျင်းခံရရင် နာတယ် ။

လှံတံက ခေါ်လို့မလိုက်ရင်လည်း
ပင်အပ်ယူပြီး လာမစိုက်နဲ့
မင်းတို့ကျေနပ်ရင် ငါလိုမြေက နိမ့်မြဲ နိမ့်ပေးလိုက်မယ် ။
လပြည့်ဝန်းကို ပိန်ချွန်းချွန်း ထိုင်ကြည့်နေရရင်ပဲ
ငါ့အတွက် ..
ဖြစ်ပါတယ်...။

တာရာမင်းဝေ

။ .... ။ ..... ။

3 ယောက်အားပေးခဲ့တယ်:

ဘာကိုပြောခြင်တာလဲဟင် လိုက်မမှီတာတော့ အမှန်ပဲ
ဟီ... စိတ်မဆိုးနဲ့နော် ဖြစ်နိုင်ရင် ကဗျာရဲ့ဆိုလိုရင်းပါ
ထည့်ရေးပေးဗျာ ဒါမှကျနော့်လို နလပိန်းတုံး ကနားလည်
မှာ

 

ဖတ်တော့ ဖတ်လိုက်တာပဲ..
ဘာမှန်းကို မသိတာ....
ဟီးဟီး

 

အဲဒါမျိုးမှ ကြိုက်တာ.... ကောင်းတယ် ကူးသွားတယ် မသင်ဇာ... နောက်လည်း ရှိရင် ထပ်တင်ပါအုံး။