အချစ်တဲ့....

ဒွင်း.. ဒွင်း (Dream) တက်ဂ်ထည့်လိုက်တာကလည်း ချက်ကောင်းကိုမှ တက်ဂ်ထည့်လိုက်တယ်။ ချစ်သာချစ်နေကြတာ အချစ်ဆိုတာဘာလဲလို့ အမေးခံရတော့လည်း ယောင်လည်ယောင်လည် ဖြစ်နေပြန်ရော...။ အချစ်ဆိုတာကြီးကလည်း လူတစ်ဦးချင်းဆီရဲ့ ခံစားချက်နဲ့ လိုက်ပြီး ကွဲပြားနေတတ်ပြန်တော့.... ခံယူချက်တွေလည်း အမျိုးမျိုးပေါ့။ ကိုယ့်အတွေးနဲ့ကိုယ် ရေးလိုက်ဦးမယ် ... စာဖတ်သူများလည်း အားရပါးရ သဘောတူ၊ ထောက်ခံ၊ ငြင်းဆန်၊ ကွဲလွဲနိုင်ပါတယ်ရှင့်.... :P

အချစ်ဆိုသည်မှာ လေးစားခြင်း၊ ယုံကြည်ခြင်း၊ စိတ်ချခြင်း၊ အသိအမှတ်ပြုခြင်း၊ နားလည်ခြင်းနဲ့ လက်ခံခြင်းတို့ အချိုးကြ ပါဝင်တယ်လို့ထင်ပါတယ်။

လောက မှာ အချစ်အမျိုးမျိုးရှိနေကြတာပဲ မဟုတ်လား.။ နှစ်ဦးနှစ်ဖက် အပြန်အလှန်ချစ်ကြသူတွေ၊ တဖက်သက် နဲ့ နှစ်နှစ်ကာကာချစ်နေသူတွေ။ ပေးဆပ်မှုတွေ၊ ရယူမှုတွေ၊ နားလည်မှုတွေ နဲ့ ချစ်နေကြတာပဲလေ။

အချစ်ဆိုတာ တစ်ခါတစ်လေ အဆုံးစွန်သော နားလည်ပေးမှုတွေနဲ့ စွန့်လွှတ်ပေးနိုင်ပါတယ်။

ကိုယ်ချစ်တဲ့သူအတွက်ဆိုရင် သူကိုယ့်ကို လိုအပ်ချိန်မှာ ရှိနေပေးချင်ကြမယ်၊ မလိုအပ်တော့ဘူးဆိုရင် ပြောနေစရာတောင်မလို ရှောင်ပေးနေပြီးသားဖြစ်နေမယ်။ အဲဒီအတွက်လည်း အမုန်းတွေ ကင်းစွာနဲ့ကို ကျေနပ်နေတက်ကြတယ်။ အပြစ်တင်ပြောဆိုမှုတွေ ကင်းနေမယ်။ ဘယ်သူမှားခဲ့တယ် ဘယ်သူမှန်ခဲ့တယ်ဆိုတဲ့ အမှားအမှန်တွေ မရှိ၊ အနိုင်အရှုံးတွေ မရှိ။ ပကတိ စိတ်ထဲကနေ ချစ်တယ်ဆိုတာနဲ့ပဲ ချစ်ပြသွားတတ်ကြတယ်။


သူ့ကို သူ့စိတ်တိုင်းကျ ရွေးချယ်မှုတွေ ရှိနေစေမယ်။ သူရွေးချယ်နေတဲ့ ဆုံးဖြတ်ချက်တွေကို ကိုယ်က နားလည်မှုတွေနဲ့ လက်ခံပေးလိုက်မယ်။ သူ့အပေါ်ချစ်တဲ့ ကိုယ့်ရဲ့အချစ်တွေကို သူကလည်း ယုံကြည်နေစေသလို၊ သူရွေးချယ်သွားတဲ့ လမ်းအတွက်လည်း ကိုယ်က အသိအမှတ်ပြုပေးလိုက်ပါမယ်။ ဒီလိုနည်းလေးနဲ့ သူ့အပေါ်ချစ်တဲ့ ကိုယ့်ရဲ့အချစ်တွေကို လေးလေးစားစားဖြစ်နေစေမယ်။ ကိုယ်ကိုယ်တိုင် မပူလောင်သောနည်းနဲ့ ကိုယ့်ချစ်သူကိုပါ အေးချမ်းစေချင်ပါတယ်။

ကိုယ်ချစ်တဲ့သူကို စွန့်လွှတ်လိုက်ရလို့ နာကျင်ရမှာ မှန်ပါတယ်။ ဒါပေမယ့် ကိုယ့်အနားမှာ သူရှိနေပြီး သူ့စိတ်က ကိုယ့်ဆီမှာ မရှိပဲ နှစ်ယောက်လုံး နာကျင်နေရမှာထက်စာရင် ကိုယ်တစ်ယောက်တည်း နာကျင်နေရတာက ပိုကောင်းပါတယ်။ တစ်ခါတစ်လေ ကိုယ်ဖြစ်ချင်တာထက် ဖြစ်သင့်တာကို နှစ်ဦးနှစ်ဖက်ကို လေးစားသောအားဖြင့် ဆုံးဖြတ်ရမှာပါပဲ။ ဒါကတော့ တစ်ဖက်သတ် အချစ်နဲ့ ဆိုင်တယ်လို့ဆိုရမှာပေါ့နော်...။

နှစ်ဦးနှစ်ဖက် ချစ်နေကြသူတွေမှာတော့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားယုံကြည်မှုက အရေးအကြီးဆုံးလို့ထင်ပါတယ်။
တစ်ဦးတစ်ယောက်ကိုချစ်လာတဲ့အခါ သူလိုအပ်တာလေးတွေကို အလိုလိုသိနေနိုင်သလို။ သူမကြိုက်တာတွေကိုလည်း မလုပ်မိအောင် ရှောင်ဖြစ်သွားပါတယ်။ အပြန်အလှန် ယုံကြည်မှုတွေရှိနေမယ်၊ နားလည်မှုတွေနဲ့ စောင့်ထိန်းတတ်လာမယ်။ တစ်ချို့ကတော့ရှိပါတယ် သူမကြိုက်တာတွေကို သူ့ရှေ့မှာ မလုပ်ဘူး၊ နောက်ကွယ်မှာ လုပ်တယ်။ သူမှ မသိတာကွာ တစ်ခါတစ်လေပဲ ဘာမှမဖြစ်ပါဘူး ဆိုတဲ့ ဆင်ခြေလေးတွေနဲ့ပေါ့။ အင်း အဲဒီကစတာပါပဲ...။ အဲဒီစကားလေးတစ်ခွန်းက ပြောမယ့်သာပြောတာ သေချာစဉ်းစားကြည့်ရင် ကိုယ်သူ့အပေါ်ချစ်တဲ့ အချစ်ရဲ့တန်ဖိုးကို ဟိုးအောက်ဆုံးထိ ဆွဲချသွားတတ်တာကို သတိမထားမိကြဘူး...။

တကယ်ပဲလေးလေးစားစားနဲ့ ချစ်မယ်ဆိုရင် သူမကြိုက်တာကို သူ့နောက်ကွယ်မှာ လက်တွေ့မပြောနဲ့ စိတ်နဲ့တောင် မချိုးဖောက်မိအောင် ထိန်းသိမ်း နေမိမှာပါပဲ။ အဲဒီအချစ်တစ်ခုကို ပေါ့ပျက်ပျက်စကားလုံးလေးနဲ့တောင် အညှိုးအနွမ်း မခံနိုင်ပါဘူး။ ဒါကတော့ ကိုယ့်ဘက်ကခံယူချက်ပေါ့နော်..။

အဲ.. သူ့ဘက်ကိုရော ကိုယ့်အပေါ်ချစ်တဲ့ အချစ်ကို ဘယ်လိုနားလည်ပေးနိုင်မှာလဲ ဆိုရင်တော့.. ဟုတ်ကဲ့ ဒီလိုပဲ ခံယူမိမှာပါပဲ။ သူသာ ကိုယ့်ကိုတစ်ကယ်ချစ်ရင် ကိုယ်မကြိုက်တာတွေကို ပြောနေဖို့တောင် လိုမယ်မထင်ပါဘူး။ သူ့ဘာသာသူ သိနေမှာပါပဲ။ ဒါမှလည်း တရားမယ်လို့ထင်တယ်။ ကိုယ့်ဘက်ကချည်းပဲ လိုက်ပြီးနားလည်ပေးနေရမယ်၊ ဖြည့်တွေးပေးနေရမယ် ဆိုရင်တော့ တစ်ဖက်သတ်အချစ်နဲ့ ဘာများကွားဦးမှာလဲ.. နော့..။

ဟိုရုပ်ရှင်ထဲကလိုပေါ့ လူတစ်ယောက်ကိုချစ်ဖို့ကလွယ်ပါတယ် ချစ်မြဲချစ်နေဖို့သာ ခက်တာပါတဲ့..။

မှန်ပါတယ် .. တစ်ဦးနဲ့တစ်ဦး ချစ်လိုက်ဖို့က၊ ချစ်သူတွေအချင်းချင်း ချစ်မြဲချစ်နေကြအောင် လုပ်ရတာလောက် မခက်ဘူးလို့ထင်ပါတယ်။


တစ်ဦးနဲ့တစ်ဦး လေးစားယုံကြည်မှုတွေ နဲ့ အပြန်အလှန် နားလည်ပေးပြီး တည်ဆောက်တဲ့ အချစ်မျိုးမှ စိတ်ထဲမှာ လုံခြုံမှုရှိတဲ့ အချစ်တစ်ခု ဖြစ်လာမယ်လို့ထင်ပါတယ်။ တစ်ဦးရဲ့စိတ်ကို တစ်ဦးက လုံခြုံမှုပေးနိုင်ရပါမယ်။ တည်ဆောက်ထားတဲ့အချစ်တွေ ခိုင်မာနေအောင် အလုပ်နဲ့သက်သေပြရမယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတွေ မပျက်စီးသွားအောင် ကြိုးစားတည်ဆောက်နေရမယ်။ ကိုယ်စီ စိတ်ထဲမှာလည်း သံသယတွေ ကင်းနေစေရမယ်။ သံသယတွေ ကင်းနေစေဖို့လည်း အပြန်အလှန် ကြိုးစားစောင့်ထိန်းနေရမယ်။ ပြဿနာ တစ်ခုခု ရှိလာပြီဆို အရင်ဆုံး အငြင်းမပွားကြဘဲ နှစ်ဦးစလုံးက ပြဿနာရဲ့ အခြေခံ အကြောင်းအရင်းကို ခေါင်းအေးအေးနဲ့ စဉ်းစား ပြီး ဖြေရှင်းသင့်တယ်။

နှစ်ဦးလုံးရဲ့ စိတ်ထဲမှာ ကိုယ်တည်ဆောက်ထားတဲ့ အချစ်ကို တွေးလိုက်တာနဲ့ အေးချမ်း လုံခြုံမှုကို ခံစားနေရမယ်ဆိုရင်၊ ဘယ်လောက်များ စိတ်ချမ်းသာစရာကောင်းမလဲနော်....။ အချစ်ဆိုတာ နှစ်ဦးစလုံးကို အေးချမ်းနေစေတာ အကောင်းဆုံးလို့ ထင်ပါတယ်။

ကဲ နှစ်ဦးနှစ်ဖက် အချစ်ကိုတော့ သည်လိုမျိုးလေးဖြစ်သင့်တယ်ဆိုတဲ့ အတွေးနဲ့ ရေးထားတာပေါ့နော်.. ဟဲဟဲ ။
တစ်ဖက်သတ် အချစ်ကတော့ သည်လိုမျိုးလေး ချစ်ဖူးတယ် ဆိုတာ ပြောပြတာပါ..။

လူကြီးမင်းတို့လည်း ကိုယ့်သဘောထားလေးနဲ့ကိုယ်၊ကိုယ့်ခံယူချက်နဲ့ကိုယ် ချစ်နိုင်ကြပါတယ်။
သဘောထား တူညီသူတွေရော၊ မတူညီတူတွေပါ ချစ်ခြင်းမှာ အေးချမ်းနိုင်ကြပါစေ.....။

10 ယောက်အားပေးခဲ့တယ်:

အယ်... တီတီတင်ချာ ကလည်းချစ်တတ်တာပဲ.. ဟိဟိ...ဟိ....

အရေးလေးတွေကလန်းတယ်...

လူတစ်ယောက်ကိုချစ်ဖို့ကလွယ်ပါတယ် ချစ်မြဲချစ်နေဖို့သာ ခက်တာပါ
ဟုတ်တယ်နော်.... တီတီ..

အခုလိုရေးပေးတာ ကျေးဇူးပါ... အာဝါးးးးးးးးးးးးးးး :P :P

 

တာဇံမ... အချစ်ဆရာမကြီးပေါ့လေ...
ရေးချက်တွေက လိုက်လို့မမှီဘူး....

 

thinzar co tot taw taw arr pay kya tar pal naw :P
kg par ei.. sat lal kyo sar par :D

 

a chit so ter lar .. japan sar lo pal a yae kyi tal hal hal :D d ka a yan chit ted tal ti lar pyaw pya own hmar .. :P a chit so ter ya yu chin ted . thu myar twe taw pay set chin lot pyaw kya ter pal ko ka taw yu hmar hal hal :P

 
This comment has been removed by the author.
 

ဒွင်းရေ ကျေနပ်တယ်မဟုတ်လား...
အချစ်ဆရာမကြီးတော့မဟုတ်ပါဘူး ကိုယ့်အတွေးနဲ့ကိုယ်ရေးကြည့်တာပါ ဟဲဟဲ

အားပေးကြတာ ကျေးဇူးပါ :D

 

ဟင် .. ချန်းဘွိုင်းကွန်းမန့်က ဘယ်ရောက်သွားတာတုန်း...

 

လန်ထွက်နေတာပဲ ဗျာ.....
ဒါနဲ့ ဘယ်စာအုပ်ဖတ်ပြီးရေးတာလဲ ဟင်...
ဟီဟီ

 

“သူ့ကို သူ့စိတ်တိုင်းကျ ရွေးချယ်မှုတွေ ရှိနေစေမယ်...
သူရွေးချယ်နေတဲ့ ဆုံးဖြတ်ချက်တွေကို ကိုယ်က နားလည်မှုတွေနဲ့ လက်ခံပေးလိုက်မယ်...
သူ့အပေါ်ချစ်တဲ့ ကိုယ့်ရဲ့အချစ်တွေကို သူကလည်း ယုံကြည်နေစေသလို သူရွေးချယ်သွားတဲ့ လမ်းအတွက်လည်း ကိုယ်က အသိအမှတ်ပြုပေးလိုက်ပါမယ်... ဒီလိုနည်းလေးနဲ့ သူ့အပေါ်ချစ်တဲ့ ကိုယ့်ရဲ့အချစ်တွေကို လေးလေးစားစား ဖြစ်နေစေမယ်...
ကိုယ်ကိုယ်တိုင် မပူလောင်သောနည်းနဲ့ ကိုယ့်ချစ်သူကိုပါ အေးချမ်းစေချင်ပါတယ်...”

ညီမလေး တင်ချာရေ... မှန်လိုက်လေကွယ်... နဖူးကို... :P

 

sis, i love this post so much.
let me copy & share this post.
i'll credit to your name naw :)
thanks a lot.