
အဖြေလေးတွေကတော့..
အဝိုင်း မှာ ဆွဲလိုက်တဲ့ ပုံရဲ့ အကြောင်းပြချက်လေးက မိမိကိုယ်မိမိ မြင်တဲ့ အမြင် ပါ။
တြိဂံ မှာ ဆွဲလိုက်တဲ့ ပုံရဲ့ အကြောင်းပြချက်ကတော့ သူများပေါ်ကို မြင်တတ်တဲ့ ကိုယ့်ရဲ့ အမြင်ပါတဲ့။
လှေခါး မှာ ဆွဲလိုက်တဲ့ ပုံရဲ့ အကြောင်းပြချက်ကကျတော့ အလုပ်အကိုင်နဲ့ပတ်သက်လို့ ဘဝကို ဖြတ်သန်းမယ့် ကိုယ့်ရဲ့ ခံယူချက်ပါတဲ့။
အပေါင်း လက္ခဏာ မှာကတော့ စိတ်ဓာတ်ပိုင်းနဲ့ပတ်သက်တဲ့ မိမိရဲ့ဘဝဆိုတာအပေါ် ခံယူချက်ဖြစ်ပါတယ်။
လေးထောင့် မှာ ဆွဲလိုက်တာကတော့ မိမိရဲ့ မိသားစုအပေါ် မြင်တဲ့ အမြင်ပါတဲ့။
“က” လို ပုံစံလေးမှာ ကတော့ ချစ်ခြင်းမေတ္တာဆိုတာကို သင်က မြင်တဲ့ အမြင်ပါတဲ့ ရှင်။
သဉ္ဇာ ဖြေလိုက်တာတွေကို ပြောပြလိုက်အုံးမယ်.. ဟိဟိ ကြုံတုန်းလေး....
အဝိုင်းမှာ.... ကမ္ဘာ ပုံ ဆွဲပြီးတော့ ကျယ်ဝန်းတယ် ဆိုပြီးရေးလိုက်တာ ဟဲဟဲ
တြိဂံမှာတော့... တောင်ပုံဆွဲတယ်ရှင့်၊ အကြောင်းပြချက်ကတော့ ကြီးကျယ် မြင့်မား တယ်။
လှေခါးကိုတော့... စက်လှေခါး ဆွဲလိုက်တယ်၊ အပေါ်ရောက်ချင်ရင် သုံးရမယ့် အရာတဲ့( ဟုတ်နေတာပဲ )
အပေါင်းမှာတော့.... မီးပွိုင့်လမ်းဆုံကို အရင်ဆုံးသွားမြင်တယ်၊ အရပ်ပေါင်းဆုံက ဆုံဆည်းရာနေရာလို့ ရေးလိုက်သေး။
လေးထောင့်မှာ... ရေကူးကန်ကို ဆွဲပေးလိုက်တယ်၊ စိတ်ပေါ့ပါး၊ လန်းဆန်းစေတဲ့နေရာလို့ အကြောင်းပြချက် ရေးပေးလိုက်တယ်။
“က”မှာတော့.. ငှက်ပျံနေတဲ့ပုံကို ဆွဲတာပေါ့နော်၊ လွတ်လပ်တယ် ဆိုပဲ ဟဲဟဲ
အဖြေထွက်လာမှ အော် ဆိုပြီး အော်သွားတယ်။ သူများတွေတော့မသိဘူး၊ သဉ္ဇာ့အတွက်ကတော့ တော်တော်လေး တိုင်ဆိုင်တာ တွေ့ရတယ်။ သူငယ်ချင်းတို့လည်း ကစားရင်း ပျော်ရွှင်ပါစေ..။
2 ယောက်အားပေးခဲ့တယ်:
ဟုတ်ကဲ့ စက်ဝိုင်းကတော့ သုညလို့မြင်ပါတယ်၊
တြိဂံကတော့ စမူစာပဲ အရင်ပြေးမြင်မိပါတယ်(မစားရတာနှစ်ချီနေပြီဆ
ိုတော့)
လှေကားပုံကိုတော့ လှေကားလို့ပဲမြင်ပါတယ်
အပေါင်း ကတော့ လက်ထပ်ခြင်းလို့မြင်ပါတယ်(ကိုယ်တိုင်ကလဲ အဲဒါပဲ ရှုးနေတာ ဟိ)
လေးထောင့်ကတော့ ဆိုင်းဘုတ်ကြော်ငြာတွေပဲ ပြေးမြင်မိပါတယ်။
ကကြီးကတော့ မြန်မာအက္ခထဲက ပထမစာလုံးပါ
ဒါဆိုဘယ်လို တွက်ရမလဲဟင်
ကိုအိမ်ရေ..
သုညဆိုတော့ စာမေးပွဲမဖြေနိုင်တဲ့ပုံပဲ
ခုဆွဲနေတဲ့အချိန်မှာ ဗိုက်ဆာနေလို့ စမူဆာ ကိုမြင်တာ..
အပြင်ကပြန်လာကာစထင်တယ် လှေခါးကို မြင်နေတုန်းပဲ။ လူပျိုကြီး ဘဝကိုတော်တော်စိတ်နာနေပုံ ရတယ် အပေါင်းကို လက်ထပ်ခြင်းတဲ့။ လေးထောင့်မြင်တိုင်း ဆိုင်းဘုတ်ဆိုတော့ တော်တော်လေးလည်း လမ်းများမယ့်ပုံ ။ သင်ပုန်းကြီးလည်း ကြေညက်တယ် ကကြီးဆိုတာနဲ့ တန်းသိတယ်။ ဟဲဟဲ :P
Post a Comment