သူငယ်ချင်းတွေ



ဘေးလူတွေ
ငါ့ကို ကြောင်တယ်ထင်မယ်
မင်းတို့တွေပြုံးနေကြလို့
ငါ ကျေနပ်တယ်

ဘေးလူတွေ
မင်းကို လှောင်နေပေမယ့်
ငါ တို့တွေပြုံးနေကြလို့
မင်း ကျေနပ်တယ်

အများကြီးမလိုပါဘူး
ရင်ဘတ်ထဲက သံယောဇဉ်နဲ့
နွေးထွေးစွာ ရှိနေကြရင်
ငါတို့တွေ လုံခြုံနေပြီပဲ.....။

မနေ့ကအတွက် မင်းခံစားမနေပါနဲ့
မနက်ဖြန်အတွက် မင်းတွေးပူမနေပါနဲ့
ဒီနေ့လေးကို ငါတို့အတူဖြတ်သန်းကြမယ်

ကိုင်း က ကျွန်းကို မှီတာလား?
ကျွန်း က ကိုင်းကို မှီတာလား?
အရှည်ကြီးတွေးနေစရာမလိုတော့ဘူး
ဘာတွေဖြစ်ဖြစ်
တို့တွေ သူငယ်ချင်း ဖြစ်နေပြီလေ...

သဉ္ဇာ

ဒီကဗျာလေးကို ကြယ်စင်ပျိုးခင်း မှာ ဖော်ပြပြီးသားပါ။ ဒီနေ့ သူငယ်ချင်း အင်္လကာ (ခ) တာတာ ရဲ့ မွေးနေ့အမှတ်တရအဖြစ် ပြန်လည် ဖော်ပြလိုက်တာပါ။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ဒီနေ့က အားလုံးချစ်ကြတဲ့ မမဝါ ရဲ့ မွေးနေ့လည်း ဖြစ်ပါတယ်။

မမဝါ နဲ့ တာတာ မွေးနေ့မှာ ပျော်ရွှင်ပါစေ ..... ။

6 ယောက်အားပေးခဲ့တယ်:

ပို့စ်လေးဖတ်မိတယ်..ကျေးဇူးတင်ပါတယ်..ညီမငယ်လေး ရေ..

ချစ်ခင်လျှက်
မမ၀ါ

 

ဟေ့ကောင် တာဇံမ...
ဘယ်တစ်ယောက်လဲ ဟင်..
ပြောပြ.. :P
ထမင်းလဲ ကျွေးမယ် ကော်ဖီလဲ တိုက်မယ်

 

kaung kaung ta kal lar hal hal :P hta min lae sar mal . coffee taw like bu . a aye pot . :D a ku lo poem pay ted starlay ko thx so much . arr bour :)

 

ညီမလေးတင်ချာ...
ဓါတ်ပုံထဲက ဘယ်တစ်ယောက်လဲဗျို့...

 

မမ.. ကဗျာလေးကောင်းတယ်... :D

 

ကဗျာလေးကိုသဘောကျပါတယ်...
ရိုးရိုးလေးနဲ့လှပနေပါတယ်..