ကြွားမယ်နော်.....

မမဝါက ကြွားပါဆိုလို့ ကြွားပါ့မယ်။ ဖြစ်ပုံများ ကြွားပါမယ်ဆိုမှ ကြွားစရာကလည်း မရှိ။
မရှိ ရှိတာလေး ထုတ်ကြွားရမှာပဲ။
ဆောင်းရာသီလေးမှာဆိုတော့ လိုက်ဖက်သွားအောင် အနွေးထည်လေးတွေ ကြွားလိုက်မယ်။
အများကြီး မဟုတ်ပေမယ့် ရှိတဲ့အထဲမှာ အများဆုံးဖြစ်နေလို့ပါ။
ရာသီဥတု အေးအေးလေးမှာ လာလည်တဲ့သူတွေလည်း နွေးနွေးထွေးထွေးလေး ဖြစ်အောင်ပေါ့။

ဒီအနွေးထည်လေးတွေက သိပ်မအေးတဲ့အချိန်မှာ ဝတ်တာပါ




ဒီတစ်ထည်ကတော့ အချိန်တော်တော်များများမှာ ဝတ်ဖြစ်ပါတယ်။ ရာသီဥတု သိပ်မအေးရင်တောင်မှ ဆိုင်ကယ်စီးတဲ့အခါ နေဒဏ်၊လေဒဏ်ခံနိုင်အောင်ဝတ်တာပါ

တစ်ခါတစ်လေ ပုံစံပြောင်းချင်ရင် အထဲကအင်္ကျီလက်ရှည်လေးနဲ့ အနွေးထည်လက်ပြတ်လေး တွဲဝတ်တာပေါ့နော်

ရာသီဥတုက နည်းနည်းအေးလာပြီဆိုရင်တော့ သူတို့ကို အားကိုးရပါပြီ


အရမ်းကိုအေးတဲ့နေ့ဆိုရင်တော့ သူ့ကိုအားကိုးလိုက်ပါတော့တယ်

ဒီတစ်ထည်ကတော့ မဝတ်ဖြစ်ပါဘူး၊ အရှည်ဆိုတော့ ဝတ်လိုက်ရင် အရွယ်ပိုရင့်သွားသလိုပဲ၊ သဉ္ဖာနဲ့လည်း မလိုက်ဘူးထင်တယ်၊

ဒါပါပဲရှင် အဆင်ပြေမယ်ထင်တာတွေ့ရင် ဆွဲသာ ဝတ်သွားပါ အားမနာနဲ့... ....






ကြွားလက်စနဲ့ တခါတည်း ကြွားလိုက်အုံးမယ်.. ဒီလို အရုပ် ပိစိကွေးလေးတွေကိုလည်း စုထားသေးတယ်







ကြွားလို့ပြီးပါပြီ.....။
မမဝါ ရေ ကျေနပ်ပါနော်....။

..........။ ။..........

10 ယောက်အားပေးခဲ့တယ်:

ညီမလေးရေ.အကျီင်္ထူလေးတွေအများကြီးပဲ.
ပျော်စရာကြီး.. မမလည်း အခုဆောင်းတွင်းဆိုတော့
အနွေးထည်တွေစိတ်ဝင်စားနေတာ. ညီမလေး အကျီင်္ထူ
လေးတွေကချစ်စရာကောင်းတယ်.
အရုပ်သေးသေးလေးတွေလည်း ချစ်စရာကောင်းတယ်.
ကျေးဇူးပါညီမလေးရေ.
အမှတ်တရ ရေးပေးတာကိုပေါ့။

ချစ်ခင်စွာနဲ့
မမ၀ါ

 

အများကြီးပဲနော်
ခုလို ဆောင်းတွင်းဆို အိုကေပဲပေါ့
ယိုသွားပါတယ် (သွားရေ)

http://winzaw-mdy.blogspot.com/

 

အားကျစရာကောင်းလိုက်ကျတာနော် သူများတွေများ....
များကြီး များကြီး တွေ..ပဲ... ဒီမှာတော့ ဆောင်းလဲမရှိ ဘာလဲမရှိဆိုတော့ ငါ့မှာလဲ အနွေးထည်မရှိ...။ အပေါ်ဆုံးက ၂ ထည်ယူသွားတယ် ဒါပဲ...။ နီးနီး နားနား ရှိလို့ကလဲ.. နင့်အကျီတွေ လာလာယူ ၀တ်တယ်.. ဟီး

 

အဟီး..ကြွားလိုက်ကြတာနော့။တစ်ယောက်တစ်မျိုး..မ
တူအောင်..တို့ ဆီမှာတော့..ဆောင်းတွင်းလည်းမရှိဘူး
ငါ့ ချစ်သက်ရင်းက..ပေးတာတောင်းစိတ်ဆိုးရဦးမယ်။တ
အားပူ တာဒီမှာဟ။ပြန်မှ တစ်ထည်လာ ယူမယ်နော့..ဟိဟိ

 

ဟယ်... လှလိုက်တဲ့ အနွေးထည်လေး......
တီတီတင်ချာက လိုချင်ရင် ယူဝတ်သွားဆိုတော့
အကုန်လုံးလိုချင်တော့ အကုန်လုံး ယူဝတ်လိုက်
တယ်နော်.... ဟိဟိ
မက်မက်တို့ဆီမှာက အရမ်းပူတော့ အနွေးထည်
ဝတ်လို့မရဘူး.. ဟိဟိ

 

အနွေးထည်လေးတွေ ချစ်စရာလေး။

 

အယ်.... အနေါးထည်တွေ များလှချည်လား
ဘာလဲ....ဆိုင်ဖွင့်စားမလို့လား ဟင်
သိပ်များနေရင်လဲ တစ်ထည်လောက် ဒီဘက်ကို
ပစ်လိုက်ပါလား ဒီမှာ အရမ်းအေးနေပြီ ၀တ်စရာ
အနွေးထည်မပြောနဲ့ ခြုံစရာစောင်တောင် မရှိ
လို့ ညညဆို အဂွပ်ဂွပ်နဲ့ မြင်းစီးသံနားထောင်ရင်း
အိပ်ရတာ(အေးလွန်းလို့ သွားခြင်းရိုက်သံပါနော်)

 

ညီမလေး တင်ချာရေ...
မမက အနွေးထည်တွေကိုသာ သဘောကျတာ...
အအေးကြိုက်တာကြောင့် သိပ်မ၀တ်ဖြစ်ဘူး...
အနွေးထည် ၀တ်ရလောက်အောင် အရမ်းမအေးလို့လည်း ပါမှာပေါ့...
လိုအပ်ရင် ၀တ်ဖို့တော့ လိုလိုမယ်မယ် တစ်ထည်ဆွဲသွားတယ်နော်... ;)

 

စင်္ကာပူမှာ မိန်းခလေးတွေကို အဲဒါတွေပဲ ၀တ်ခိုင်းလိုက်ရင် မီးနေသည် ချွေးအောင်းသလို ဖြစ်ကုန်မှာပဲဗျာ။ အဟက်...

 

အနွေးထည်တွေ လာရှိုးသွားတယ်၊ စိတ်ဝင်စားစရာတွေပါပဲ