ten things I hate about myself..

ကိုအိကု (idulize) တဂ်လိုက်တဲ့ ကိုယ့်ကိုယ်ကို မုန်းတဲ့ ၁၀ ချက်ပါ။
ကိုယ့်ကိုယ်ကို ကြည့်ရမတာတွေကို ပြောပြပါတော့မယ် ...

၁ ။ ။ သံသယကြီးလွန်းတာ
၂ ။ ။ ခေါင်းမာတတ်တာ
၃ ။ ။ အားနာတတ်တာ
၎ ။ ။ အစွဲအလမ်းကြီးတာ
၅ ။ ။ ခံစားနာကျင်တတ်တာ
၆ ။ ။ ဒဏ်ရာတွေကို မမေ့တက်တာ
၇ ။ ။ အူကြောင်ကြောင်နိုင်တာ
၈ ။ ။ ကိုယ်မှန်တယ်ထင်ရင် ဘာမှရှင်းပြမနေပဲ ဇွတ်လုပ်တတ်တာ
၉ ။ ။ ဘယ်တစ်ခုမှ ဖြစ်မြောက်အောင် မတတ်ကျွမ်းတာ
၁၀ ။ ။ အရေးကြီးပြီဆိုရင် ပြောစရာစကားပျောက်သွားတတ်တာ

ကိုယ့်ကိုယ်ကို ဒီလောက်ကြည့်မရဖြစ်နေမှန်း ခုမှ သိတယ်။
သူများတွေဆို ဘယ်လောက်အမြင်ကတ်နေလိမ့်မလဲနော်.... :P

4 ယောက်အားပေးခဲ့တယ်:

ဝလုံး.. နင်နဲ့ ငါနဲ့ ကလဲ နော်.. လာတူနေသေးတယ်။

အရေးကြီးရင် ပြောစရာစကားပျောက်သွားတယ် ဟုတ်လား။
အေး လာပြီး စွတ်စက် အော်ပေးဦးမှပဲ.. ဘာပြန်ပြောရမှန်းမသိအောင်. ဟိဟိ

 

အဲဒီလောက်မုန်းနေရင်လဲ တိုက်ပေါ်ကခုန်ချပြီး
သတ်သေလိုက်ပါလားဟင် အကြံပေးတာပါနော်
စိတ်ဆိုးနဲ့ ဟိဟိ

 

အဲဗျာ ဒီတစ်ယောက်လဲ စီဘောက်မရှိတော့ပြန်ဘူး ဘယ်လိုဖြစ်ကြတာလဲဗျ

 

အခုမှ ရသွားတယ်ဗျို့
အလည်ရောက်လို့ ပို့စ်တွေ ဖတ်သွား၏
အမုန်း အမုန်း..