၃ ခုစီရှိတယ်တဲ့

သူကတော့ ၃ ခုစီရေးထားတာပဲ လိုအပ်သေးတယ်ထင်ရင်တော့ ကိုယ့်သဘောနဲ့ ကိုယ်သာထပ်ဖြည့်လိုက်.. ဘယ်သူ့ကိုမှ အားမနာနဲ့ ဟဲဟဲ :P


ဘဝမှာ တစ်ခါပြီးသွားတာနဲ့ ပြန်မရနိုင်တော့တဲ့အရာ ၃ ခု
၁) ပြောလိုက်တဲ့စကား
၂) အခွင့်အလမ်း
၃) အချိန်


ဘဝမှာ အမြဲတမ်းမတည်မြဲနိုင်တဲ့ အရာ ၃ ခု
၁) အိပ်မက်
၂) အောင်မြင်မှု
၃) ကံကြမ္မာ




သင့်ဘဝကို ကြီးမြတ်စေနိုင်တဲ့ အရာ ၃ ခု
၁) ဝီရိယနဲ့ကြိုးစားအားထုတ်မှု
၂) ဖြောင့်မတ်မှန်ကန်မှု
၃) ဖြစ်မြောက်အောင်မြင်မှု




ဘဝမှာ တန်ဖိုးအရှိဆုံး အရာ ၃ ခု
၁) ချစ်ခြင်းမေတ္တာ
၂) မိမိကိုယ်ကို ရိုသေမှု
၃) အချိန်




ဘဝမှာ ပျောက်ဆုံးလို့မဖြစ်သော အရာ ၃ ခု
၁) ငြိမ်းချမ်းမှု
၂) မျော်လင့်ချက်
၃) တည်ကြည်ဖြောင့်မတ်မှု



ဘဝကို ဖြတ်စီးပစ်နိုင်သော အရာ ၃ ခု
၁) လောဘ
၂) မာန်မာန
၃) ဒေါသ

လူ ၅ မျိုး

ဒီ ငါးမျိုး ငါးလူ ကတော့ ဆရာ အတ္တကျော် ရဲ့ စာအုပ်ထဲမှာ ဖတ်ဖူးတာလေးပါ။ သူငယ်ချင်းတွေလည်း ဖတ်၊ မှတ်လို့ရအောင် ရေးလိုက်တာပါ။ သူပြောတာက လောကမှာ လူ ၅ မျိုးသာ ရှိတဲ့အကြောင်းပါ။

ပထမ တစ်မျိုးက အဝတ်အစား ဝတ်ထားတဲ့ တိရစ္ဆာန်သာသာ လူစား( Mere animals wearing clothes)တဲ့။ အဲဒီလူမျိုးတွေက တိရစ္ဆာန်လိုပဲ အိပ်၊ စား၊ ကာမ ထိုသုံးဝနဲ့ပဲ ဘဝကို အချိန်ကုန်နေကြ၊ တိရစ္ဆာန်လိုပဲ စိတ်ကူးထဲပေါ်တာတွေ အကုန်လုံးလျှောက်လုပ်ကြ၊ အာရုံရင် ရသလို ထင်ရာစိုင်းလိုက်ကြနဲ့မို့ တကယ်တမ်းမှာ တိရစ္ဆာန်က အဝတ်အစားဝတ်ထားတာလောက်ပဲ ရှိပါတယ်။ ဒါကြောင့် လူငါးမျိုးထဲမှာ အနိမ့်ဆုံး အမျိုးအစားလို့ သရုပ်ခွဲပြထားပါတယ်။

ဒုတိယ တစ်မျိုးကတော့ ပထမ ထက် အနည်းငယ် သာပါတယ်တဲ့။ အဲဒါကတော့ အခွင့်အရေးသမားတွေ( oppourtunists)တဲ့။ သည်အမျိုးအစားကတော့ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့စိတ်ဓာတ်နဲ့ ကိုယ့်အခွင့်အရေးအတွက် ဘာမဆို လုပ်ကိုင်ဆောင်ရွက်ဖို့ ဝန်မလေးသူတွေပါတဲ့။

တတိယ တစ်မျိုးကျတော့လည်း ဒုတိယအမျိုးထက် နည်းနည်းသာသွားပြန်ရောတဲ့။ အဲဒီတစ်မျိုးကတော့ ဘဝရပ်တည်မှုအတွက် အားထုတ်သူများ (careerists) ပါ။ သူတို့ကတော့ အတက်ပညာ၊ အသိပညာ၊ ဝါသနာ၊ အစွမ်းအစ တစ်ခုခုကို ထုတ်သုံးပြီး ဘဝရပ်တည်ရေးအတွက် ဆောင်ရွက်နေသူများဖြစ်ပါတယ်။

စတုတ္ထ တစ်မျိုးကတော့ စာရိတ္တမဏ္ဍိုင်ကို ခိုင်အောင် ထိန်းသိမ်းသူများ(men of principle)ဖြစ်ပါတယ်။ လျှာမှာ မြက်ပေါက်ပါစေ၊ သည်လိုအလုပ်မျိုးကိုဖြင့် မလုပ်ဘူး။ မိုးပြိုရင် ပြိုပါစေ၊ မတရားတာတော့ မလုပ်ဘူး စသဖြင့် မိမိရဲ့ ယုံကြည့်ချက်၊ ရပ်တည်ချက်ကို အပွန်းအပဲ့ မခံသူများ ဖြစ်ပါသတဲ့။

အဲ.. နောက်ဆုံး ပဉ္စမ တစ်မျိုးကတော့ သူတော်စင်များ (saints)ပါတဲ့။ မိမိရဲ့ကိုယ်ကျိုးကို လုံးဝကို ထည့်သွင်းစဉ်းစားခြင်းမရှိတော့ဘဲ အများအတွက် ဆောင်ရွက်နေတာ၊ အများသူငါပေါ် မေတ္တာစေတနာသန့်စင်စွာ ထားရှိနိုင်တာ၊ အတ္တအနည်းဆုံးနေနိုင်တာများနဲ့ ပြည့်စုံနေသူ သူတော်စင်များပါတဲ့။

ဒါလေးကိုဖတ်ပြီးတော့ စဉ်းစားကြည့်မိတယ် ကိုယ့်ကိုယ်ကို၊ ငါဘယ်လိုလူမျိုးလဲပေါ. ။ သူတော်စဉ်ဖြစ်ဖို့ကတော့ အဝေးကြီးပါပဲ သူများအပေါ်မေတ္တာထားနိုင်ပေမယ့် တစ်ခါတစ်ခါ ကိုယ့်အတွက်တော့ ကိုယ်ကျိုးကိုကြည့်မိတတ်သေးတယ်။ အတ္တကလည်း ကြီးထားလိုက်တာ။ မာနကလည်း အရမ်းမကြီးဘူးဆိုပေမယ့်၊ သိကြတဲ့အတိုင်း လူမှန်ရင်တော့ ကိုယ့်မာနနဲ့ကိုယ်က ရှိကြတာပဲလေ...။
စတုတ္ထတစ်မျိုးမှာရောပါနိုင်သလား၊ စာရိတ္တမဏ္ဍိုင်ကို မယိမ်းမယိုင် ထိန်းနိုင်သူလား ? ဟုတ်ကဲ့..။ ဟုတ်ကဲ့ဆိုလို့ သဉ္ဇာ့ကို အဲလိုလူလို့မထင်လိုက်ပါနဲ့ဦး...။ အဲလိုမျိုးလေးဖြစ်အောင် ကြိုးစားနေဆဲပါ။ အင်းကျန်တဲ့ သုံးမျိုးထဲမှာတော့ ပထမ ဆုံးအမျိုးအစားမှာ မပါချင်တာတော့ အမှန်ပါ၊ ဒါပေမယ့် ထင်ရာစိုင်းတတ်တုန်းပါပဲ။ ပထမ ၃မျိုးထဲမှာ ကိုယ်ရှိနေတယ်ဆိုတာ သိပေမယ့် ပထမဆုံးအမျိုးအစားထဲမှာ မပါနိုင်သမျှ မပါအောင် ကြိုးစားနေရပါတယ်ရှင်...။ သူငယ်ချင်းတို့လည်းခဏလောက်ဖြစ်ဖြစ် စဉ်းစားကြည့်စေချင်ပါတယ်။

ကိုကို တို့အတွက် သီးသန့်

ပြီးခဲ့တဲ့ အခေါက်တုန်းက မမ တို့အတွက် သီးသန့် နည်းလမ်းလေး တင်ပေးပြီးပြီဆိုတော့၊ ဒီတစ်ခါ ကိုကို တို့အတွက် တင်ပေးလိုက်ပါတယ်။ ဒါလေးကလည်း ဆရာ စံ-ဇာဏီဘို ရဲ့ နည်းလေးပါပဲ။ အမျိုးသားတွေအတွက် သီးသန့် ဟောကိန်းလေးပါ။ ဘယ်လိုမိန်းမမျိုးရမလဲဆိုတာ အမျိုးသား လူလွတ်တို့ အသိချင်ဆုံးလေးပါ။ အသက်ကြီးမှာလား၊ ငယ်မှာလား။ စစ်၊ မစစ် ၊ဒါလေးတွေ သိချင်တာပေါ့၊ ကိုကို တို့ရေ ဟုတ်တယ်ဟုတ်.. :P။ မြန်မာ့ရိုးရာ နည်းလေးတစ်ခုပါ။ အဆင့်ဆင့်သယ်ဆောင်လာတာ အခုထိပါပဲ။
ပထမ ဆုံး မွေးသက္ကရာဇ်ကိုတော့ သိဖို့လိုတယ်။ မြန်မာခုနှစ် မွေးသက္ကရာဇ် ဖြစ်ရမည်။ ၎င်းကိုတည်ပြီး ၄ နဲ့မြှောက်၊ ရလာတဲ့ ကိန်းဂဏန်းကို ၇ (ရကောက် မဟုတ်ဘူးနော်) နဲ့စား၊ အကြွင်းကိုကြည့်ပြီး ဟောကိန်းထုတ်ထားတာကို ဖတ်ကြည့်ပါ။ အဖြေရပြီပေါ့။
ဆိုလိုတာက ၁၃၄၀ မှာမွေးတဲ့ အမျိုးသားတစ်ဦး၊ ဘယ်လိုမိန်းမ မျိုးရမလဲ ဆိုပါစို့..
၁၃၄၀ x ၄ = ၅၃၆၀ ရပါတယ်
၅၃၆၀ ကို ၇ နဲ့စားလိုက်ပါက အကြွင်း ၅ ရပါတယ်။
အကြွင်း ၅ ဆိုတဲ့ နေရာ ဖတ်ယုံပေါ့။ မွေးနှစ်တူတွေ အားလုံး တစ်ပုံစံတည်း ဖြစ်နေမှာပေါ့ ဆိုတဲ့ မေးခွန်း မေးသင့်တယ်။ ဟုတ်ပါတယ်။ ကိန်းချင်းအတူတူပါပဲလို့ ပြန်ဖြေပါမယ်။ တကယ်တမ်း လက်တွေ့အခြေခံ တူတာကိုလည်း တွေ့ရပါတယ်။

အဖြေများ
အကြွင်း ၁ ။ ။ ရခဲ့ရင် တော်တော်ကံကောင်းပါတယ်။ ကိုယ်ရမယ့် မိန်းကလေးက အလွန်သန့်စင်တဲ့ မိန်းကလေးပါ။ ကိုယ်ကျင့်သိက္ခာ လုံအောင် ထိန်းတဲ့သူ။ အတွေ့အကြုံကလည်း မရှိသလောက်ပဲ။ ရည်းစားတောင် ထားဖူးရဲ့လားမသိ။ အေးအေးနေတတ်တယ်၊ လုပ်ငန်းတစ်ဖက်၊ ပညာတစ်ဖက် ဘဝတိုက်ပွဲ ဝင်နေတဲ့သူ။ ကိုယ်ပိုင်အစွမ်းအစနဲ့ အသက်မွေးနိုင်တယ်။ ဥာဏ်ကောင်းတယ်။ တစ်ခါတစ်ခါ နွဲ့ဆိုး ဆိုးတတ်တယ်။ တည်တည်ကြည်ကြည်နေတယ်။ သွက်သွက်လတ်လတ်နဲ့ မိန်းမသားပါ။ ခေတ်မီတယ်၊ ဒါပေမယ့် ခေတ်မဆန်ဘူး။ သိပ်သဝန် ကြောင်တတ်တာ။ သူ့ရှေ့သွားပြီး တစ်ခြားလူအကြောင်းသွားမပြောလေနဲ့၊ စိတ်ကောက်ပြီး ချော့လိုက်ရမှာ အမော။ ကိုယ်နဲ့ အဆင်ပြေမယ်။ တစ်ခါတစ်လေ လူကြီးဆန်ပြီး၊ အများအားဖြင့်ကလေးဆန်တတ်တဲ့ အတွက် ကိုယ့်မိဘ နဲ့တော့ ပြဿနာပဲ။ ဘာပဲပြောပြော ကိုယ့်အပါ် သစ္စာထားတဲ့သူပေါ့။

အကြွင်း ၂ ။ ။ ရခဲ့ရင် ကိုယ့်နှလုံးသား ကိုယ်ပြန်စမ်းစစ်ကြည့်။ မေတ္တာတရားမှာ အပေးသမား သက်သက်ပဲ။ ကိုယ်ကခွင့်လွှတ်တတ်တယ်၊
သနာတတ်တယ်။ ကိုယ်ရမယ့် အိမ်ထောင်က ဂရုဏာကို အခြေတည်တဲ့ အိမ်ထောင်မျိုး။ ကိုယ်နဲ့အကြောင်းပါမယ့် မိန်းကလေး ခမျာ ဘဝမှာ လူလည် လူရှုပ်တွေရဲ့ လှည့်စားခံရပြီး အသည်းကွဲဒဏ်ရာတွေနဲ့။ သူ့ရဲ့နောက်ကြောင်းကိုလည်း မခြွင်းမချန် ပြောပြမှာပါ။ သဘောထား ကြီးကြီးနဲ့ သူ့ဘဝကို သိမ်းပိုက် ကာကွယ်ပေးရမှာပါ။ သူက အတိတ်လူဟောင်းဆီ စိတ်ညွတ်မသွားပါဘူး။ ကိုယ်နဲ့ အိမ်ထောင်ကျပြီး အလွန်သာယာတဲ့ အိမ်ထောင်တစ်ခုကို တာဝန်ကျေစွာ တည်ဆောက်မှာပါ။ အချောအလှလေးပါ။ ဘဝက မလှပေမယ့် ရုပ်ဆင်းရူပကာ အလုံးစုံ ငေးလောက်အောင် လှပတဲ့သူ။ အိမ်ထောင်ကို နိုင်နိုင်နင်းနင်း ထိန်းမှာ။ လုပ်တက် ကိုင်တက်။ ကိုယ့်မိဘအသိုင်းအဝိုင်း အရိပ်အောက်ကို ဝင်လာမှာ။ အောက်ကျို့ပြီးဆက်ဆံမှာ။ နောက်ဆို ကိုယ့်မိဘတွေက သမီးအရင်းလိုချစ်မှာ။

အကြွင်း ၃ ။ ။ ဆွေကြီးမျိုးကြီးထဲကဖြစ်ဖြစ်၊ မြင့်မြတ်သော အမျိုးအနွယ်ကဖြစ်ဖြစ် ဒီလိုမိန်းကလေးနဲ့ အိမ်ထောင်ကျမှာ။ ဂုဏ်ပကာသန ဝန်းကျင်အလယ်ကပေါ့။ တော်တ်ာမာနကြီးမှာ။ စိတ်ကြီး၊ ခေါင်းမာ၊ ပညာတတ်၊ နှလုံးသားချိုသော်လည်း ဘုဂွပြောတတ်ပြီး၊ တော်ရုံ တန်ရုံကို အဖက်မလုပ်တတ်တဲ့ မိန်းကလေး။ ပညာအတက်ကို အခြေတည်ပြီး အသက်မွေးတဲ့ မိန်းကလေး။ တစ်ခုတော့ပြောမယ်၊ အိမ်ထောင်ကျပြီးရင် ကိုယ့်အသိုင်းအဝိုင်းထဲ သူဝင်မှာ မဟုတ်ဘူး။ သူ့အသိုင်းအဝိုင်းထဲ ကိုယ်ရောက်လိမ့်မယ်။ အနိုင်လိုတာမဟုတ်ပေမယ့်၊ အနိုင်ကျင့်တာ ဝါသနာ ပါတယ်။ သူနဲ့ အိမ်ထောင်ကျပြီး အပေါင်းအသင်း၊ ငယ်မိတ်ဆွေတွေထဲက ခပ်ညံ့ညံ့ လာလည်ရင်တောင်၊ ရန်ဖြစ်မှာ။ ဒါပေမယ့် အိမ်ထောင်ကံကောင်းပါတယ်လေ။ အိမ်ထောင်ကြောင့် ဘဝမှာ ထူးထူးခြားခြား တိုးတက်မှုလေးတွေ ရမှာ။ သူကလည်း ကိုယ့်ကို တိုက်တိုက်တွန်းတွန်းလေး အလုပ်လုပ်ခိုင်းမှာ။ ကွယ်ရာ သူငယ်ချင်းတွေက ကိုယ့်ကို မိန်းကကြောက်လို့ပြောရင် ငြိမ်ခံပေရော့။

အကြွင်း ၄ ။ ။ အတော်အိနြေ္ဒကြီးပြီး မြင့်မြတ်တဲ့ အသိုင်းအဝိုင်းကြားက မိန်းမသား ကိုယ့်ဘဝထဲကို တိုးဝင်လာမှာပါ။ ပင်တိုင်စံ ဆောင်းသမားလေး ဇာတ်လိုပေါ့။ သူမက ချစ်လွန်းတော့ အရာရာကိုစွန့်လွှတ်ပြီး ဘဝကို ပုံအပ်မှာ။ လေးစားဖို့ကောင်းတဲ့ မိန်းမသားပေါ့။ ဘဝအတွေ့အကြုံကလည်းနည်း၊ ပင်ကိုကလည်း ကျောင်းနဲ့အိမ် ဖြတ်သန်းတဲ့ ဘဝ၊ ပြည့်ပြည့်စုံစုံနဲ့ အေးချမ်း အိနြေ္ဒရှိတဲ့၊ သန့်ရှင်းသန့်စင်လှတဲ့ သဇင်ပန်းလို တော်ဝင်မိန်းမသားမျိုးနဲ့ ဆုံစည်းတဲ့ ကိုယ့်ဘဝကို သူငယ်ချင်းတွေက မုဒိတာ ပွာကြပါလိမ့်မယ်။ အလွန်သည်းခံတတ်၊ ခွင့်လွှတ်တတ်ပေမယ့် မဟုတ်တာတော့ သွားမလုပ်လေနဲ့ မီးပွင့်သွားမယ်။ မာနခဲမလေး။ ကိုယ့်မိဘနဲ့ အဆင်ပြေမယ်။ အပေးအကမ်း ရက်ရောမယ်။ အရာရာ ကိုယ့်သဘောဘဲ။ အလုပ်ထွက်လုပ်ချင်လုပ်လိမ့်မယ် အိမ်ထောင်ကိစ္စ မလစ်ဟင်းစေရဘူး။ မိန်းမရ ကံကောင်းပါတယ်။ ဒါပေမယ့် မိန်းမနောက်တစ်ယောက် ရှုပ်ဖို့မစဉ်းစားနဲ့ ခံနေမှာမဟုတ်ပဲ တစ်ခါတည် အပြီး ပြတ်စဲပြီး လှည့်မကြည့်ဘဲ ကွဲပစ်လိုက်မှာ။ သဘောထားကြီးပြီး ခေတ်မီပေမယ့် ဒီကိစ္စမျိုးမှာ လုံးဝခွင့်မလွှတ်တက်ပါဘူး။

အကြွင်း ၅ ။ ။ ကိုယ့်လူအိမ်ထောင်ကျမယ့် အမျိုးသမီးကတော့ ဆိုရှယ်ခပ်ကျကျထဲကပဲ။ အတော်ခေတ်ရှေ့ပြေးမှာ၊ ဘိုဆန်မှာ။ ဝတ်တာစားတာက အစ ခေတ်စကားနဲ့ပြောရင် ဟော့ရှော့ပ် ပေါ့။ ကိုယ်နဲ့တွဲသွားရင်တောင် သူများကငေးကြည့်ရလောက်အောင် စတိုင်လ် အတော်ကျမှာ။ ခေတ်မီတဲ့ အပြင်အဆင်၊ မိတ်ကပ်၊ နှုတ်ခမ်းနီ၊ လက်သည်း ခြေသည်းနီနဲ့ ကြွေရုပ်လေးပေါ့ဗျာ။ စူပါမားကတ်ကြီး တွေမှာ ချိတ်ထားတဲ့ ဟန်ပြမယ်တွေနဲ့ အပြိုင် စတိုင်ကျ စမတ်ကျကျပဲ။ ရည်းစားများတာ လာမပြောနဲ့။ ကိုယ့်တောင် သနာလို့ယူထားတာ။ အိမ်ထဲမှာ ပိတ်လှောင်ထားဖို့တော့ စိတ်မကူးလေနဲ့၊ လွတ်လပ်မှုကို မြတ်နိုးပြီး ကိုယ်ပိုင်အစွမ်း ကိုယ်ပိုင်ဟန်နဲ့ ကိုယ်တိုင် အလုပ်လုပ်ရမှ ကျေနပ်မှာ။ တစ်ခါတစ်လေ“ရှင်ကတော်တော် ခေတ်နောက်ကျတာပဲ၊ တောကျလိုက်တာ”စသဖြင့်၊ သူနဲ့ အိမ်ထောင်ကျပြီး နိုင်ငံခြားမှာ သွားအလုပ်လုပ်ဖို့ ပြောလွန်းလို့ သွားရအုံးမှာ။ အပေါစားလုံးဝမသုံးဘူး၊ တံဆိပ်ဆိုလည်း အမြင့်စားမှ။ Branded ဆိုတဲ့စကား နှုတ်ဖျားက ချမှာမဟုတ်ဘူး။ အိမ်မှာတော့ ထမင်းချက်ကောင်းကောင်းတော့ ခန့်ထားဦး၊ တစ်ခါတစ်လေ စိတ်ပါမှ သူက ချက်ကျွေးမှာ။ သူနဲ့စတွဲပြီး အိမ်ထောင်ကျလို့ ကိုယ်တောင် ဘောင်းဘီဝတ်၊ ပေါင်မုန့်စားဖြစ်လာလို့ လမ်းထွက်ရင်တောင် သူငယ်ချင်းတွေက မှတ်မိမှာမဟုတ်ဘူးနော်။

အကြွင်း ၆ ။ ။ မေတ္တာကြီးမားလှတဲ့ အမျိုးသမီးနဲ့ ရမှာ။ သူနဲ့ ကိုယ်နဲ့ အတွင်းသိ အစင်းသိ။ သူငယ်ချင်းလို မိတ်ဆွေလို ကတစ်ဆင့်“နင်”ရယ်“ငါ” ရယ်ကနေ “မောင်”ရယ်“ကို” ရယ်ဖြစ်လာတာ။ သူနဲ့ မရ ခင် ကိုယ်ကလည်း ရည်းစားများများ။ ဒါတွေသူသိပြီးသား။ ဒီကြားထဲ သူငယ်ချင်းလိုကနေ မမျှော်လင့်ဘဲ ရေစက်ပါတယ်ဆိုရမလား မသိဘူး။တစ်ဦးနဲ့တစ်ဦးသံယောဇဉ်တွေ လွန်ကဲပြီး ချစ်ကြမှာ။ ဆုံဖို့အရေးလည်း ခက်ခက်ခဲခဲ ပဲ။ အိမ်ထောင်ကျပြီး သူ့မေတ္တာရိပ်အောက်မှာ အတော်တည်ငြိမ် သွားမှာ။ ဆိုး တိုင်ပင်၊ ကောင်း တိုင်ပင်၊ နှစ်ယောက် စားအတူ၊ လာအတူ။ ဒီ မိန်းကလေးက ချစ်တတ်တယ်၊ သဘောထားကြီးတယ်။ ကိုယ့်အပေါ် နားလည်မယ်။ ကိုယ့်အသိုင်းအဝိုင်းနဲ့ ညီညွတ်မယ်။ ကိုယ်နဲ့ အိမ်ထောင်ကျပြီး သူလုပ်နေတဲ့ အလုပ်ကထွက်ပြီး ကိုယ့်အလုပ်ကို ကူလိမ့်မယ်။ နှစ်ယောက်ပေါင်းပြီး စီးပွားကြီး၊ လုပ်ငန်းကြီးတွေ လုပ်ပါ။ တွဲဖက် တကယ်ညီတာ။ သူ ချက်ထားတဲ့ ဟင်းမှ စားစေချင်တာ။ တစ်ခါတစ်လေ နေမကောင်းတဲ့ ကြားက ကိုယ့်အဝတ်တွေ ဝင်လျှော်၊ အပြင်သွားဖို့ အဝတ်အစား စီစဉ်ပေးတာအစ၊ ရေချိုးပြီး အိမ်နေရင်းအဝတ်တောင် သူ့လက်နဲ့ ထုတ်ပေးရမှ ကျေနပ်တာ။ ငယ်သူငယ်ချင်းတွေ နောက်ပြောင်ကြလိမ့်မယ်
“မိန်းမနား တစ်ချိန်လုံး ကပ်နေတာပဲ”လို့၊ စိတ်မဆိုးနဲ့။ သူတို့က ကိုယ့်ကို အားကျနေတာ။

အကြွင်း ၀ ။ ။ အတော်လေးကို ထူးခြားတဲ့ အိမ်ထောင်ရေးကို ရပါလိမ့်မယ်။ ကိုယ်နဲ့ ရတဲ့ မိန်းမက ကိုယ့်ထက် အသက်ကြီးမယ်။ မမ နဲ့ မောင်လေး ပေါ့။ ဒါမှမဟုတ် ဘာသာမတူ၊ လူမျိုးကွဲ တစ်ခုခုဖြစ်မယ်။ ပညာဖြစ်စေ၊ ဂုဏ်ဖြစ်စေ၊ အသက်အရွယ်ဖြစ်စေ မိမိ ထက်ကြီးမှာ ဖြင့် သေချာပါတယ်။ ကိုယ့်အပေါ်အတော် အလိုလိုက်မယ်။ စိတ်ချမှာလည်း မဟုတ်ဘူး။ အရိပ်တကြည့်ကြည့်နဲ့။ သိပ်ပြီး အလှပြင်မှာပဲ။ အသက်ကြီးတဲ့သူကို အလှပျက်လို့ ပစ်သွားမှဖြင့် ဆိုတဲ့ မသိစိတ်ကလေးက စိုးမိုးနေမှာ။ ဒီစိတ်ကလေး သူ့ရင်ထဲကပျောက်သွားအောင် လုပ်ပေးရမှာ ကိုယ်ပဲပေါ့။ ကိုယ့်အပေါ်မှာ မိခင်တစ်ယောက်လို ငဲ့ညှာချစ်ခင်မယ်။ ဦးစားပေးမယ်၊ ကိုယ်နွဲ့သမျှ ဒဏ်ခံမယ်။ တစ်ခုခု စိတ်အလိုမကျရင် မျက်ရည်လေးနဲ့။ တစ်ကယ်ချစ်လို့ ကိုယ့်ဘဝထဲ အခက်အခဲများ ရင်ဆိုင်ပြီး လက်တွဲလာတာကိုတော့ ဘယ်တော့မှ မမေ့နဲ့ပေါ့။ ဘာပဲဖြစ်ဖြစ်“မ”ရဲ့မောင်လေး ဘဝမှာ၊ အေးချမ်းတဲ့ မေတ္တာရိပ်အောက်မှာ ပျော်ရွှင်နေတဲ့ ဘဝလေးကို ထူထောင်ရမှာပါ။ မိန်းကလေးက ခေတ်ပညာတက်။ ကိုယ့်အစွမ်း ကိုယ့်အစ နဲ့ သူတစ်ပါးကို ဆရာလုပ် အမိန့်ပေးတဲ့သူမျိုးပေါ့။

ဒီဟောကိန်းလေးကိုဖတ်ပြီး ကိုယ်တိုင်လည်းတွက်ကြည့်၊ သူငယ်ချင်းတွေကိုလည်း ဗေဒင်ဟောကြည့်ပေါ့။ အိမ်က အဖေ၊ ဦးလေးတောင် ချန်မထားနဲ့ တွက်ကြည့်ပြီး ဟောကိန်းထုတ်လိုက်ပါဦး။

မမ တို့အတွက်

ကဲကဲ ချစ်မမတို့ ချစ်ညီမလေး တို့ရေ၊ ရှေးထုံးလည်း မပယ်နဲ့ ဈေးသုံးလည်း မလွယ်နဲ့ တဲ့။ ဒါလေးက ဆရာ စံ-ဇာဏီဘို ရဲ့နည်းလေး။ ဒီဗေဒင်လေးက အမျိုးသမီးတွေအတွက် သီးသန့်ပါ။ အရွယ်ရောက်တဲ့ မိန်းကလေးတွေအစ အရွယ်လွန်အပျိုကြီးတွေအဆုံး ချစ်စကား ကမ်းလှမ်းလာတာ၊မေတ္တာရှိကြောင်းပြောလာတာ၊လက်ထပ်ခွင့်ပန်လာတာတွေ ရှိပါလိမ့်မယ်။ ရင်ခုန်ရတာ တစ်ဖက်၊ ကြည်နူးရတာ တစ်မျိုး နောက်ဆုံး ကိုယ့်ကိုတကယ်ချစ်တာမှ ဟုတ်ရဲ့လားဆိုတဲ့ စိုးရိမ်စိတ်က ပေါ်လာစမြဲပေါ့။ ဒီပညာလေးက လွယ်ပါတယ် ဒါပေမယ့် လျှော့မတွက်နဲ့ တကယ်မှန်တာ။ တကယ်ချစ်မချစ် တွက်စစ်ကြည့်မယ်...။ ယုံတာ မယုံတာ အပထား ...၊ စမ်းကြည့်ပေါ့ ..... နော့်....။

ဒီနည်းက ချစ်ရေးဆိုချိန်ကို အဓိကထားပြီး ပြန်အဖြေမပေးခင် ချိန်ဆနိုင်အောင် ပေးထားတာပါ။ ချစ်သူရှိပြီးသား လူတွေနဲ့ ပတ်သတ်ပြီး တွက်ချက်ချင်ရင် တစ်ဖက်သူ ကိုယ့်ကိုချစ်စကားပြောခဲ့တဲ့ အသက်နဲ့ ချိန်ပြီး တွက်ပါ။

အဆင့် (၁)
ကိုယ့်ကိုချစ်စကားပြောလာတဲ့သူရဲ့ နာမည်အပြည့်အစုံကို ဗေဒင်သင်္ချာဂဏန်းတွေ အဖြစ်ပြောင်းပါ။ အက္ခရာ နဲ့ ဂဏန်းတွဲပြထားပါတယ်
“ဗျည်”ကိုသာ ယူရပါမယ်။

အမည်ဗျည်းအက္ခရာ = ဗေဒင်သင်္ချာဂဏန်း
အ၊ ဥ၊ သြ = ၁
က၊ ခ၊ ဂ၊ ဃ၊ င = ၂
စ၊ ဆ၊ ဇ၊ စ်၊ ည = ၃
ယ၊ ရ၊ လ၊ ဝ = ၄
ပ၊ ဖ၊ ဗ၊ ဘ၊ မ = ၅
သ၊ ဟ = ၆
တ၊ ထ၊ ဒ၊ ဓ၊ န = ၇
ဥပမာ-ကိုအောင်ကျော်ဌေးဆိုပါစို့( ရှေ့က မောင်၊ ကို၊ ဦး) စတာတွေကို ဖယ်လိုက်ပါ။
အောင်ကျော်ဌေး
= အ + က+ ဌ
= ၁ + ၂ + ၇
= ၁၀
ဒီသဘောပါပဲ၊ အခြားအမည်တွေလည်း ဒီသဘောအတိုင်းပါပဲ။

အဆင့် (၂)
နောက်ပြီး ကိုယ်ရောက်နေတဲ့ အသက်၊ ကိုယ့်ရဲ့မွေးနံ သင်္ချာဂဏန်းနဲ့ ပေါင်းပါ။
တနင်္ဂနွေ = ၁
တနင်္လာ = ၂
အင်္ဂါ = ၃
ဗုဒ္ဓဟူး = ၎
ကြာသပတေး = ၅
သောကြာ = ၆
စနေ = ၇

ဥပမာ - မိမိရဲ့အသက်က ၂၅ နှစ်ထဲရောက်နေပြီ။ ဒီနေရာမှာ အသက် ၂၄ နှစ်ပြည့်ပြီးတာနဲ့ ၂၅ နှစ်ထဲရောက်နေပြီလို့ ယူဆရမှာပါ။ မိမိက ကြာသာပတေးနေ့မွေးတယ်ဆိုပါစို့
ချစ်ရေးဆိုခံရသူ၏အသက် = ၂၅
ချစ်ရေးဆိုခံရသူ၏မွေးနံသင်္ချာ= ကြာသာပတေး = ၅
အသက်+မွေးနံသင်္ချာ = ၂၅ + ၅ = ၃၀

အဆင့်(၃)
ချစ်ရေးဆိုသူ (အဆင့်၁) ကရလဒ်နဲ့၊ ချစ်ရေးဆိုခံရသူ (အဆင့် ၂) က ရလဒ် နှစ်ခုပေါင်းပြီး ၇ ( ခုနှစ် ဂဏန်းပါ ရကောက် မဟုတ်)နဲ့ စားပါ။ အကြွင်းရှာပါ။
အဆင့် ၁ ရလဒ် = ၁၀
အဆင့် ၂ ရလဒ် = ၃၀
၂ ခုပေါင်း = ၁၀ + ၃၀ = ၄၀
၄၀ ကို ၇ နဲ့ စားပါက ရသောအကြွင်းမှာ ၅ ဖြစ်ပါတယ်။

အကြွင်း ၁ မှ ၀ အထိ အဟောလေးတွေကို ရေးပေးထားပါတယ်။ ဖတ်ကြည့်ပါ။ ဒီအဟောလေးတွေကိုကျက်ထားပြီး သူငယ်ချင်းများကိုလည်း ဟောပေးလိုက်ပါဦး။ ချစ်စကားပြောသူ တစ်ယောက်ထက်မက တစ်ခါတစ်လေ နှစ်ယောက် သုံးယောက်လောက် တစ်ပြိုင်တည်း နောက်ပိုးရင်လည်း သူတို့နာမည်လေးတွေနဲ့ တွက်ကြည့်ပါ။ ပြီးတော့ နောက်ဆုံးရလာတဲ့ အကြွင်းကိုကြည့်ပြီး လိုရာသုံးပေတော့။

အဖြေများ...

အကြွင်း ၁ ။ ။ သူ့စကားကတော့ မှန်ပါတယ်။ တကယ်ချစ်နေတာပါ။ ဒါပေမယ့် လက်ထပ်တဲ့အထိ ကိုယ့်အပေါ်မှာ မစဉ်းစားသေးဘူးနော်။ လက်ထပ်မယ်လို့ပြောလာရင်လည်း အပေါ်ယံပြောတာ။ တကယ်လက်ထပ်နိုင်တဲ့ အခြေအနေ လတ်တလော သူ့မှာ မရှိသေးဘူး။ သူ့မှာ ဖြေရှင်းစရာ၊ ရင်ဆိုင်စရာ မိဘအသိုင်းအဝိုင်းကြားထဲကနေ ချစ်နေရတာ။ ချစ်သူဘဝ တွဲသွား တွဲလာ အဖော် နေနဲ့တော့ ကောင်းပါတယ်။ ဒါပေမယ့် အိမ်ထောင်ဖက်တော့ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ သေချာပေါက်ပါပဲ။ ချစ်တိုင်းလည်းမညား ဆိုတဲ့စကားကို သတိရပါ။

အကြွင်း ၂ ။ ။ ဟန်ကျတာပဲ။ သူ့အချစ်က တကယ့်ကို စံတင်ရမှာပါ။ သူတကယ် ကိုယ့်ကိုချစ်နေတာ။ သနားဖို့ကောင်းပါတယ်။ သူ့ဘဝ၊ သူ့အချစ်၊ သူ့မေတ္တာ၊ သူ့သစ္စာ အားလုံး ကိုယ့်ကိုပုံပေးပြီး အဖြေတုံ့ပြန်မှုကို တကယ် မျော်လင့်နေတာ။ သဘောကျလောက်တဲ့ အနေအထား၊ ကိုယ်လိုလားတဲ့ အခြေအနေမျိုးရှိရင် လက်ခံသင့်တဲ့သူပါ။ တစ်ခုတော့ရှိတယ်နော် သူက ကိုယ့်ကို တကယ်ချစ်၊ တကယ်မြတ်နိုး၊ တကယ်လက်ထပ်မယ် ပဲပြောတာ၊ ကိုယ်က ပြန်မချစ်လည်း ရပါတယ်၊ ကိုယ်ကမစဉ်းစားသေးဘူး ဆိုရင်လည်း သူက နောက်ဆုတ်သွားမှာပါ။ အနှောင့်အယှက် မပေးပါဘူး။

အကြွင်း ၃ ။ ။ ဒီစကားမျိုး ရှင်ပြောခဲ့တာ များပြီထင်ပါရဲ့၊ ကျွန်မက နံပါတယ်ဘယ်လောက်လဲ ဟင်.. လို့သာ မေးလိုက်ပါတော့။ မျက်နှာများ တဲ့သူပဲ၊ ကိုယ့်ကို သဘောကျ၊ တွဲချင်နေတာပဲ ရှိပါတယ်။ လေးလေးနက်နက်ချစ်တဲ့ အနေအထားတော့ မဟုတ်ဘူနော်။ လက်ထပ်ပေါင်းသင်းဖို့ နေနေသာသာ၊ ရေရှည်ချစ်ပါ့မလားတောင် မသိ။ ကိုယ်ကလက်ခံမိရင် ကိုယ့်အပြင် သူ နောက်တစ်ယောက်နဲ့ တွဲတာတို့၊ ကိုယ့်ကို ပစ်ထားလိုက်၊ ပြန်လာလိုက် နဲ့ ချစ်တမ်းကစားတာတို့ လုပ်ဦးမှာ။ သူ့ကိုချစ်နေမိရင်တောင် အသည်းမှာ အသည်းကွဲ ကာကွယ်ဆေး ထိုးပြီးမှ ချစ်ပေါ့။ ဒါပေမယ့် ကမ္ဘာမှာ အသည်းကွဲကာကွယ်ဆေး မရှိသေးဘူးနော်။ မစဉ်းစားတာပဲကောင်းပါတယ်။ သူငယ်ချင်း အဆင့်လောက်နဲ့ မိတ်ဆွေအနေအထားလောက်နဲ့ပဲ ထားဖို့ တန်ပါတယ်လေ။

အကြွင်း ၄ ။ ။ တကယ်ချစ်နေတာပါ။ အတည်ပြောနေတာပါ။ ကိုယ့်ကိုမြတ်နိုးနေတာမှ သဲသဲလှုပ်ပဲ။ ကိုယ့်အတွက်ဆို ဘာကိုရင်ဆိုင်ရစေ ခိုင်မြဲတဲ့ အချစ်နဲ့ မြတ်မြတ်နိုးနိုး တစ်သက်တာ လက်တွဲမယ့်သူပါ။ သူက စကားနည်းတယ်။ ဒီမေတ္တာစကားပြောဖို့တောင် တော်တော် အရှိန်ယူရပုံပဲ။ ကိုယ့်အပေါ် သူတက်အားသလောက် တင့်တင့်တယ်တယ် ထားမှာ အမှန်ပါပဲ။ သဘောကျရင် စဉ်းစားဖို့ တကယ်ကောင်းတဲ့ သူပေါ့။ သူ့ဝန်းကျင်၊ သူ့အသိုင်းအဝန်း၊ သူ့အနေအထားတွေကို မိန်းကလေးပီပီ ထည့်တွက်ဦး။ အချစ်ဘက်ကတော့ အမှတ်ပြည့်ပေးထားတယ်။ ကိုယ့်သဘော ကိုယ့်အလို တကယ်လိုက်ပြီး၊ ကိုယ့်မျက်နှာ အညှိုးမခံရအောင် သူ့ဘက်က တကယ်ဆောင်ရွက် ဖြည့်ဆည်းပေးမှာပါ။ သူ့အချစ်ကို လက်ခံလို့ ရပါတယ်။ သူ့ဘက်က လက်ထပ်ဖို့ သေချာပါတယ်။ ကိုယ်ကတော့ အချိန်ယူ စဉ်စားပြီး ဆုံးဖြတ်ပေါ့။

အကြွင်း ၅ ။ ။ သူကိုယ်တိုင်ဒီစကားပြောတာသေချာရဲ့လား ဆိုတာတောင် သူ့သဘောသူ မသိနိုင်ဘူး။ တစ်ခါတစ်လေ ကိုယ့်ကိုချစ်လိုက်၊ တစ်ခါတစ်လေ ကိုယ့်ကိုမေ့ထားလိုက် လုပ်မှာပါ။ ရည်းစားစကားပြော၊ ချစ်ခွင့်ပန်ပြီး ဒီစကားပဲ သူမပြောသလိုလို၊ တစ်ခါလောက်ပြောပြီး ကိုယ်ကမူပြီး အချိန်ဆွဲထားရင် ကြားထဲမှာ ထပ်အဖြေတောင်းမှာတောင် မဟုတ်ဘူး။ သူက တကယ်ချစ်တတ်သူမှ ဟုတ်ရဲ့လား။ သူ့ရင်ထဲမှာ အသည်းနှလုံးရော ရှိရဲ့လားဆိုတာ လေ့လာစို့။ သူ့စိတ်၊ သူ့ပတ်ဝန်းကျင်နဲ့ ကိုယ်နဲ့ အဆင်ပြေပါ့မလား တွေးကြည့်ပေါ့။ ငြင်းစရာ မရှိလောက်အောင် ပြည့်စုံလို့၊ ကိုယ်ကနေသာ ချစ်နေပြီး မဆွတ်ခင်ကသာ ညွတ်ချင်ချင်ဖြစ်ပြီး သူလာပြောတာနဲ့ အဖြေပေးခဲ့ မိရင်တောင် လက်ထပ်ဖို့ကိုတော့ အချိန်လေး ယူပါဦး။

အကြွင်း ၆ ။ ။ တကယ်ကောင်းတဲ့သူဆိုတာ သတ်မှတ်လိုက်ပါ။ သူ့မေတ္တာက တကယ်တည်ငြိမ်ပါတယ်။ ကိုယ်မှတစ်ပါး တစ်ခြားတစ်ယောက်ထားမှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ အတိတ်မှာ ဘယ်လောက်ရှုပ်ရှုပ်၊ ကိုယ်နဲ့ကျမှ တည်တည်ငြိမ်ငြိမ်ဖြစ်မှာ။ အသက်နေအထား၊ ဖြတ်သန်းရတဲ့ ဝန်းကျင်အနေအထားချင်း မတူညီမှုတွေကြားထဲမှ ပေါက်ဖွားလာတဲ့ အချစ်စစ်။ တကယ်လက်ထပ်သင့်တဲ့သူပေါ့။ သူက သိပ်ချစ်တ်သူ။ ကိုယ့်အလို တကယ်လိုက်မှာ။ ရည်ရှည်တည်မြဲပါတယ်။ True Love လို့ အနောက်တိုင်းမှာ ခေါ်တဲ့ အချစ်မျိုးပေါ့။ ကိုယ့်မိဘ ကိုယ့်အသိုင်းအဝန်းနဲ့ သူ့အသိုင်းအဝန်းပါ စပ်ဟပ်လို့ရရင်တော့ ကောင်းပြီသာ အောက်မေ့ပေတော့။

အကြွင်း ၀ ။ ။ ဒါဆိုရင်တော့ မဟန်ပါဘူး။ ကန်တော့ဆွမ်းပဲလို့သာပြောလိုက်ပါတော့။ သူ့အချစ်နဲ့ ကိုယ်နဲ့ မထိုက်တန်ပါဘူး။ ဟိုမရှင်း ဒီမရှင်း နဲ့ အရှုပ်ထုပ်ထဲ ကိုယ့်ပါဆွဲထည့်နေတာ။ သူ့ကိုသွားကြိုက်မိလို့ကတော့ ငါးပါးမှောက်ပြီသာမှတ်။ ရှေးစကား လေးမှတ်မိသေးတယ်၊ ဒူးနဲ့ မျက်ရည် သုတ်နေရမယ်ဆိုပဲ။ သူ့ချစ်စကားကလည်း မဟန်၊ ချစ်ရေးဆိုပုံကလည်း တစ်မျိုးနှင့် မလည်မဝယ် မိန်းကလေးများဆိုရင်တော့ ကျားရှေ့ရောက်တဲ့ သမင်ပျိုလေး ဖြစ်သွားမယ်။ ပညာ ပါပါနဲ့သာ ဖယ်ထုတ်လိုက်ပါ။ ယောင်လို့တောင် သွားမတွဲလေနဲ့၊ ယူလို့လည်းမကောင်း၊ မယူမိရင်လည်း နောက် လိုက်နှောင့်ယှက် ဒုက္ခပေးပြီး အယှက်ခွဲမယ့် သူပေပဲ။ အလိမ္မာလေးနဲ့ ငြင်းလိုက်ပါ။

ဒီနည်းက ချစ်ရေးဆိုချိန်ကို အဓိကထားပြီး ပြန်အဖြေမပေးခင် ချိန်ဆနိုင်အောင် ပေးထားတာပါ။ ချစ်သူရှိပြီးသား လူတွေနဲ့ ပတ်သတ်ပြီး တွက်ချက်ချင်ရင် တစ်ဖက်သူ ကိုယ့်ကိုချစ်စကားပြောခဲ့တဲ့ အသက်နဲ့ ချိန်ပြီး တွက်ပါ။

ဘဝ နဲ့ အလောသုံးဆယ်

ငှက်ကလေး ပျံသန်းသွားပြီ.... ပြန်ရောက်လာချိန် ရှိအုံးမှာပါ
အပင်ငယ်လေး ညှိုးနွမ်းသွားတယ်..... ပြန်လည်စိမ်းလန်းဖို့ ရှိလာမှာပါ
ဒါပေမယ့်... ငါတို့ရဲ့နေ့ရက်တွေ ဘာလို့များ ဖြတ်သန်းပြီးတာနဲ့ တစ်ခါထပ်ပြီး ပြန်မရနိုင်တော့တာလဲ??
တစ်စုံတစ်ယောက်က ခိုးယူသွားတယ်ပဲထား.... ဘယ်သူများလဲ ?? ဘယ်မှာများဖွက်ထားခဲ့သလဲ ??
သူတို့ကိုယ်တိုင်ထွက်သွားကြတယ်ပဲထား..... ခုဘယ်တွေများရောက်နေကြသလဲ??

ငါ့အတွက် နေ့ရက် ဘယ်လောက်များများ ပေးထားတယ်ဆိုတာ မသိပါဘူး.. ဒါပေမယ့် ငါ့လက်ထဲမှာ တဖြည်းဖြည်းနဲ့ လျှော့ပါးလာနေကြတယ်။ တိတ်တဆိတ်အတွင်းမှာပဲ ငါ့လက်ထဲမှာ ရက်ပေါင်း ၈၀၀၀ ကျော် ဖြတ်သန်းသွားပြီးပါပြီ။ အပ်ထိပ်က ရေစက်ကလေး ပင်လယ်ထဲ တစ်စက်ပြီးတစ်စက် ကျနေသလိုပါပဲ၊ ငါ့နေ့ရက်တွေလည်း အချိန်ရဲ့ စီးဆင်းမှုထဲ တစ်ရက်ပြီးတစ်ရက် စီးဆင်းသွားကြတယ်။ အသံမဲ့၊ ပုံရိပ်မဲ့။ ချွေးတဒီးဒီး၊ မျက်ရည် တလိမ့်လိမ့်... ငါ တားဆီးမထားတော့ပါဘူး။

သွားသူတွေလည်း သွားကုန်ကျပါပြီ၊ ရောက်လာသူတွေလည်း လာနေကြဆဲ...။ ထွက်သွားခြင်းနဲ့ ရောက်ရှိလာခြင်းကြား ဘာလို့များ“လော” နေကြမလဲ။မနက်မိုးလင်း ငါနိုးထတဲ့အချိန် အခန်းထဲမှာ နေရောင်လေးတွေ ဟိုဟိုဒီဒီ ဖြာဆင်းနေကြတယ်။ နေရောင်ခြည်မှာလည်း ခြေထောက်ပါတာပါပဲလား !!! တိတ်တဆိတ်လေးနဲ့ မသိမသာလေးရွေ့လျားသွာနေကြတယ်။

လက်ဆေးနေတဲ့အချိန်မှာလည်း... အချိန်တွေလည်း ရေနဲ့အတူ လက်ဆေးခွက်လေးထဲမှာ ကုန်ဆုံးဖြတ်သန်းသွားကြတယ်။ ထမင်းစားချိန်လည်း ထမင်းပန်းကန်လေးထဲ အချိန်တွေကလည်း လိုက်ပါကုန်ဆုံးသွားကြတာပဲ။တိတ်တဆိတ်
ငြိမ်သက်နေချိန်တွေမှာလည်း တို့ရဲ့မျက်ဝန်းတစ်စုံရဲ့ရှေ့ကပဲ ဖြတ်သန်းသွားကြလေရဲ့။ ကျွန်ုပ်စိတ်ထဲမှာတော့ သူတို့ဖြတ်သန်း
မှုနှုန်းက သိပ်ကိုမြန်ဆန်လွန်းလှတယ် လို့ခံစားလာရတယ်....။ လက်တွေကို ဆန့်ထုတ်ပြီး ကာဆီးမှု၊ ဖမ်းယူမှုတွေပြုလုပ်နေခိုက်၊ အဲဒီ ကာဆီး၊ဖမ်းယူမှုတွေလုပ်နေတဲ့လက်နားကပဲ ဖြတ်သန်းသွားကြပြန်တယ်။ မိုးမှောင်ချိန် ငါအိပ်ယာထဲ လဲနေခိုက်၊ ငါ့ရဲ့ခန္ဓာကိုယ်ဆီကနေ
ပဲ ပိုပြီး မြန်မြန်ဆန်ဆန် ဖြတ်ကျော်ပျံသန်းသွားကြတယ်။ ငါ့မျက်ဝန်းတစ်စုံ ပြန်ဖွင့်ပြီး နေမင်းနဲ့ ပြန်တွေ့ချိန်... အော် နေ့တစ်ရက်ကကုန်
ဆုံးသွားခဲ့ပြီးပြန်ပြီပေါ့။ ငါမွန်းကျပ်မှုကို မျိုသိပ်ထားတယ်.. သို့ပေမယ့် ရောက်ရှိလာတဲ့ နေ့ရက်သစ်ရဲ့ ပုံရိပ်ကလည်း ထပ်၍ မွန်းကျပ်မှု တွေကနေပဲ စတင်ကျော်ဖြတ်ကြတယ်။

ပျံသန်းနေသလိုလျင်မြန်စွာကုန်ဆုံးနေတဲ့ နေ့တွေထဲ၊ လူတွေအမြောက်အများရှိနေတဲ့ ကမ္ဘာကြီးပေါ် ငါဘာများ လုပ်နိုင်သလဲ ?? ခေါက်တုန့်ခေါက်ပြန် လွန်းဆန်တာနဲ့ပဲ ပြီးသွားတာပါပဲ၊ ကရောသောပါး နဲ့ပဲ ပြီးသွားတာပါပဲ။ ရက်ပေါင်း ၈၀၀၀ ကျော်ရဲ့ အလောသုံးဆယ်ကြား.. ခေါက်တုန့်ခေါက်ပြန် လွန်းဆန်ခဲ့တာအပြင် ငါ့အတွက်ဘာများ ထင်ကျန်တာရှိအုံးမလဲ ?? ငါဟာ ကမ္ဘာပေါ်ကို ဗလာတီးနဲ့ ရောက်ရှိလာခဲ့တယ်၊ မျက်စိတမှိတ်အတွင်းမှာပဲ ဗလာတီးနဲ့ ပြန်သွားရအုံးမှာပဲထားပါအုံး... ဒါဟာတရားပါ့မလား ?? ငါဘာကြောင့်များ ဒီအတိုင်း အလောသုံးဆယ်နဲ့ ပြီးသွားရမှာတဲ့လဲ ........??

ကျောင်းမှာဖတ်ခဲ့ရတဲ့ စာလေးထဲကပါ... ဘာသာပြန်တာ အဆင်မချောရင် သည်းခံပြီး ဖတ်ကြပါနော်..

သူငယ်ချင်းတို့အတွက်ပါ...

Smile = value to your Face
Glitter Photos

သူငယ်ချင်း ဖြူစင်စွာပြုံးလိုက်ပါ

Love = value to your Heart
Glitter Photos

သူငယ်ချင်း လေးနက်စွာချစ်ပါ

Respect = value to your Behaviour
Glitter Photos

သူငယ်ချင်း ကိုယ့်ကိုယ်ကိုရိုသေလေးစားပါ၊ သူများကိုလည်း ရိုသေလေးစားပါ

Study = value to your Future
Glitter Photos

သူငယ်ချင်း လေ့လာသင်ယူပါ၊ တွေးတောစဉ်းစားပါ

Friendship = value to your Life
Glitter Graphics



သူငယ်ချင်း မင်းကငါ့ဘဝအတွက် တန်ဖိုးကြီးမားမှု တစ်ခုပါပဲ

ကိုယ့်သမိုင်းကိုယ်ရေးလိုက်ပါ၏

ညတုန်းက အိပ်မက်ထဲမှာ အရမ်းပျော်လိုက်၊ အရမ်းကြောက်လိုက်၊ သူငယ်ချင်းတွေနဲ့တွေ့လိုက်နဲ့ ဟိုရောက်ဒီရောက်အိပ်မက်တစ်ခုမက်
လို့ မိုးလင်းတော့ ပထမဆုံး ဖုန်းကိုပြန်စစ်ရပါပြီ ဖုန်းဆက်မရလို့ ဝိုင်းဆဲနေလို့များ ကယောင်ချောက်ချားနဲ့ ဒီအိပ်မက် မက်တာလားပေါ့၊
Miss call ဟူ၍တစ်ခုမှမရှိ၊ ဒါနဲ့ ကွန်ပျူတာကိုဖွင့် စာတိုက်ပုံးကိုအပြေးလေးစစ်လိုက်သေးတယ် ဘယ်သူတွေများ ဝိုင်းမေတ္တာပို့ထားမလဲ
လို့ ၊ စာတိုက်ပုံးလေးလည်း ပုံမှန်ပါပဲ။ ဒါနဲ့ တော်ပါသေးတယ်ဆိုပြီး ရေမိုးချိုးလိုက်သေးတယ်ပြီးမှဘလော့ဂ်လေးကိုလည်း ဖွင့်လိုက်ရော
.. အော် .. မိပါပြီ တရားခံ ဘိုးဘိုး(ရိန်းဘိုး) နဲ့ ကိုဦး ပါရှင်။ နှစ်ယောက်သား တစ်ပြိုင်တည်း Tag မှတော့ အိပ်မက်က ဒီလောက်တော့ရှိတော့မှာပေါ့...
သူများတွေက“တက်”ပြီးမှတော့၊ ဟေး.. မတက်နဲ့ ပြန်ဆင်းလို့လည်းအော်လို့ မဖြစ်ချေဘူးလေ.. ဟဲဟဲ ။
ကဲကဲ သူများ“တက်”သလိုပဲ လိုက်တက်ပါတော့မယ်။

ကိုယ့်ရဲ့နာမည် ....... သဉ္ဇာ
ကိုယ့်ရဲ့သူငယ်ချင်းတွေကဒီလိုခေါ်တယ် ....... သဉ္ဇာ၊တယ်ရင်း၊ အရူးမ၊ ဘီလူးမ။
ဒီမှာနေပါတယ် ....... TW
ကိုယ့်ဆီဖုန်းဆက်ချင်ရင် ....... 0989 --- --- ကိုဆက်လိုက်ပေါ့

“ကိုယ့်ရဲ့အကြိုက်ဆုံးတွေက”
အရောင်ဆိုရင် ...... အဖြူရောင်၊ အပြာရောင်ဖျော့ဖျော့လေး
အဝတ်အစားဆိုရင် ....... အများအားဖြင့် ဂျင်းဘောင်းဘီနဲ့ တတ်တတ်ကြွကြွလေး၊ တစ်ခါတစ်ရံတော့ လှလှ၊ပပ လေးပေါ့နော် ..:P
အစားအစာဆိုရင် ....... ချဉ်ချဉ်၊ စပ်စပ်
ပစ္စည်းဆိုရင် ....... စာအုပ် နဲ့ ဖိနပ်
သီချင်းဆိုရင် ....... ခံစားချက်နဲ့ တည့်သွားရင်ရပြီ (သီချင်းကြီးမပါ)
စာရေးဆရာ ....... ဆရာအောင်သင်း၊ အတ္တကျော်၊တာရာမင်းဝေ
စာအုပ် ....... ဖြေတွေးလေးများ၊ အမွေ။
Life style ....... နွေးနွေးထွေးထွေး၊ပျော်ပျော်ရွှင်ရွှင်၊ညီညီညွတ်ညွတ်
ကိုယ်ရဲ့ဝါသနာ ....... စာအုပ်ဖတ်မယ်၊ သီချင်းနားထောင်မယ်၊ ရေကူးမယ်၊ ပျက်နေတဲ့ပစ္စည်းတွေကို ကလိမယ် (အကောင်းတွေကို ကလိရင် ပျက်သွားနိုင်ပါသဖြင့်)
အလိုချင်ဆုံးလက်ဆောင် ....... စစ်မှန်တဲ့ ခင်မင်မှု၊ စိတ်ရင်းနဲ့ ပြောတဲ့အားပေးစကား။
ကိုယ့်ရဲ့အချစ်ဆုံးသူက ....... ကိုယ့်ကိုကိုယ်ပါ
ကိုယ့်ရဲ့အလေးစားဆုံးသူက ....... အဖေ နဲ့ အမေ ပေါ့
ကိုယ့်ရဲ့အခင်ဆုံးသူငယ်ချင်းက ....... များတော့မများပါဘူး၊ နည်းလည်းမနည်းဘူး
ကိုယ့်ကိုအများဆုံးနားလည်မှုပေးနိုင်သူက ....... ရှိချင်လည်း ရှိမှာပေါ့နာ်... ရှိချင်မှလည်း ရှိမယ်။
ကိုယ့်ရဲ့အမုန်းဆုံးသူက ....... မိုးရေထဲလမ်းလျှောက်နေတုန်း ကိုယ့်ကို ဗွက်စင်အောင်ကားမောင်းသွားတဲ့သူ၊ ပြောလို့ပြောတာမဟုတ်ဘူး တော်တော်မုန်းတာ..
ရင်အခုန်ဆုံးအချိန် ....... ကစားကွင်းမှာ ကောင်းကင်ရထားစီးရင် ရထားစထွက်တဲ့အချိန်။ ရင်တော်တော်ခုန်တာ..
အကြောက်ဆုံးအချိန် ....... ဘာလုပ်ရမှန်းမသိတော့တဲ့အချိန်...
အပျော်ဆုံးအချိန် ....... ငယ်ငယ်တုန်းက ကျောင်းမှာ အရမ်းဆိုးတဲ့ ဆရာရဲ့ ချီးကျူးစကားကြားရတုန်းက။
အမှတ်တရနေ့ ....... 25.12.2006 (ခရစ္စမတ်နေ့တစ်နေ့)
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် ....... များများမတောင်းပါဘူး ၃ ခုလောက်ပါပဲ။
အချစ်ဆိုတာ ....... တကယ်ကို လေးနက်ပါတယ်
အမုန်းဆိုတာ ....... မရှိလေ ကောင်းလေပဲ
အလွမ်းဆိုတာ ....... အလေးအနက်ထားခဲ့မှု အတိုင်းအတာကို ဖော်ပြတဲ့ ဖော်ကောင်ပေါ့။ ( မီးတို့ကတော့ ဘိုးဘိုးလိုမဟုတ် မအားလည်း လွမ်းမှာပဲ.. ဟဲဟဲ)
သံယောဇဉ်ဆိုတာ ....... ကိုယ်မသိအောင် ကိုယ့်ကို ချည်နှောင်လိုက်တဲ့ကြိုး။
ဘဝဆိုတာ ....... စိန်ခေါ်မှုတွေ နဲ့ စိတ်ကို နိုးကြား၊လှုပ်ရှားနေစေတဲ့နေရာ
သူငယ်ချင်းဆိုတာ ....... အေးအတူ၊ ပူအမျှ တဲ့
ချစ်သူဆိုတာ ....... ကိုယ်လမ်းပျောက်နေရင် သူလမ်းပြမယ်၊ သူလဲကျရင် ကိုယ်တွဲကူမယ်။
ကိုယ့်ကိုယ်ကို ဒီလိုထင်တယ် ....... နည်းနည်းပေါကြောင်ကြောင်နိုင်ပေမယ့် မဆိုးပါဘူး :D
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က ....... ဆို.. ခဲ စေ၊ မြဲ စေ ။
အပြောချင်ဆုံးစကားတစ်ခွန်း ....... ပြောပြဘူး.. လျှို့ဝှက်ချက်လေ...

ကဲကဲ ဘယ်သူ့ကိုပြန်“တက်”ရရင်ကောင်းမလဲ..??
လာထား.. ကြယ်စင်သစ်(ဝေသန်သရာ)ရေ၊ ရေးပေအုံးတော့ ....

ကြယ်စင်သစ်ရဲ့စာမျက်နှာ