ဘာညာဘာညာ ဆိုလို့

ခေါင်ခေါင်ရေ သူငယ်ချင်း..၊ နည်းနည်းကြာသွားတယ် သူငယ်ချင်းရေ.. ။ နင်တဂ်လိုက်တဲ့ ဘာညာဘာညာ ကို ရေးချင်ပေမယ့် ငါကလည်း ဘာညာသာရကာတွေနဲ့ ရှုပ်နေလို့ ခုမှ ရေးလိုက်တယ်။ ဘာရယ်ညာရယ်မဟုတ်ပါဘူး သူငယ်ချင်းအချင်းချင်းပဲဟာ ခွင့်လွှတ်တော်မူပါနော် ....။
ကဲ .. ရေးပြီ.....

ရှင်းချက်။ ။ သူ = ခေါင်ခေါင် .... ခေါင်ခေါင် = သူ :P

၁။ သူနဲ့ဘယ်လိုပက်သတ်လဲ
ခေါင်ခေါင်ရေ ငါ့ကိုမေးနေကြပြီ၊ လုပ်ပါဦး ဘယ်လိုဖြေလိုက်ရမလဲဟင်...... ။
ဟားဟားဟား .. အဲဒီလိုပေါက်ကရပြောနေကြ ပြောမနာဆိုမနာ သူငယ်ချင်းတွေပေါ့။

၂။ သူ့အပေါ်ထင်မြင်ချက် ၅ချက်
-ပွင့်လင်းတယ်
-ဖော်ရွေတယ်
-ချစ်ဖို့ကောင်းတယ်
-မှန်တဲ့ဘက်က ရပ်တည်တတ်တယ်
-ပြတ်သားတယ်

၃။ အမှတ်တရအဖြစ်ဆုံး သူလုပ်ပးခဲ့တာ
တွေ့တိုင်း ကော်ဖီ တိုက်ခိုင်းလို့ ကော်ဖီသောက်တိုင်းသူ့ကိုလွမ်းမိအောင် လုပ်ခဲ့သူပေါ့

၎။ အမှတ်တရအဖြစ်ဆုံး သူပြောခဲ့တဲ့စကား
ငါ့သူငယ်ချင်းလေး အလွမ်းတွေမိနေလားတဲ့....

၅။ သူသာ ကျွန်မချစ်သူဖြစ်လာခဲ့ရင်
သူနဲ့သာ အတူရှိနေရရင် ခွက်ထိုးခွက်လန် ရယ်ရမှာ...
ကော်ဖီပေါင်းစုံလည်း သောက်ဖူးသွားနိုင်တယ်...။
နှစ်ယောက်လုံး ကော်ဖီကြိုက်တော့ ကော်ဖီဖိုးနဲ့လည်း မွဲသွားနိုင်၏.. ဟိဟိ

၆။ ကျွန်မချစ်သူဖြစ်လာခဲ့ရင် သူဘာတွေပြောင်းလဲရမလဲ
အရင်ဆုံးတော့ သူယောကျာ်းလေးဖြစ်အောင်ပြောင်း။ ဒါမှမဟုတ် ကိုယ်က ပြောင်းရမယ်။ ဟဲဟဲ
( ပေါက်ပေါက်ရှာရှာ ဘာဒွေမေးမှန်းရဲတိဘူး... :P )

၇။ သူက ကျွန်မရန်သူဖြစ်နေမယ်ဆိုရင်
သူလည်းသူ့နေရာသူနေပြီး၊ ကိုယ်လည်း ကိုယ့်နေရာမှာ ကိုယ် နေမှာပါ။
(သူ့နေရာလည်း ကိုယ်သွားနေလို့မရပါ တစ်မြေဆီမဟုတ်လား..)

၈။ ရန်သူဖြစ်လာစရာအကြောင်းအရင်းက
...................................................
ရန်သူဖြစ်လာစရာအကြောင်းတော့သိပ်မရှိပါဘူး..။
ကော်ဖီအတွက်နဲ့တော့ ရန်သူဖြစ်မလာနိုင်ပါ..။ ချစ်ကြတာ ချစ်ကြတာ....။

၉။ သူ့အတွက် ဆန္ဒအရှိဆုံး လုပ်ပေးချင်တာလေး
သူ့ကို အင်းထဲကို ပို့ပေးချင်တယ်...

၁၀။ သူ့အပေါ်ခြုံပြီးသုံးသပ်ကြည့်ရင်
သူ့ကိုခြုံကြည့်ရင် အညာစောင်လောက် နွေးမယ်မထင်ဘူး.. ဟီးဟီး... နောက်တာ..
သူ့စိတ်ကိုသူကောင်းကောင်းနားလည် နေသောသူ...

၁၁။ ကျွန်မပေါ် ပတ်ဝန်းကျင်ရဲ့ထင်မြင်ချက်တွေကို ဘယ်လိုမြင်လဲ
အကောင်းပြောနေလျင် ကိုယ် စိတ်ချမ်းသာအောင် ပြောနေခြင်းဖြစ်သလို
အဆိုးပြောနေလျင် သူ့စိတ်ချမ်းသာအောင် သူပြောနေခြင်းဖြစ်သည်ဟု.....
(ဤနေရာတွင်“သူ”သည် ပတ်ဝန်းကျင်ကို ဆိုလိုခြင်းဖြစ်သည်)

၁၂။ ကိုယ့်ကိုယ်ကို ကျေနပ်မိတဲ့ characteristics လေးပြောပြပါ
ပျော်ပျော်နေတယ်၊ သွေးအေးတယ်။

၁၃။ ကိုယ့်ကိုယ်ကို အမုန်းဆုံး characteristics
အစွဲအလမ်းကြီးတာ၊ သံသယကြီးတာ ။

၁၄။ ကိုယ်အဖြစ်ချင်ဆုံးလူစားမျိုးက
ကိုယ့်စိတ်ကိုယ်သိ၊ ကိုယ့်လမ်းကိုယ်လျှောက်၊ ကိုယ့်အိမ်မက် ကိုယ်အသက်သွင်းနေသူ။

၁၅။ ချစ်ခင်ဂရုစိုက်တဲ့သူတွေကို ပြောချင်တာက
သဉ္ဇာ့ကမ္ဘာလေးမှာ ရှိနေပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့။

ခေါင်ခေါင်ရေ ရပြီမှတ်လားဟေ....။ ရလိုက်တော့နော်...လိမ္မာတယ် ကော်ဖီတိုက်မယ်.. ဟဲဟဲ

3 ယောက်အားပေးခဲ့တယ်:

ချစ်တယ် ရင်းဂျီး...
လိမ်မာတယ်.. ဒါပေမယ့် အရမ်းကြာသွားတဲ့ အတွက် ကော်ဖီပြန်တိုက်ပါ...ဒါပဲ

 

ညီမလေး တင်ချာရေ...
ပျော်ပျော်နေတာ တူတယ်...
သွေးအေးဘူး... :(
အစွဲအလမ်းကြီးတာ တူတယ်...
ဒါပေမဲ့ မမက တကယ်ပြောတာလို့ ပြောရင် (ပြောတဲ့သူရဲ့ သိက္ခာ၊ သမာဓိကို လေးစားသောအားဖြင့်) ယုံလိုက်ရော... ဟီး... :D

 

အင်း အိမ့်ကိုတောင် တက်ထားတာမရေးရသေးဘူး။ ရေးတော့ရေးချင်တယ် ဒါပေမဲ့စိတ်ဆိုးကြမှာ စိုးလို့။ သိတယ်မဟုတ်လား အိမ်တို့က ရေးလိုက်ရင် တရားလွန်ဆိုတော့ သည်းခံနိုင်ကြမှာ မဟုတ်ဘူး။