စက္ကန့်တိုင်းကို ဆွဲဆန့်ထားလေသလား ??
အခုတလော
ငါကြောက်ရွံဖူးတဲ့ အလွမ်းတွေထဲ ကူးခတ်ရင်း....
ငါ ကိုယ်တိုင် ပျော်ဝင်နေမိလို့ ...
ဒီည .....
ငါ့ခံစားချက်သယ်ဆောင်ရာနောက် ငါစီးမျောမယ် ....
နွမ်းလျပြီးသား ငါ့နှလုံးသားလည်း
ဒီ့ထက်ဒီ ပိုနာကျင်စရာ မရှိတော့ပြီမို့
ဒဏ်ရာအပြည့်နဲ့ ငါ့အလွမ်းတွေအတွက်
အမှောင်ထုရေ....
သန်းခေါင်အပြင် ထပ် ညဥ့်နက်နိုင်သေးတယ်ဆိုရင်
မင်းစိတ်ရှိသလောက်သာ နက် လိုက်ပါတော့  ....
ငါ ဆိုတဲ့သူ လွမ်းဖို့ အသင့်ပါပဲ........။

5 ယောက်အားပေးခဲ့တယ်:
တာဇံ ရေ.. ဒါမျိုးတွေ လဲရတာပဲ လား...
ငါ့သယ်ရင်းလေး အလွမ်းတွေ မိနေတဲ့ပုံပဲ........
သန်းခေါင်ယံ ပြီးရင်တော့ နောက်နေ့ မနက်မှာ နေရောင်ခြည်တွေ ရောက်လာဦးမှာပါ...
သတ္တိရှိရှိနဲ့သာ စောင့်နေလိုက်ပါ
နောက်ဆုံး အပိုဒ်လေးကြိုက်တယ်
လွမ်းဖို့ အသင့်ပါပဲဆိုတာလေးနဲ့ ပိတ်ထားတာ
လေးကို ပိုပြီး ကြိုက်တယ်
ကဗျာလေးက ခံစားဖတ်ရတာ အလွမ်းဓါတ်ခံရှိသူတွေ
ပိုလွမ်းစေသလို တစ်ပုဒ်လုံးလည်း ကောင်းတယ်
ဟယ်... တယ်စာတဲ့ဆိုပါလား
ကောင်းပါ့ဗျာ ကောင်းတာမှ လန်ထွက်နေတာပဲ
နားမလည်တာတခုပဲရှိတယ်
poem char ma gyi ... poem tway ca a yam hti tal naw :) ... I like it ...
like ei . kyite ei . kite ei . :P
Post a Comment