ဖြစ်သလိုစားတယ်၊ စားသလိုဖြစ်တယ် ....

လာပြန်ပါပြီ ဒီတစ်ခါတော့ ဖြစ်သလိုစားသလားတဲ့။ ဒေါ်ခေါင်ခေါင် နဲ့ ဦးအိမ်တို့ရဲ့ကောင်းမှုလေ..။ ဖြစ်သလို စာတတ်သလားဆိုတော့ကာ.....။ အင်း.. စာတတ်တယ်လို့ပဲဖြေရမယ်။ ဟုတ်တယ် အစားအသောက်ကို သိပ်မရွေးဘူး။ ကိုယ်ကဖြစ်သလိုစားလိုက်ပြီး ဗိုက်ကလည်း ကိုယ်စားသလို ဖြစ်သွားတာပါပဲ။ မဖြစ်လို့လဲ မရဘူးလေ ဗိုက်မှာ သူစားချင်တာစားဖို့ ပါးစပ်မှ မပါတာ။ ကိုယ်စားသလိုပဲ ဖြစ်ရမှာပေါ့..။

မနက်စာဆိုရင်လည်း ကော်ဖီ ပါရင် ရပြီး ဘာနဲ့ပဲဖြစ်ဖြစ် စားလိုက်တာပဲ။ ကော်ဖီမသောက်ရရင်တော့ အဆင်မပြေဘူး၊ တစ်နေကုန် ခေါင်းမကြည်သလို ဖြစ်နေတတ်တယ်။ ပြီးတော့ ပြောပြရအုံးမယ် ဒေါ်သဉ္ဇာ ကလေ မနက်စာကို များများစားတတ်တယ်၊ ဘာကြောင့်မှန်း လည်းမသိ မနက်စာဆို များများစားဖြစ်တာကို သတိထားမိတယ်။ တစ်ညလုံး ငတ်ထား၍လည်း ဖြစ်နိုင်တယ်။

နေ့လည်စာကိုတော့ အလုပ်ရောက်နေရင် အမေထည့်ပေးလိုက်တဲ့ ထမင်းဘူးလေးပဲ အားကိုးလိုက်ပါတယ်။ စနေနေ့အလုပ်တက်ရရင်တော့ ထမင်းဘူး မထည့်ဘူး သူငယ်ချင်းတွေနဲ့ အပြင်မှာ ဝယ်စားဖြစ်တယ်။ မေမေကိုတော့ မှာထားပါတယ် ဟင်ချက်ရင် ဆီသိပ်မထည့်ဖို့ပါ။“ဝ”လာမှာစိုးလို့ အဆီ မစားခြင်း မဟုတ်ပါ (အထင်မလွဲစေလိုကြောင်း)။ အဆီများတဲ့ဟင်းကို ပါးစပ်ထဲထည့်ပြီး ဝါးနေရတဲ့ ဒုက္ခက တော်တော် ဆိုးလို့ပါ။ အဆီများတဲ့ ဟင်းကိုတွေ့ရင် မျက်ရည်လေးတွေ လယ် ချင်လာပါတယ်။ အလုပ်ပိတ်တဲ့နေ့တွေဆိုလည်း မေမေက ဘာဟင်းစားချင်လဲလို့မေးရင် ဖြေရခက်နေတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် စားမှာပါပဲ...။

ညစာဆိုရင်တော့ အလုပ်ကပြန်ရောက်တာနဲ့ ကျောင်းတန်းသွားရသေးတယ်လေ..၊ ဆိုတော့ကာ ဘာဟင်းချက်လဲလို့ မေးရုံတင်လေး မေးဖြစ်တာများတယ်။ ကျောင်းသွားရင်းနဲ့ လမ်းမှာ တစ်ခုခု ဝယ်သွားပါတယ်။ ကျောင်းရောက်မှ စားတယ်။ ညဘက်အိပ်ခါနီးရင်တော့ နွားနို့တစ်ခွက်သောက်ပြီး အိပ်တော့တာပါပဲ။

အဲဒါတွေက ကျောင်းနဲ့ အလုပ်တက်ရတဲ့နေ့တွေပေါ့နော်....။ စနေတနင်္ဂနွေဆိုရင်တော့ ဒေါ်သဉ္ဇာတစ်ယောက် အိမ်မှာ“ချက်ပျက်ကြော်တူး”အလုပ်တွေ လုပ်ပါတယ်။ သူများလို ချက်ပြုတ်ကြော်လှော်ခြင်းမဟုတ်ပါ ချက်ရင် ပျက်ပြီး၊ကြော်ရင်တူးသွားလို့ ချက်ပျက်ကြော်တူး ပါ။ တကယ်လို့များ စားချင်ကြတယ်ဆိုရင်တော့ အိမ်လာလည်ဖို့ဖိတ်ခေါ်ပါတယ်။ ဒေါ်သဉ္ဇာ ချက်တာကို စားဖူးသွားရင်တော့ အရင်က ဖြစ်သလို မစားတတ်သူများပါ“ဖြစ်သလို စားတတ်သွားခြင်း”ဆိုတဲ့ အကျိုးအမြတ်ကို ရရှိနိုင်ပါတယ် ။

4 ယောက်အားပေးခဲ့တယ်:

ကျောင်း ပြေးလိုက် အလုပ် ဒိုးလိုက် နဲ့ မအားလပ်နိုင်တဲ့ သနားစရာ ချစ်သယ်ရင်းကြီး ဒေါ်သဉ္စာ.. ချက်ပျက်ကြော်တူး ဘ၀ကလွတ် အောင် ဒေါ်ခေါင်ခေါင် ကိုယ်တိုင် သင်တန်းလာပေးရမယ့်ပုံပဲ..

 

thinzar yayy.... chat pyat kyaw too ca bal lo lote tar lal hin .. tin pay par larrr :D
eain mhar 1 gal lar sar mhar naw ... I ca phyit ta lo sarr tat tal :D ... :P

 

တင်ချာ ညီမရေ...
ချက်ပျက် ကြော်တူး နည်းလေး ပေးပါဦး... :D
မမဆီမှာလည်း တခြားနည်းတွေ ရှိသေးတယ်နော်...သိချင်ရင် လက်တို့လိုက်... လောလောဆယ် လျှိုထားတယ်... :P

 

အော်ဖစ်မှဖစ်ရလေ ၄စားလောက်ပါရဲ့ဗျာ။