လိပ်ပြာငယ် သို့ တမ်းခြင်း...

ဒီခံစားချက်လေးကတော့ သဉ္ဇာ့ရဲ့ အမလိုတစ်မျိုး၊ သူငယ်ချင်းလိုတစ်မျိုး ခင်မင်ရတဲ့ မမ ရဲ့ ရင်တွင်းဖြစ်လေးပါ..။



ထိခိုက်လွယ်တဲ့ ငါ့နှလုံးသားကို အနာတရ ဖြစ်မှာစိုးလို့ ဘယ်သူအတွက်မှ တံခါး မဖွင့်ပေးခဲ့ပါဘူး...
မင်းကိုတော့ ငါ့ဘဝတစ်ခုလုံးအတွက်ဆိုပြီး စဉ်းစားပြီးမှ စတင်လက်ခံခဲ့ပြီး အစွဲအလန်းကြီးတတ်တဲ့ ငါ့နှလုံးသားနဲ့ မိတ်ဆက်ပေးခဲ့တာပါ။
စိုးရိမ်မှုတွေကြားထဲကပဲ ငါ့နှလုံးသားက မင်းကို ချစ်ခဲ့တယ်။
မင်းရဲ့မတိကျတဲ့ ကတိတွေ၊ စကားတွေထဲက မင်းရဲ့ အချစ်ကို မျှော်လင့်နေခဲ့တာပါ။
ဒါပေမယ့် နောက်ဆုံးတော့လဲ မင်းရဲ့ အေးဆေးတဲ့ ဆုံးဖြတ်မှု၊ ရက်စက်တဲ့ နှလုံးသား၊ ချိုသာတဲ့ စကားလုံးတွေ နဲ့ ငါ့ရဲ့ နှလုံးသားကို သေရာပါဒဏ်ရာရအောင် လုပ်ခဲ့တယ်။
မင်းကိုမေ့နိုင်အောင်ကြိုးစားဖို့... အချိန်တွေကို အကူအညီတောင်းခဲ့လဲ အချည်းအနှီးပါပဲ။
ငါ့နှလုံးသားရဲ့ ဒဏ်ရာကို သက်သာစေနိုင်အောင် အရဲစွန့်ပြီး နောက်တစ်ယောက် အစားထိုးခဲ့လဲ အရာမထင်ခဲ့ပါဘူး..။
မင်းကိုလွမ်းတဲ့ လွန်းဆွတ်မှုတွေသက်သာအောင် အဖော်သစ်တွေ ရှာခဲ့လဲ မင်းအရိပ်က နောက်ကလိုက်နေဆဲပါ........။
ငါ့နှလုံးသားနဲ့ ဘဝတစ်ခုလုံး ကို လွှမ်းမိုးနိုင်တဲ့မင်းကို လူချင်းတစ်ကြိမ်တစ်ခါလောက်တော့ တွေ့ခွင့်ရချင်ပါတယ်။
ဒီဆန္ဒလေး မပြည့်နိုင်ခဲ့ရင်လဲ မင်းကို ငါ့ဘဝ၊ ငါ့နှလုံသားထဲက ညင်သာစွာ လွင့်စင်သွားအောင် ကြံဆောင်နိုင်ဖို့ လိပ်ပြာလေး ကို အကူအညီတောင်းချင်ပါတယ်.....။



စာရေးသူ ... sunflower

5 ယောက်အားပေးခဲ့တယ်:

အံမယ်..... ကိုယ့်ဟာကိုယ် အသစ်နဲ့အဆင်မပြေတာနဲ့ အဟောင်းကိုလွှဲချတာပေါ့လေ
မမကို ပြောလိုက်လိပ်ပြာအကူအညီမတောင်းနဲ့ အိမ်ကိုသာသွားပါ အားလုံးကိုမေ့သွားမယ်လို့
ပြန်သတိမလည်လာရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပေါနော်... ဟိဟိဟိ
ကောင်းပါတယ်ဗျာ အတွေးအခေါ်လေး အရေးအသားလေးတွေ အားကျစရာပါ။ဒါမျိုးတပုဒ်လောက်တော့ရေးချင်တယ် မရေးတတ်တော့ဒုက္ခ အိမ်သိတာ အခွက်ပြောင်ဖို့ပဲသိတာဆိုတော့.....

 

ရေးတတ်လိုက်တာ။
ခံစားချက်စိတ်ကူးလေးအရမ်းကောင်းတာပဲ။
အရမ်းတော်တယ်။

ခင်တဲ့
မမ၀ါ

 

ကောင်းလိုက်တဲ့ အတွေးလေး ခံစားသွားပါတယ်

 

အလွန်ကောင်းမွန်သော ရေးသားချက်ပင် ဖြစ်ပါတယ်။ :)

 

ရေးထားတာကောင်းလိုက်တာဗျာ၊အဖြစ်ချင်းတူနေပြီ၊အသစ်မရှာဖြစ်တာကလွဲလို့