အလွမ်းသင့် ဒီဇင်ဘာ...

အလွမ်းတွေထဲ နေရတာ
ငါ ရင့်ကျက်သွားပြီတဲ့လား...
ခုထိမျက်ရည်ကျတုန်း....
ငါ နာကျင်မနေပါဘူး
ဒဏ်ရာကသာ သေရာပါသွားမှာ...။

ငါ မလွမ်းတော့ဘူးတဲ့
စိတ်ဝိဥာဉ်ကတော့
အိပ်မက်ထဲ နစ်နေတုန်း....
ငါ အိပ်ပျော်မနေပါဘူး
နှလုံးသားတစ်ခုပဲ ပြန်နိုးထမလာတော့တာ...။

ခု ဒီဇင်ဘာလမ်းတွေထဲ
ငါပြုံးပြီး လျှောက်နေလည်း..
အတိတ် ဒီဇင်ဘာ တစ်ခုကတော့
ငါ့ ရင်ဘတ်ထဲ ခိုဝင်လိုက်ပါဆဲ....။

လှတယ်....
ငါ မက်မောတဲ့ အတိတ်တစ်ခုနဲ့
ငါ မကုစားတော့တဲ့ အလွမ်းတစ်ခု
မင်းတို့နဲ့အတူ ဒီဆောင်းနှင်းတွေထဲ
လျှောက်လှမ်းရတဲ့ ငါ့ခံစားချက်တွေ
လှတယ်.....

ဒီလူက
အလွမ်းသင့်တဲ့ ရင်ခွင်နဲ့မို့
ဒီဇင်ဘာရေ...
မင်း အရမ်း လှ နေတယ်....။

6 ယောက်အားပေးခဲ့တယ်:

ဖတ်ရတာတော့ မလှပါဘူး.. လွမ်းစရာပဲကောင်းတယ်... ၀လုံးရေ.. ဒီဇင်ဘာမကုန်သရွေ့တော့ ဒီလိုပဲ ဆက်လွမ်းကြတာပေါ့ ဟာ...

 

တော်လိုက်တာ..စာမေးပွဲတစ်ဖက်နဲ့ ရေးချက်ကတော့ ဂွတ်နော့..ရော့ မောနေဘီ
ကော်ကော် သောက်။ပီရင် စာကျက်။ဟိဟိ
ဆရာလုပ်ကြည့်တာ။အကြာကြီးလွှမ်းနေရမှာပေါ့နော့

 

ကဗျာလေးကိုခံစားဖတ်ရှုသွားပါတယ်ဗျာ

 

ကဗျာလေးကောင်းတယ် ညီမရေ.. အလွမ်းသင့်နေတဲ့ ဒီဇင်ဘာနေ့ရက်တွေထဲမှာ အတိတ်တွေ ပြန်နိုးထလာတတ်တယ်နော်…

 

ကဗျာလေးကတော့..ဂွတ်... နေတာပဲ...ဖတ်ရင်းနဲ့ လွမ်းနေပြီ...

 

ညီမလေးရေတို့နှစ်ယောက်ကတော့ခံစားချက်လေးတွေ တော်တော်လေးတူတယ်နော် အားပေးပါတယ်ညီမရေ