တတိယရှု့ထောင့်



အာရုံတွေမှာ တိတ်ဆိတ်
ကိုယ့်စဉ်းစားသံ ကိုယ်ပြန်ကြားနေရတယ်
......အတွေးထဲမှာတော့......
လေပြေအေးလေး တိုက်ခတ်နေလေရဲ့
အင်းးးး.........
ဒါ တစ်စုံတစ်ရာရဲ့ အဆုံး
(သို့)
တစ်စုံတစ်ခု ရဲ့ အစ ဖြစ်မယ်ထင်ရဲ့

ငြိမ်သက်နေတဲ့ မျက်ဝန်းတွေနဲ့
ငါ့အတွေးကို ငါလှည့်ကြည့်မိတယ်

အချစ်ဆိုတာ ချော်လဲရောထိုင်ကစားနည်း တစ်မျိုးဆိုရင်
စည်းဝိုင်းအပြင်မှာပဲ ငါနေမယ်....

အသွင်မတူခြင်းနဲ့ အမြင်မတူခြင်းကြောင့်
ငါကိုယ်တိုင် ထိလွယ်ရှလွယ် တတ်ခဲ့...

အနမ်းတွေမှာ မာယာခြယ်သထားရင်
အလွမ်းစာမျက်နှာကိုပဲ
ငါ ရွေးဖတ်ပါ့မယ်......

အချစ် နဲ့ သံယောဇဉ်
လွန်ဆွဲလေတော့
တွေဝေခြင်းမှာ ငါ ရပ်တန့်နေမိခဲ့တယ်
လောကကြီးရယ်
ငါ့ကိုယ်ငါပဲ ပစ်ပယ်လိုက်ပါရစေ.....

ခံစားချက်ဘက် ငဲ့ကြည့်မိတော့
နာကျဉ်မှုရဲ့အဆုံးမှာ
အေးစက်သွားခြင်းဆိုတာ
မင်းသိစေဖို့ ငါ့မှာ စကားလုံးမရှိဘူး...

စိတ်ခံစားမှုတွေ မာကျောတောင့်တင်းခဲ့ရတော့
ပြောဖို့စကားတွေ ဆွံ့အလို့....
ငါဆိုတာ ......မလိုအပ်တော့ဘူးလို့ သိလိုက်ချိန်
သွေးအေးစွာပဲ နှုတ်ဆိတ်ခဲ့တယ် ..

"ပြိုလဲခြင်း" ဆိုတဲ့ စကားလုံး
ဖျက်သိမ်းလိုက်ရုံနဲ့
တည်ဆောက်ထားတာတွေ
ခိုင်မြဲတိုင်း ခိုင်မြဲနေပါ့မလား
................
တို့အိမ်မက်တွေ တည်တံ့ဖို့က
တို့နဲ့ပဲ ဆိုင်ခဲ့တာလေ

မျှော်လင့်ချက် ရဲ့ အနက်ကိုတိုင်းကြည့်မိတော့
စောင့်စားခြင်းက ငါ့ကို ဆီးကြိုတယ်
......... ..... ......
ယုံကြည်ချက်တွေကတော့
အိပ်မက်တွေနဲ့အတူ ...
.... စီးမျောနေတုန်း ... ....

...........။။။။ ။။။ ။။။။ ..............

ဘာအဓိပ္ပါယ်လဲ လို့တော့မမေးနဲ့နော် ကိုယ့်ဘာသာကိုယ်လည်း ဘာရေးမှန်းကိုမသိဘူး .... ။

လွမ်းလို့








ရင်ဘတ်ထဲ
လေးလံလာလို့
စိတ်ကိုခဏ
ထွက်ပေါက်
ပေးလိုက်တော့......
အလွမ်းတွေ
မင်းဆီ
ဒုန်းစိုင်းစီးဆင်း
သွားလိုက်တာ.....
ငါ့ စိတ်အာရုံတွေ
အားလုံး
.......................
မင်းပုံရိပ်တွေနဲ့
ပြည့်နှက်
သွားတော့တယ်။ ။

သူတို့ ၁၀ ယောက်ပေါ့လို့ ....။

အဒူတွေကို တွေ့ချင်လဲတဲ့ ချစ်မက်နဲ့ ချစ်မ မီးလေးဇာ က မေးထားတယ်...။ တွေ့ချင်တဲ့သူတွေကတော့ အများကြီးပေါ့လို့.....။ အာကာသကို ပထမဆုံး သွားခဲ့တဲ့ ယူရီ ဂါဂါရင်လည်း တွေ့ချင်တာပဲ ..၊ ဆိုင်ကယ်ဘုရင် ဗလန်တီနို ရော့စီ လည်းတွေ့ချင်တာပဲ ...။ westlife အဖွဲ့က ခပ်ချောချောလေးတွေလည်း တွေ့ချင်သေးရဲ့။

သို့သော် သို့သော်... ၁၀ ယောက်လို့ ကန့်သက်ထားတော့ သူတို့က အလိုလို အနောက်ရောက်သွားတာ မတက်နိုင်ဘူး ဟီးဟီး ...။ သူတို့က ချစ်အစ်ကို၊ ချစ်အစ်မ၊ ချစ်သယ်ရင်း တွေလောက်မှ အရေးမကြီးတာ နော့..။ ( ဖားတာ ... :P )

(၁) ချစ်မက်မက် နှာတံချွန်ချွန်လေးနဲ့ ချစ်မက်ကို အရမ်းကြီးကိုတွေ့ချင်နေတာ၊ သူကလေ ချောချောလေးရှာပေးမယ်လို့လဲ ပြောသေးတယ်။ အားကိုးလိုက်တော့မယ် ချစ်မက်ကို ဟိဟိဟိ။

(၂) ချစ်မ မီးလေးဇာ နာမည်ချင်းရော ခံစားချက်ချင်းပါ တော်တော်လေး ဆင်တူတဲ့ ချစ်မ မီးလေးဇာကိုလည်း သိပ်တွေ့ချင်ပါတယ်။

(၃) ကိုရှင်ရဲထွတ် အွန်လိုင်းမှာတွေ့ရင် တစ်ခါတွေ့ တစ်မျိုးချက်ကျွေးတဲ့(ပိုက်ပိုက်မကုန်လို့ ထင်ပါတယ် ဟဲဟဲ) ကိုကြီးရှင်ရဲထွတ် ကိုလည်းတွေ့ချင်ပါတယ်...။

(၄) ကိုအိကု (ကိုအရုပ်ကလေး) သဉ္ဇာလုပ်လိုက်လို့ အလိုလိုနေရင် အိကု ဆိုတဲ့ နာမည်ရသွားတဲ့ ၊ ကဗျာတွေ အရေးကောင်းတဲ့ အစ်ကိုကိုလည်း တွေ့ချင်တယ်....။

(၅) တားတားပန်းဂျကား (ပန်းစကား) စာအုပ်တွေ ဖတ်၊ သီချင်းတွေ နားထောင် တဲ့ တားတားပန်းဂျကားကိုလည်း တွေ့ချင်တယ်...။ သူက စိတ်ကြီးတယ်၊ စိတ်တိုလာရင် သူ့လက်ကိုတောင် သူကိုယ်တိုင် ပိုက်ဂိုက် နဲ့ ညှပ်တာ ဟိဟိ ၊ ဂစ်တာတီးတာလည်း တော်တယ်ဆိုပဲ တွေ့မှ ဟုတ်မဟုတ် ကြည့်ရမယ် .....။

(၆) ကိုလတ်( မိုးသွေးငယ် ) ကိုလည်းတွေ့ချင်တယ်...။ ညီမတွေနဲ့တန်းတူ နှောင့်ယှက်သမျှ သည်းခံတက်တဲ့ ကိုလတ် ကိုလည်း တွေ့ချင်တယ်။ သူ့ကိုတွေ့လိုက်ရင် နာမည်နဲ့လိုက်အောင် အမြဲမိုးရွာနေတာ ....။ ခုလောက်ဆို သူ့ခုတင်တောင် ရေနဲ့ မျောသွားပြီလားမသိဘူး...။

(၇) မိငွန် (ငွန်ငယ်) သူက ဘော်ဒီဂတ် လုပ်ပေးမယ်တဲ့ ခုတော့ အပြည့်အဝ ကာကွယ်နိုင်အောင်တဲ့ တောင်ကြားမှာ သိုင်းသွားကျင့်နေလေရဲ့ ။ အရမ်းအားကိုးရတဲ့ ချစ်သယ်ရင်း ငွန်ငယ့်ကိုလည်း သိပ်တွေ့ချင်တာပဲ ....။

(ဂ) ချောင်ခစ် (ခေါင်ခေါင်) ဘာဘာညာညာ အသာထား ဟဲ့ ငါ ကွိုင်နေပြီလို့ ပြောလိုက်တာနဲ့ ဝင်ပြီး ဘုတော ရန်ဖြစ်ပေးတဲ့၊ ဟာသ မျိုးစုံပြောတတ်တဲ့ သယ်ရင်းကိုလည်း တွေ့ချင်တာပေါ့...။

(၉) ဘိုးဘိုး ( သက်တန့် ) ဘိုးဘိုးရေ လို့ခေါ်လိုက်တာနဲ့ တင်ချာအတွက် မောင်တစ်ယောက်လို့ ( တစ်ကယ်ရှိမရှိမသိသော )မောင်တစ်ယောက်ကို စေတနာ ပါပါနဲ့ပေးတတ်တဲ့ ဘိုးဘိုး ကိုလည်းတွေ့ချင်ပါ့...။ ခုတော့ သူက ဂျားကစ် စားဖူးသလီး သွားလုပ်နေလေရဲ့ ဟီးဟီး ....။

(၁၀) ဝေလေး မပြောမဆိုနဲ့ ပျောက်သွားတယ်၊ နောက်မှ ပြန်ပေါ်လာပြီး နောက်ဆို ဒီလိုလုပ်တော့ပါဘူးလို့ ပြောတဲ့ ဝေလေး ကိုလည်း သိပ်တွေ့ချင်ပါတယ်လို့....။

ကဲ ခုချိန်ကစပြီး နာမည်စာရင်းတွင် ပါဝင်သူများသည် အနှောင့်အယှက်ပေးမည့် ဂြိုဟ်သမီးလေးကို ကြောက်ပါက ကြိုတင် ပုန်းရှောင်နိုင်ပါကြောင်း။ ပုန်းနေသည်ဟု သိရှိပါက၊ ပုန်းသူများကိုလည်း မရရအောင် ရှာမည်ဖြစ်ပါကြောင်း၊ ကြိုတင် သတိပေးအပ်ပါသည်။

...............................................။ ။....................................................

ဝမ်းတစ်ထွာ ....

ဘဝတွေ၊ ဘဝတွေ မျိုးစုံပါပဲ....။



လောကကြီးမှာ ဒါမျိုးတွေ တွေ့ရတော့လည်း ကိုယ်ကံကောင်းနေတယ်ဆိုတာ ငြင်းမရဘူးနော်..။
ကိုယ်မကြိုက်တဲ့ဟင်း ချက်တာနဲ့ ကြုံတဲ့နေ့တွေမှာ ဒီဇာတ်လမ်းတိုလေးကို ပြန်မြင်ပြီး ဆင်ခြင်ရတော့မယ်....။

ခွင့်လွှတ်ပါနော်....

ဒီစာက ထွေထွေထူးထူးတော့မဟုတ်ပါဘူး၊ မထူးဘူးဆိုပေမယ့်
မထူးတာလည်းမဟုတ်ပါဘူး ထူးလည်းထူးပါတယ် ဟဲဟဲ
ဒီလိုစကားပလ္လင်ခံနေတာ အပြစ်ရှိသူတွေ အပြစ်ဝန်ခံခါနီးရင်
လုပ်နေကျ အကျင့်လေ ဟီးဟီး…..။

ခုလို မြန်မာနှစ်ဆန်း ၁ ရက်နေ့၊နှစ်သစ်စတဲ့နေ့လေးမှာ မိဘ နဲ့သက်ကြီးသူတွေကို ကန်တော့ကြတာ အစဉ်အလာတစ်ခုပဲလေ။ သဉ္ဇာ့ အဖေနဲ့အမေက တူတူရှိနေတဲ့အတွက် ကန်တော့ခွင့်ရပါတယ်။ ဒါလည်းကံကောင်းခြင်းတစ်မျိုးပေါ့။ အဲဒီလိုပဲ ဖြတ်သန်းလာခဲ့တဲ့ ရက်တွေ လတွေအတွင်း သဉ္ဇာ့ရဲ့ ဘလော့ဂါ အကိုတော် အမတော်တွေကို သတိမထားမိပဲ၊ မရည်ရွယ်ပါပဲ စော်ကားမိသလို ဖြစ်သွားတာတွေ ရှိခဲ့ပါက အဲဒါတွေအတွက် ခွင့်လွှတ်ပေးကြပါလို့ မျက်နှာလေးကို ဇီးရွက်လောက်ထားပြီး
ဝန်ချတောင်းပန်ပါတယ်လို့…။

ကိုကြီးအိမ်၊ မမဝါ တို့ရဲ့ စီဗုံးမှာလည်း ကြုံရင် ကြုံသလို ဝင်ပြီး အော်ချင်ရာ အော်ခဲ့တာတွေ၊
တားတား(vanko)၊ ကိုအိကု(Idulize)၊ ကိုရှင်ရဲထွတ်၊ ကိုလတ်(ကိုမိုးသွေးငယ်)၊မက်မက်၊ မမမီးလေးဇာ တို့ကိုလည်း ဂျီတော့ခ်မှာ စိတ်မညစ် ညစ်အောင် ဒုက္ခပေါင်းစုံပေးခဲ့တာတွေ၊ ဘိုးဘိုး(သက်တံ့) ကိုလည်း ကြုံရင်ကြုံသလို လှမ်းစခဲ့တာ၊ နောက်... ငွန်ငယ်နဲ့ခေါင်ခေါင် (သူတို့က သဉ္ဇာနဲ့ရွယ်တူတွေဆိုပေမယ့် သူတို့ကိုထည့်မကန်တော့ရင် လည်ပင်းဝိုင်းညှစ်မှာစိုးလို့ .. ကြောက်နေရတယ်…) နောက်ပြီးတော့ ကျန်ရှိနေသေးတဲ့ သူငယ်ချင်းတွေ အားလုံးလည်း ပြောမှားဆိုမှားရှိရင်ခွင့်လွှတ်ကြပါလို့ သနားကမား မျက်နှာပေးလေးနဲ့ ဝန်ချ တောင်းပန်အပ်ပါတယ်နော်.. . ခွင့်လွှတ်ကြပါ ဒီမလိမ်မိုးမလိမ္မာလေးကို..နော် နော်.။

အကန်တော့ခံပြီးရင်လည်း မုန့်ဖိုးလေးတွေ ပေးကြပေါ့နော် ဟီးဟီး………။ (ပြောပုံကိုက ခွင့်လွှတ်ခြင်စရာမရှိဘူးနော်... ) :P :P

Hope ....














အခုတစ်လော စိတ်တွေက ရှုပ်နေတာ... ဘယ်အရာကိုမှ စိတ်မဝင်စားဘူး... လေချင်တိုင်းကိုလေ နေတာ..။
ဘာကိုမှလည်း စိတ်တိုင်းမကျ ၊ ကိုယ့်ကိုယ်ကိုလည်း ကြည့်မရ နဲ့ တစ်ယောက်တည်း ဖြစ်ချင်တိုင်းဖြစ်နေတာ။
ဘလော့ဂ် ကိုလည်းပစ်ထားတာ လုံးဝကိုလှည့်မကြည့်ဖြစ်ဘူး..။ တစ်နေ့ မေးလ်ကနေ ဒီစာလေး ရောက်လာတယ်...။
စာလေးတွေဖတ်ပြီး စိတ်ထဲမှာ တစ်ခုခု ရလိုက်တယ်လို့ ခံစားရလို့ သူငယ်ချင်းတွေအတွက် မျှဝေပေးလိုက်ပါတယ်..။
မက်မက်စကားကိုငှားသုံးရမယ်ဆိုရင်တော့ ဆားချက် လိုက်တာပေါ့နော်.... :P :P
သူငယ်ချင်းတွေ နှစ်သစ်မှာ မျှော်လင့်ချက်သစ်တွေနဲ့ ပျော်ရွှင်စွာ ခရီးဆက်နိုင်ကြပါစေ...။

နှင်းဆီစီးကြောင်း




တအုံနွေးနွေးနဲ့
ညာဘက်ရင်ဘတ်နဲ့ ကပ်လျှက်အခန်းမှာ
မွှေးခဲ့တဲ့မီးက ခုထိလောက်ကျွမ်းနေတုန်းပဲ
ငါ စိုက်ခဲ့တဲ့ နှင်းဆီပင်မှာ
ဖွင့်မပြောဖြစ်တဲ့ စကားတွေ
ပွင့်ခဲ့တယ်........။။


ဒါ ငါသိပ်ကြိုက်မိတဲ့ကဗျာစာသားလေးတစ်ခု..

ငါ့စိတ်ကူးတစ်ခု
ရူးရူးမူးမူး နဲ့ပဲ
နှင်းဆီပင်တွေ ငါ စိုက်ပျိုးခဲ့တယ်..
ငါ့မျှော်လင့်ခြင်းတွေကို ထည့်သွင်း
ဒီအပင်လေးတွေဟာ ငါ့ဘဝ ပေါ့

ခုတော့ ဝမ်းနည်းစရာပဲ
ငါမရှိတဲ့ အချိန်လေးအတွင်း
ငါ စိုက်ခဲ့တဲ့ နှင်းဆီပင်တွေ
သေကုန်ပြီတဲ့..
ဒါဆို ငါ့ဘဝ ကကော....

နှင်းဆီဆူးတွေ ငါ့ကို ရစ်ပတ်
ငါ့အတွေးတွေက ငါ့ကိုပြန်သတ်ပြီ
ဘယ်အရာကိုမှ မတောင့်တချင်တော့ဘူး..
"အရုပ်ကြိုးပြတ်" ဆိုတာ ဒါမျိုးကိုခေါ်တာလား

ဒီလိုပဲ ငါ့စိတ်ကူးနဲ့
ငါ့ရဲ့မျှော်လင့်ခြင်းတွေဟာလည်း
ဟိုနားတစ်စ..
ဒီနားတစ်စ....... ။ ။